Friday, January 10, 2020

ဟွန်ဒူးရပ်စ်မှာ အီရန်နိုင်ငံသား ၄ ဦးကို အာဏာပိုင်တွေဖမ်းဆီး

Image may contain: one or more peopleImage may contain: 5 people, people standing and indoor
ဟွန်ဒူးရပ်စ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ အီရန်နိုင်ငံသား ၄ ဦးကို အာဏာပိုင်တွေက အခုလ (၈)ရက်က ဖမ်းဆီးလိုက်ပါတယ်။

ဒေသခံတွေရဲ့သတင်းပေးချက်အရ သူတို့ဟာ ဟွန်းဒူးရပ်စ်နိုင်ငံကို ဖြတ်ပြီး အမေရိကန်နိုင်ငံကို သွားဖို့ ယူဆရတယ်လို့ ဆိုပါတယ်။ အခုလို ဖမ်းဆီးလိုက်တာဟာ အမေရိ ကန်နဲ့ အီရန်နှစ်နိုင်ငံ အကြား တင်းမာနေတဲ့ကာလလည်း ဖြစ်နေပါတယ်။
လောလောဆယ်မှာ အီရန်ုနိုင်ငံသား ၄ ဦး အပြင် ယီမင်နိုင်ငံသား(၂)ဦးနဲ့ ဆိုမာလီ (၁)ဦးတို့ကိုလည်း ဟွန်ဒူးရပ်စ်တောင်ပိုင်းက ချိုလူတီဂါမြို့ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ ။
ဒီကိစ္စကို ဟွန်ဒူးရပ်စ် သမ္မတ ဟာနန်ဒက်ဇ်က အမေရိကန် အမိမြေလုံခြုံရေးယာယီဝန်ကြီး Chad Wolfတို့ သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပြီး၊ ဖမ်းဆီးထားတဲ့ သူတို့ကို နက်နက်ရှိူင်းရှိူင်း စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဒီကနေ မြို့တော် တက်ဂူဆီလ်ဂါလ်ပါ ကို ခေါ်ဆောင်သွားမယ်လို့ ဟာနန်ဒက်ဇ်က သတင်းထောက်တွေကို ပြောပါတယ်။
Source: Reuters

No comments:

Post a Comment

My Blog List