Thursday, January 09, 2020

မြန်မာလေဆိပ် သုံးခု ဂျပန် ရေဒါ အသစ်တွေ တပ်မည်

Image may contain: 4 people, people standing and indoor
နာမည်ကျော် NEC ဂျပန် ဆက်သွယ်ရေးနည်းပညာနဲ့ အီလက်ထရွန်းနစ် ကုမ္ပဏီက မြန်မာနိုင်ငံတကာ လေဆိပ် သုံးခုမှာ လေကြောင်းထိန်းသိမ်းရေးအတွက် ရေဒါထောက်လှမ်းရေးစနစ်တွေ တပ်ဆင်ဖို့ မြန်မာလေကြောင်းပို့ဆောင်ရေး ဦးစီးဌာနနဲ့ ကံထရိုက်စာချုပ်တစ်ခု မနေ့က ချုပ်ဆိုလိုက်ပါတယ်။

အဲဒီစာချုပ်အရ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး နိုင်ငံတကာ လေဆိပ်တွေမှာ အမေရိကန် ဒေါ်လာ သန်း ၂ဝ ကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ တပ်ဆင်မှာ ဖြစ်ပါတယ်။ အဲဒီလေဆိပ် သုံးခုကို ဝင်ထွက်တဲ့ ခရီးသည်အရေအတွက်ဟာ ၂ဝ၁၃ မှာ ခြောက်သန်းခွဲပဲ ရှိခဲ့ရာကနေ ၂ဝ၁၇ ခုနှစ်မှာ ခုနှစ်သန်း နှစ်သိန်းကျော်အထိ တိုးတက်ခဲ့သလို လက်ခံရတဲ့ ကုန်ပစ္စည်းပမာဏကလည်း တန်ချိန် နှစ်သောင်းခွဲကနေ ငါးသောင်းခွဲအထိ များပြားလာခဲ့ပါတယ်။ တပြိုင်နက်မှာ ဒီလေဆိပ်တွေက လက်ရှိ လေကြောင်းထိန်းသိမ်းရေးစနစ်နဲ့ ရေဒါပစ္စည်းတွေကလည်း ခေတ်မမီတော့တဲ့အတွက် လုံခြုံစိတ်ချရမှု စိုးရိမ်နေရပြီလို့ ဆိုပါတယ်။
အခုသဘောတူညီချက်အရ NEC ဟာ လေဆိပ်နဲ့ လေယာဉ်ပျံတွေရဲ့ အကွာအဝေးနဲ့ ခရီးစဉ် အသေးစိတ် ထောက်လှမ်းသိရှိနိုင်မယ့် ရေဒါစနစ်တွေကို အဲဒီ လေဆိပ် သုံးခုမှာ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ မကုန်ခင် အပြီးတပ်ဆင်ရမှာ ဖြစ်ပါတယ်။
RFA
Unicode
မြန်မာလေဆိပ် သုံးခု ဂျပန် ရေဒါ အသစ်တွေ တပ်မည်
~~~~~~~~~~

- Zawgyi
~~~~~~~~~~~~~
Photo: AFP
(ရန်ုကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂ဝ၁၈ မေ ၈ ရက်နေ့က တွေ့ရစဉ်)

No comments:

Post a Comment

My Blog List