Showing posts with label ကာတွန်း. Show all posts
Showing posts with label ကာတွန်း. Show all posts

Thursday, August 02, 2012

ဦးသိမ်းစိန်အတွက် တကွက်ကာတွန်း



ကာတွန်း - ဘီရုမာ
သမ္မတကြီးဖြစ်လာပြီဆိုတော့ ဦးသိမ်းစိန်တယောက် အချိန် ဆင်းရဲမှာပဲ။
သို့သော် .... ဒီတကွက်ကာတွန်းလေး ကြည့်ဖို့တော့ အချိန်ရှိမှာပါ။
ပရင့်အောက်ပြီး
ဦးသိမ်းစိန်ကို ပေးကြည့်လိုက်ကြပါအုံး။

Tuesday, July 31, 2012

Friday, July 27, 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ကာတွန်းပြပွဲ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည်ရဲ့ နှစ်တစ်ရာ ပြည့်မှာတည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက် ကာတွန်းဆရာများကွန်ယက်က ဦးစီးပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာရှိတဲ့ လောကနတ် ပန်းချီပြခန်းမှာ ကာတွန်းဆရာ ၆၀ ကျော်ရဲ့ လက်ရာတွေကို ဒီကနေ့ ပြသခဲ့ပါတယ်။ ကာတွန့်ကား တစ်ကား ကို အနည်းဆုံး ကျပ်ငွေ ၂၅၀၀၀ ကနေ အများဆုံး ကျပ်ငွေ ၃၀၀၀၀၀ အထိ ဈေးနှုန်းသက်မှတ်ရောင်းချ ခဲ့တာဖြစ်ပြီး ရောင်းချလို့ရတဲ့ ငွေအားလုံးကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒီပြပွဲမှာကာတွန်းဆရာများ ဖြစ်ကြတဲ့ ဦးရွှေဘိုနဲ့ ဦးအာယုတို့ရေးဆွဲထားတဲ့ ကာတွန်းကား ၂ ကားကိုတော့ စာပေစီစစ်ရေးက ပြပွဲမတိုင်မှီကတည်းက လာရောက်စစ်ဆေးပြီး ဖြုတ်သိမ်းသွားခဲ့တယ်လို့သိရပါတယ်။ ဒီကာတွန်းပြပွဲကို ဟံသာဝတီသတင်းစာဆရာကြီးဦးဝင်းတင် အပါအဝင် လူဦးရေ ၆၀ ကျော်တက်ရောက်လာတဲ့သလို ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့ ဇနီး ဒေါ်ခင်လေးနွယ်လည်း တက်ရောက်လာခဲ့ပါတယ်။

ကာတွန်းကွန်ရက်(မြန်မာနိုင်ငံ)ရဲ့ ဒုတိယအကြိမ် ကာတွန်းပြပွဲကို ဇူလိုင် ၂၆ ကနေ ဇူလိုင် ၂၉ ရက်အထိ ပန်းဆိုးတန်းက လောကနတ်ပန်းချီပြခန်းမှာ ပြုလုပ်နေတာမို့ သွားကြည့်ကြဖို့ တိုက်တွန်းပါတယ်။ ကာတွန်းဆရာ ၇၂ ဦးရဲ့ ကာတွန်းပေါင်း ၁၆၀ ကျော်ကို လွတ်လပ်စွာချိတ်ဆွဲပြသနေပါတယ်။ ကယ်ရီကေးချားရေးဆွဲပေးတဲ့ အစီအစဉ်လည်း ရှိပါတယ်။ ဒီပြပွဲက ရတဲ့ငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို တစ်ဝက်လှူဒါန်းမယ်လို့ သိရပါတယ်။

Wednesday, July 11, 2012

စားလို့ဝလို့ နားလိုက်တာ



မြန်မာနိုင်ငံက ရာထူးအပြောင်းအလဲဆိုတာ အလှည့်ကျ စားတဲ့ စနစ်တခုပဲ ဆိုတာ ပေါ်လွင်စေတဲ့ ကာတွန်း မျိုးကောင်းရဲ့ ထိရှတဲ့ ကာတွန်းပြကွက်တခုကို ဒီအချိန်နဲ့ သင့်တော်လို့ ဖော်ပြပေးလိုက်ပါတယ်။

ဒီလိုပါပဲ



ကာတွန်း - မျိုးကြီးwww.facebook.com/myo.gyi.9081

My Blog List