Thursday, January 09, 2020

အီရန်၏ တိုက်ခိုက်မှုအတွက် စီးပွားရေးပိတ်ဆို့မှု အသစ်များ အမေရိကန်က ထပ်မံချမှတ်၊ သမ္မတထရမ့်၏မိန့်ခွန်းအရ နှစ်နိုင်ငံ စစ်ပွဲ ဖြစ်ပွားမည့် အလားအလာ နည်းပါး လျော့ကျသွားပြီ

Image may contain: 6 people, people standing and suitImage may contain: stripes
အီရန်နိုင်ငံက အမေရိကန်စစ်အခြေစိုက်စခန်း ၂ ခုကို တိုက်ခိုက်မှုအပြီး အမေရိကန်သမ္မတ ထရမ့်က နိုင်ငံတော်သို့ ၁၀ မိနစ်ကြာ မိန့်ခွန်းပြောဆိုပြီး ယင်းမိန့်ခွန်းအဆုံးသတ်တွင် အီရန်ပြည်သူများနှင့်ခေါင်းဆောင်များကို အနာဂတ်ကောင်းများရှိစေချင်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ငြိမ်းချမ်းရေးလိုလားသူများအားလုံးနှင့်ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောဆိုသည်။

"ကျနော်တို့အနေနဲ့ အီရန်ပြည်သူတွေ၊ အီရန်ခေါင်းဆောင်တွေကိုထိုက်တန်တဲ့ အနာဂတ်ကောင်းရှိစေချင်ပါတယ်။ ကြွယ်ဝချမ်းသာပြီး ကမ္ဘာ့နိုင်ငံအားလုံးနဲ့ လိုက်လျှောညီထွေ ဖြစ်စေချင်ပါတယ်။ ဒီလို ငြိမ်းချမ်းရေးလိုလားတယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ" ဟု အမေရိကန်သမ္မတ ထရမ့်က ပြောဆိုသည်။
အီရန်က အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်မှုအတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် စီးပွားရေးပိတ်ဆို့မှုအသစ်ထပ်မံချမှတ်လိုက်ပြီး ယင်းပြင်းထန်သော ပိတ်ဆို့မှုများသည် အီရန်အနေဖြင့် ပြောင်းလဲမှု တစ်စုံတစ်ရာ မလုပ်ဆောင်သမျှ ကာလပတ်လုံး ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းအီရန်၏ အမေရိကန် စစ်စခန်းများကို တိုက်ခိုက်မှုတွင် အမေရိကန်တစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ အနည်းငယ်သော ပျက်စီးမှု တချို့ရှိခဲ့ကြောင်း ၊ အီရန်နိုင်ငံအနေဖြင့်လည်း လျှော့သွားသည့်အခြေအနေရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာပေါ်တွင် ရေနံနှင့်သဘာဝဓာတ်ငေွ့ ထုတ်လုပ်နိုင်သော နံပါတ်တစ်နိုင်ငံဖြစ်ပြီး စွမ်းအင်လုံလုံလောက်လောက် ရှိကြောင်း၊ အရှေ့အလယ်ပိုင်း ရေနံကို မလိုအပ်ကြောင်း၊ အမေရိကန်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး စစ်ရေးပိုင်ဆိုင်ထားသော်လည်း စစ်မဖြစ်ပွားစေရန် ဟန့်တားရာတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သမ္မတထရမ့်က ပြောဆိုသည်။
အီရန်ဗိုလ်ချုပ်ကြီး Soleimani ကို အမေရိကန်က လုပ်ကြံသတ်ဖြတ်မှုနှင့်ပတ်သက်၍လည်း သမ္မတထရမ့်က ကာကွယ်ပြောဆိုသွားသည်။
နိုင်ငံတကာသတင်းဌာနများက သမ္မတထရမ့်၏ ၁၀ မိနစ်ကြာ နိုင်ငံတော်သို့ ပြောကြားသော မိန့်ခွန်းသည် အပြုသဘောဆောင်ပြီး အီရန်နှင့် အမေရိကန်အကြား စစ်ပွဲဖြစ်ပွားလာမည့် အလားအလာကို လျော့ကျ စေကြောင်း ၊ အမေရိကန်အနေဖြင့် အီရန်၏ တိုက်ခိုက်မှုအတွက် စစ်ရေးအရ တုံ့ပြန်ရန် မရှိဟု သုံးသပ်နေကြသည်။

No comments:

Post a Comment

My Blog List