Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, November 14, 2019

အကောင့်တု သန်း ၅၀၀၀ ကျော် ဖေ့စ်ဘွတ်ခ် ဖျက်သိမ်း



ဖေ့စ်ဘွတ်ခ်က ဒီနှစ်ထဲမှာပဲ အကောင့်တု ၅ ဒသမ ၄ ဘီလီယံကို ဖျက်သိမ်းခဲ့တယ်လို့ အခုလ ၁၃ ရက်နေ့မှာ ထုတ်ပြန် ကြေညာပါတယ်။

Tuesday, April 08, 2014

တယ်လီနော မြန်မာ၏ မိုဘိုင်း ဗွီဒီယို နှင့် အသံဆက်သွယ်ခေါ်ယူခြင်း စမ်းသပ်အောင်မြင်မှုကြောင့် ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲ စတင်လာ

Tuesday, April 8, 2014
တယ်လီနောမြန်မာကုမ္ပဏီမှ ဆက်သွယ်ရေးအော်ပရေတာလုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုပြီး သုံးလအတွင်း ပထမဆုံးအကြိမ် အသံနှင့်ဗီဒီယိုခေါ်ဆိုနိုင်မှုကို စတင် မိတ်ဆက်ပြီး ၄င်းတို့ ကတိပေးထားသည့် ရှစ်လ ကာလအတွင်း ဆင်းကတ်များကို စတင်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပေးသည့် အခမ်းအနားကို တယ်လီနောမြန်မာကုမ္ပဏီ၏ Network အချက်အလက်များ ဌာနချုပ် ဒေတာ စင်တာတစ်ခုဖြစ်သည့် Core Network တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ တယ်လီနောသည် တစ်နိုင်ငံလုံးကွန်ရက်များ ချိတ်ဆက်ခြင်းလုပ်ငန်းကို ဟွာဝေး၊ အဲရစ်ဆင်နှင့် ဝိုင်ပရိုစ သည့် နိုင်ငံ တကာကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အော်ပရေတာအဖြစ် လက်မှတ်ထိုးပြီးချိန်မှ ငါးရက်တာအတွင်း ပြည်တွင်းသို့ ဆက်သွယ်ရေးနှင့် အချက်အလက် သိုလှောင်မှု စနစ်များ ပါဝင်သော ဒေတာစင်တာများကို သင်္ဘောတင်ကွန်တိန်နာများ အသွင်ဖြင့် ပြောင်းလဲဆန်းသစ်ကာ တင်သွင်းခဲ့ပြီး တယ်လီနောရုံးချုပ်နှင့် ၂၂ ကီလိုမီတာခန့်ဝေးသည့် မင်္ဂလာဒုံမြို့နယ် အတွင်း နေရာ ချတပ်ဆင်၍ တာဝါ တိုင်ဆောက်လုပ်ခြင်းများကို ဟွာဝေးနှင့် လက်တွဲဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာပီတာ ဖားဘတ်ခ်ျ က ပြောကြားသည်။

Thursday, April 03, 2014

HTC One M8

အသစ်ထွက်မဲ့ HTC One ဖုန်းနဲ့ပတ်သက်လို့ကတော့ အပေါက်ကြားဆုံး ထိပ်တန်းလျှို့ဝှက်ချက်လို့ နည်းပညာ blog တွေ တင်စားတာလည်း မှားတယ်လို့ မဆိုသာပါဘူး။ လွန်လေပြီးသော ကာလ အတန်ကြာက စလို့ ဒီဖုန်းနဲ့ ပတ်သက်လို့ ပုံတွေ ၊ သတင်းတွေ အတိအကျ ကြီးထွက်နေပြီး အခုမှ official ဖြစ်တာတဲ့ ဖုန်းပါ။ လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ HTC One ကိုတော့ M7 လို့ ခေါ်နိုင်ပြီး အခု အသစ်ထွက် လာတာကတော့ HTC One M8 ဖြစ်ပါတယ်။

Photo: HTC One M8

အသစ်ထွက်မဲ့ HTC One ဖုန်းနဲ့ပတ်သက်လို့ကတော့ အပေါက်ကြားဆုံး ထိပ်တန်းလျှို့ဝှက်ချက်လို့ နည်းပညာ blog တွေ တင်စားတာလည်း မှားတယ်လို့ မဆိုသာပါဘူး။ လွန်လေပြီးသော ကာလ အတန်ကြာက စလို့ ဒီဖုန်းနဲ့ ပတ်သက်လို့ ပုံတွေ ၊ သတင်းတွေ အတိအကျ ကြီးထွက်နေပြီး အခုမှ official ဖြစ်တာတဲ့ ဖုန်းပါ။ လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ HTC One ကိုတော့ M7 လို့ ခေါ်နိုင်ပြီး အခု အသစ်ထွက် လာတာကတော့ HTC One M8 ဖြစ်ပါတယ်။

သွင်ပြင်အားဖြင့်တော့ M8 က screen ၅ လက်မ ဖြစ်လာတယ်။ ဖုန်းရဲ့တည်ဆောက်ပုံမှာ ၉၀% အထိ အလူမီနီယံတွေကို အသုံးပြုထားတယ်။ လှပတဲ့ ကိုယ်ထည်ကို ပိုင်ဆိုင်ထားတဲ့ ဖုန်းလို့ ပြောလို့ ရပါတယ်။ အတိအလင်းကြီး ကွဲထွက်သွားတာကတော့ dual camera ပါ။ ဖုန်းရဲ့ နောက်မှာ ရှိတဲ့ dual camera က ထူးခြားနေတာပါ။ လုပ်ဆောင်နိုင်ပုံကတော့ ဓာတ်ပုံ ရိုက်တဲ့ အခါ ရိုက်ကူးမဲ့ subject ရဲ့ အကွာအဝေးကို လိုက်ပြီး ချိန်ညှိပေးနိုင်တဲ့ လုပ်ဆောင်ချက်လုပ်နိုင်တယ်။ ဥပမာ ရှုမျှော်ခင်း ကို ရိုက်တဲ့အခါ အနီးမှာ ရှိတဲ့ တိုက်က အရိပ်ထဲကျနေတယ် ၊ အဝေးကတိုက်က အလင်းထဲ ရှိတယ်။ ဒါဆိုရင် ကိုယ်က ဘယ်တိုက်ကို subject ထားချင်တာလဲ။ ထားချင်တဲ့ subject ပေါ်မူတည်ပြီး ကင်မရာရဲ့ လိုအပ်တဲ့ ချိန်ဆမှုတွေ ကို လုပ်ပေး နိုင်မှာပါ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ရိုက်ပြီးတဲ့ ဓာတ်ပုံကို ပြီးမှာ foucs ပြောင်းချင်တာ ၊ depth of field သတ်မှတ်ချင်တာ မျိုး လုပ်နိုင်ပါသေးတယ်။ ရှေ့တစ်ယောက် ၊ နောက်တစ်ယောက် ထိုင်နေတဲ့ ပုံမျိုးမှာ ရိုက်ပြီးတော့မှာ အရှေ့က လူမျက်နှာကို အကြည်ထားပြီး နောက်ကလူကို အဝါးထားမလား၊ ဒါမှ မဟုတ် နောက်ကို အကြည်ထားမလား ၊ ဒီလိုမှ မဟုတ်ဘူး သူတို့ ရဲ့နောက် ဟိုး နံရံမှာ ဖြစ်နေတာကမှ ပိုစိတ်ဝင်စားဖို့ကောင်းလား ၊ ဒါဆိုရင် အားလုံးကို ဝါးပြီး နောက်က နံရံကိုပဲ focus ဖြတ်တာမျိုးကို လုပ်နိုင် မှာပါ။ M8 ဖုန်း တစ်ခုလုံးရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အစိတ်အပိုင်းကို ပြောပါဆိုရင် ကျွန်တော် အတွက် အဲဒီ ကင်မရာကိုပဲ ပြမိမှာပါ။ အစကတည်းက mobile photography ကို ဝါသနာထုံတာမို့ ၊ ဒီ ကင်မရာ တစ်ခုတည်းနဲ့ပဲ နောက်ဖုန်းလဲရင် M8 လဲရင်ကောင်းမလား စဉ်းစး စရာ ဖြစ်နေတာပါ။

အခြားသော M8 ရဲ့ အချက်တွေကတော့ HTC BoomSound နည်းပညာနဲ့ အရှေ့ဖက်ကို လှည့်ထားတဲ့ speaker တစ်စုံလည်း ကောင်းချက်တစ်ခုမှာ ပါပါတယ်။ ရုပ်ရှင် ၊ သီချင်း ၊ YouTube စတာတွေ အတွက် လောလောဆယ် အကျယ်ဆုံး အသံထုတ်ပေးနိုင်တဲ့ ဖုန်းလို့ ပြောလို့ ရမယ်လို့တော့ review တစ်ခုမှာ ဖတ် ရပါတယ်။ 2.3 GHz Snapdragon 801 quad-core processor ကြောင့် mobile gaming အတွက်လည်း အထစ်အငေါ့မရှိ ကောင်းမွန်မဲ့ ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ 16 GB, 32 GB ရွေးချယ်နိုင်ပြီး micro SD နဲ့ ဆိုရင် 128 GB အထိ လက်ခံပါတယ်။ Drop Box ကို အသာအယာဖြုတ်ချထားပြီး Google Drive မှာ 50 GB ၂ နှစ် အခမဲ့ ပေးလိုက်ပါတယ်။ ဘက်ထရီ က 2,600mAh ဖြစ်လာပြီး အသစ်ထည့်သွင်းထားတဲ့ Extreme power saving mode ကိုသာ on ထားမယ် ဆိုရင် standby time, ရက် ၄၀ ရမယ်လို့ ရဲရဲဝံ့ဝံ့ အာမခံထားပါသေးတယ်။ screen ကတော့ 1820×1920 HD resolution ကို wide viewing angle ရမယ်လို့ ဆိုပါတယ်။

အရောင်တွေကတော့ ရွှေရောင် ဆိုမှ ရွှေရောင်ဆိုတဲ့ ခေတ်မို့ ၊ ရွှေရောင် M8 ဝယ်လို့ရမှာပါ။ ရွှေရောင် နဲ့ အတူ ခဲရောင် ၊ ငွေရောင် ရှိမယ် ဆိုပါတယ်။ HTC One M8 နဲ့ ပတ်သက်လို့ ရေစိုခံ ၊ မခံ official ဘာမှ မပြောသေးပေမဲ့ ရေဇလုံထဲ ထည့်စမ်းပြတဲ့ video clip ကတော့ YouTube မှာ ရှိနှင့်နေပါပြီ။ ရေစိမ်ပြထားတဲ့ YouTube video clip ကို ကြည့်ရတာတော့ ရေစိုခံဖုန်းလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ခြုံငုံ ပြောရရင်တော့ M8 ဟာ ကောင်းမွန်ပြည့်စုံတဲ့ ဖုန်းတစ်လုံးပါ။ ကျွန်တော် တစ်နေ့ မန္တလေးသား တစ်ယောက်နဲ့ တွေ့တော့ မန္တလေးမှာ မန္တလေးသား CEO ဆိုတာကြောင့် HTC ဆိုရင် မန္တလေးမှာ လူကြိုက်များတယ်လို့ ပြောပါတယ်။ ဟုတ် ၊ မဟုတ် သေချာ မသိပေမဲ့ M8 ဖုန်းကို သဘောကျနေရင်း နဲ့ တစ်လက်စတည်း ကြံဖန် ဂုဏ်ယူတတ်တဲ့ မြန်မာလူမျိုးများရဲ့ စိတ်ဓာတ်ကိုလည်း သဘောကျမိပါသေးတယ်ဗျာ။

တူလေး

Credit to တူလေး နည်းပညာသတင်းများ 

စမတ်ဖုန်းအလွန်အကျွံအသုံးပြုခြင်းသည် မျက်စိကို ထိခိုက်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူများပြော

Thursday, April 3, 2014
စမတ်ဖုန်း အလွန်အကျွံအသုံးပြုသူများသည် မျက်စိထိခိုက်မှု အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မျက်မှန် ကျွမ်းကျင်သူများက ပြောကြားသည်။ ကွန်ပျူတာများ၊ Tablets, Flat Screen တီဗွီများကဲ့သို့သော အခြားပစ္စည်းကိရိယာများနှင့် စမတ်ဖုန်းများကို အလွန်အကျွံသုံးခြင်းသည် ကာလရှည် မျက်စိပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူ များက သတိပေးပြောကြားသည်။
တစ်နေ့လျှင် စမတ်ဖုန်းများကို ၃၂ ကြိမ်ခန့် အသုံးပြုသော အသက် ၂၅ နှစ် အရွယ် ပြည်သူ ၂,၀၀၀ ခန့်ကို ဆန်းစစ်လေ့လာမှု ပြုရာမှအဆိုပါ သတိပေးချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။  အပြာရောင် ခရမ်းလွန် အလင်းရောင်သည် မျက်စိကို အဆိပ်အတောက် အန္တရာယ်များ ဖြစ်ပေါ်နိုင်ဖွယ်ရှိ ကြောင်း မျက်မှန်ကျွမ်းကျင်သူ အန်ဒီဟက်ပ်ဝေါ့က ပြောကြားသည်။
“စမတ်ဖုန်းများကို အလွန်အကျွံ အသုံးပြုပါက မျက်လုံးများကို ပျက်စီးနိုင်ဖွယ်ရှိပါတယ်။ အသုံးပြုသူများ အနေဖြင့် စမတ်ဖုန်းကိုကြည့်နေစဉ် ဖုန်းမှ အပြာရောင် ခရမ်းလွန်အလင်းရောင်များ ထွက်ပေါ်လာပါ တယ်”ဟု ဘန်ဒီဟက်ပ်ဝေါ့က ပြောကြားသည်။

Monday, October 07, 2013

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ

Monday, October 7, 2013
ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

Saturday, October 05, 2013

ဖုန်းအား အမြန်သွင်းနည်း

Saturday, October 5, 2013
မိုဘိုင်းဖုန်း အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး မှာပါ။ အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။
အဲဒါကတော့ Flight mode/ Airplane mode သို့ ပြောင်းလိုက်ခြင်း ဖြစ် ပါတယ်။ Airplance mode, Flight mode ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့ Application တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS , Mobile Data အစရှိသဖြင့် ဖုန်းအား အသုံးပြု နေတဲ့ Option အားလုံးကို Flight mode က Off လုပ်ပေးသွား မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း အားမြန်မြန် ဝင်တာ ကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run နေသမျှ App တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။

ဈေးနှုန်းသင့်တင့် အမြင့်ဖုန်း Samsung Galaxy Ace 3

Saturday, October 5, 2013
၂၀၁၃ ခုနှစ် ဇွန်လကတည်းက စတင်ရောင်းချခဲ့တဲ့ Samsung Galaxy Ace 3 က နိုင်ငံစုံ ချက်ချင်း မရောက်ပါဘူ။ မြန်မာပြည်ဈေးကွက်မှာတော့ ရှိနေလောက်ပါပြီ။ Sasmugn Galaxy Ace , Ace Plue, Ace 2 ပြီးတော့ နောက်ဆုံးထွက်ရှိလာတဲ့ dual core processor သုံး 2G smartphone ဖြစ်ပါတယ်။
Galaxy Ace 2 ထပ်တစ်ဆင့်မြင့်တဲ့ ဈေးနှုန်းသင့်တင့် အဆင့်မြင့် စမတ်ဖုန်း ကြိုက်သူ များအတွက် ရွေးချယ်စရာ Galaxy စီးရီးတစ်လုံး ဖြစ်ပါတယ်။ ၄ လက်မ အရွယ် မျက်နှာပြင် 800x480 resolutoin အရည်အသွေး ရှိပြီး Processor က Dual-Core ဖြစ်ပါတယ်။ RAM က 1 GB ပါ။ OS အနေနဲ့ Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Samsung ရဲ့  Official Feature အတော်များများ ပါဝင်ပါတယ်။ ဥပမာ Smart stay, S Translator, S Travel, S Voice တို့လို Feature များပါဝင်လာမှု ဖြစ် ပါတယ်။ Internal storage က 8GB ရှိပြီး 5GB အသုံးပြုနိုင်ပါတယ်။ ကဒ် ဆိုက်ချင်သူများအတွက် 64 GB အထိexpend လုပ်ခွင့် ပေးထား ပါတယ်။ 

Wednesday, October 02, 2013

မြန်မာကျပ် သိန်း ၆၀ ကျော်တန် စမတ်ဖုန်း Vertu Constellation


Wednesday, October 2, 2013

အခြားကုမ္မဏီများကထုတ်တဲ့ဖုန်းများကို ပြင်ဆင်ခြင်းနဲ့အတူသူတို့ကိုယ်တိုင်ထုတ်တဲ့ စမတ်ဖုန်းများလည်း ရှိပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကတော့ သူတို့ ကိုယ်တိုင်ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ vertu Constellation စမတ်ဖုန်းလို့ အမည်ပေးထား ပါတယ်။ တိုက်တေနီယမ် ဂရိတ်-၅ ကို အသုံးပြုပြီး Based Body ကိုတည်ဆောက်ထားတာပါ။ Stainless Steel ထပ် ၂ ဆ သန်မာပြီး တစ်ဝက်တိတိ အလေးချိန် ကျသွားကြောင်း ဆိုပါတယ်။ မျက်နှာပြင် အရွယ် ၄.၃ လက်မ ရှိတဲ့ 720p display ကို အသုံးပြုထားပြီး ၅.၁ လက်မ Sapphire crystal နဲ့ ဖုံးအုပ်ထားခြင်းပါ။ ကွဲလဲမကွဲနိုင်သလို၊ စွန်းရာလည်း မထင်ပါဘူး။ စိန် အစစ်နဲ့ ဖျက်မှာ ပျက်မယ့်၊ ထိမယ့် မျက်နှာပြင်ဖြစ်ကြောင်း အာမခံ ထားပါတယ်။

Sunday, September 08, 2013

မိုဘိုင်းဖုန်းထဲ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ်

Sunday, September 8, 2013
အော်ရီဒိုးမြန်မာက သူ့ရဲ့မိုဘိုင်းဖုန်းလိုင်းသုံးသူတွေဟာ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ် လို့ သြဂုတ်လ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။လက်ရှိ (MPT) တို့ရဲ့နည်းက ငါးထောင်တန်/ တသောင်းတန် ငွေဖြည့်ကတ် ၀ယ်ပြီး ဂဏန်းသိရဖို့ ဖုံးထားတဲ့ခဲကိုခြစ်ထုတ်ပြီး တလုံးချင်း ရိုက်ထည့် ရတဲ့နည်းလမ်းပါ။တခါတရံ တမိနစ် နှစ်မိနစ်အတွင်း ကိစ္စပြတ်ပါတယ်။တခါတရံတော့ စိတ်ကို ဆွဲဆန့်ပြီးလုပ်ဆောင်ပါမှကိစ္စပြတ်ပါတယ်။အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မယ်ဆိုတော့ ငွေဖြည့်ကတ်ကိုပဲ အားကိုးစရာ မလိုတော့ဘူးပေါ့။အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်ကြတာ တွေ့ ရ မှာပါ။

Friday, March 08, 2013

မြန်မာ့ရိုးရာ ကမ္ဘာ့ပထမဆုံး ခေါင်းပန်းလှန်မည့် AndroidApplication

 မြန်မာ့ရိုးရာ ကျပ်၊ပြား၊ မူးစေ့၊ မတ်စေ့ များနဲ့ ခေါင်းပန်း လှန်တန်း ဆော့ရမယ့် Application ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ့ မြန်မာ့ ငွေ ဒင်္ဂါးေ ပါင်း၃၄ မျိုး ထည့်သွင်း ထားတယ်လို့ဆို ပါတယ်။ ခေတ် အဆက်ဆက်က အသုံးပြုခဲ့တဲ ဒင်္ဂါးပြားများကို စိတ် ကြိုက်ရွေးချယ် လို့ ဆော့ ကစားနိုင် ပါတယ်။
တကယ့် အပြင်မှာ ခေါင်းကျနိုင်ချေက ၅၅ ရာခိုင်နှုန်း အခွင့်အရေးရှိပါတယ်။သိပ္ပံနည်းကျလေ့လာ ထားခြင်း ဖြ စ်ပြီး ခေါင်းဘက် အခြမ်းက ပိုလေးလို့ ဖြစ်ပါတယ်။ ယခု Application ထဲမှာတော့ ခေါင်းကျနိုင်ချေနဲ့ ပန်း

Tuesday, February 26, 2013

မှန်၁ ချပ် အလား စမတ်ဖုန်းများ ထိုင်ဝမ်မှထုတ်မည်

Wednesday, February 13, 2013

တည်နေရာခြေရာခံ စမတ်ဖုန်း app အသစ် Facebook တီထွင်လျက်ရှိ

Photo: တည်နေရာခြေရာခံ စမတ်ဖုန်း app အသစ် Facebook တီထွင်လျက်ရှိ
Tuesday, February 12, 2013 

Facebook သည် အသုံးပြုသူများ၏ တည်နေရာကို ခြေရာခံမှတ်သားနိုင်မည့် စမတ်ဖုန်း app အသစ်တစ်မျိုးကို တီထွင်ဖန်းတီးနေသည်ဟုဆိုသည်။ အဆိုပါ တည်နေရာခြေရာခံ app ဖြင့် Facebook အသုံးပြုသူ၏
နိုင်ငံအလိုက် ကြော်ငြာများ ရွေးချယ်ဖော်ပြရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ Facebook အသုံးပြုသူများအနေဖြင့်လည်း အဆိုပါ app ကို အသုံးပြု၍ မိမိ၏တည်နေရာ အနီးတစ်ဝိုက်တွင် ရှိနေသောသူငယ်ချင်း
များကိုရှာဖွေသိရှိနိုင်မည်ဖြစ်ပြီး app က မိမိနှင့်အနီးဆုံးနေရာတွင် 
မည်သည့် သူငယ်ချင်းရှိနေကြောင်း အသိပေးသွားမည်ဖြစ်သည်။

Planet Myanmar NetworkFacebook သည် အသုံးပြုသူများ၏ တည်နေရာ ကို ခြေရာခံမှတ် သားနိုင်မည့် စမတ်ဖုန်း app အသစ်တစ်မျိုး ကို တီထွင် ဖန်းတီးနေ-သည်ဟုဆိုသည်။ အဆိုပါ တည်နေရာခြေရာခံ app ဖြင့် Facebook အသုံးပြုသူ၏နိုင်ငံအလိုက် ကြော်ငြာများ ရွေးချယ်ဖော်ပြရန် ရည်ရွယ်ြ ခင်းဖြစ်ကြောင်း သိရသည်။

Tuesday, February 05, 2013

ကီးဘုတ်မရှိလည်း စန္တယားတီးမယ်

Photo: ကီးဘုတ်မရှိလည်း စန္တယားတီးမယ်
Monday, 04 February 2013

လက်ပတ် စန္တယားလို့လည်း ခေါ်ပါတယ်။ လက်မှာ ပတ်ထားပြီး လက်ချောင်း ထိတ်တွေကို ပုံမှာ ပြထားတဲ့အတိုင်း တပ်ဆင်ထားဖို့လည်း လိုပါတယ်။

အလုပ်လုပ်ပုံကလည်း သာမန် စန္တယားလိုပါပဲ။ နှစ်ဖက်စလုံး ဝတ်ထားပြီးရင် စားပွဲပေါ်မှာ လက်ကလေး အတင်အချ လုပ်ရုံပါပဲ။ သူ့မှာ အသံထွက်မယ့် ဆောင်းဗောက်သေးသေးလေးပါသလို အခြားသော Sound box ကြီးများနဲ့လည်း ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကီးအမျိုးမျိုးကိုလည်း LED မျက်နှာပြင်ပါ လက်ပတ်မှာ လိုသလို အပြောင်းအလဲ လုပ်လို့ ရပါတယ်။

တကယ့် စန္တယား၊ ကီးဘုတ်ကြီး သုံးနေရသလို အရသာ မတွေ့တောင်မှ သူ့အသံ ထွက်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒီတော့ အသားကျသွားရင် တကယ့် စန္တယား တစ်လုံး အသုံးပြုနေရသလိုပါပဲလို့ ဆိုပါတယ်။ ဈေးလည်း သက်သာပါတယ်။ အမေရိကန်ဒေါ်လာ ၄၀ ဝန်းကျင်ပဲရှိတာ မို့ မြန်မာပြည်သာ ရောက်ရင်လည်း လူတိုင်းဝယ်နိုင်မယ့် ဈေး တစ်ခု ဖြစ်ပါတယ်။

ယင်း Wrist-Mounted Finger Piano ကို ဂျပန်နိုင်ငံမှာ ထုတ်လုပ်ရောင်းနေ ပြီ ဖြစ်ကြောင်း သိရပါတယ်။
-
Ref: techgadgets

http://blog.techspace.com.mm/2013/02/blog-post.html

--
TechSpace Journalလက်ပတ် စန္တယားလို့လည်း ခေါ်ပါတယ်။ လက်မှာ ပတ်ထားပြီး လက်ချောင်း ထိတ်တွေကို ပုံမှာ ပြထားတဲ့အတိုင်း တပ်ဆင် ထားဖို့ လည်း လိုပါတယ်။
အလုပ်လုပ်ပုံကလည်း သာမန် စန္တယားလိုပါပဲ။ နှစ်ဖက်စလုံး ဝတ် ထားပြီးရင် စားပွဲပေါ်မှာ လက်ကလေး အတင်အချ လုပ်ရုံပါပဲ။ သူ့မှာ အသံထွက်မယ့် ဆောင်းဗောက်သေးသေးလေးပါသလို အခြားသော Sound box ကြီးများနဲ့လည်း ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကီးအမျိုးမျိုးကိုလည်း LED မျက်နှာပြင်ပါ လက်ပတ်မှာ လိုသလို

Friday, December 28, 2012

CDMA ဖုန်းတွေကို Internet Setting ချိန်နည်း


Photo: CDMA ဖုန်းတွေကို Internet Setting ချိန်နည်း
Thursday, 27 December 2012

CDMA ဖုန်းတွေကို Internet Setting ချိန်နည်းလေးပေါ့ဗျာ......

ကျွန်တော်လည်း သူများဆီကနေ သိလာတာပါ......

မသိသေးတဲ့လူတွေ အတွက်ပါခင်ဗျာ......

Menu Key နှိပ်ပြီး Setting ထဲ ၀င်ပါ။

Wireless Network ထဲဝင်ပါ။

ICS မှာ More ထဲဝင်ပါ။

Mobile Network ထဲဝင်လိုက်ပါ။

Access Point Names ထဲဝင်လိုက်ပါ။

CTNET နဲ့ CTWAP ကိုတွေပါလိမ့်မယ်။

CTNET ထဲဝင်လိုက်ပါ။

Name
CTNET

APN
#777

Proxy
Not Set

Port
Notset

Username
ူlinhtetmaw@c800.mm (linhtetmaw နေရာမှာ ကြိုက်တာရိုက်ပါ။)

Password
ကြိုက်တာပေးပါ။

Server
Notset

Authentication type
PAP or CHAP

APN type
default

APN protocol
IPv4

APN Roaming protocol
IPv4

Bearer
Unspecified

Data Bearer
Package Data

Prompt password
#777
___________________________________________________
light@LHM
ITgroup
CDMA ဖုန်းတွေကို Internet Setting ချိန်နည်းလေးပေါ့ဗျာ......
ကျွန်တော်လည်း သူများဆီကနေ သိလာတာပါ......
မသိသေးတဲ့လူတွေ အတွက်ပါခင်ဗျာ......
Menu Key နှိပ်ပြီး Setting ထဲ ၀င်ပါ။
Wireless Network ထဲဝင်ပါ။

လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box Written by ကိုအောင်ချမ်းမြေ့ black-box ဆိုတာ ဘာလဲ?

Photo: လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box Written by ကိုအောင်ချမ်းမြေ့

black-box ဆိုတာ ဘာလဲ?

လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…

Black-box = FDR + CVR

ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ

သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…


ပျံသန်းမှုအရှိန်နှုန်း(Acceleration) ပျံသန်းမှုအမြန်နှုန်း(AirSpeed) ပင်လယ်ပြင်မျက်နှာပြင်အမြင့် (Altitude) လေယာဉ်တောင်ပံအနေအထား(Flap Setting) ပြင်ပအပူချိန် (External Temperature) လေယာဉ်တွင်းအပူချိန် (Cabin Temperature) ဖိအား(Pressure) အင်ဂျင် စွမ်းဆောင်မှုအနေအထား(Engine Performance)

ဒါတွေကတော့black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုးအချက်အလက်ပေါင်း ၇၀၀ကျော်ကိုblack-box ကမှတ်သားမှာပါ… black-box မှာ on-board generatorပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီးDCပေးရင် 28V နဲ့ AC ပေးရင်115V

Black-box ကိုတီထွင်ခဲ့သူAustralia နိုင်ငံသားDavid

CVR (cockpit voice recorder) ဒီrecorderလေးကတော့အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကိုမှတ်သားပေးမယ့်အပြင် လေယာဉ်တွင်းမှာရှိတဲ့အခြားအသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီdevice လေးထဲမှာ မိုက်ခရိုဖုန်းများပါဝင်ပြီး သိမ်းရင်digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက်ထပ်ချဲ့ (amplify) လုပ်ပြီးမှသိမ်းမှာပါ…storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီးအသစ်တွေကို ထပ်သိမ်း)နည်းကိုသုံးမှာပါ…

Flight Data Recorder (FDR) ဒီဟာကတော့ပျံသန်းမှုစနစ်တစ်ခုလုံးရဲ့မှတ်တမ်း အချက်အလက်တွေကိုသိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့်အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့သိရပါတယ်…FDR device မှာတော့ solid-statedevice သုံးမယ်ဆိုရင်dataသိမ်းတာ ပိုမြန်မယ့်အပြင်၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်းမှတ်တမ်းတင်နိုင်မှာပါ…

black-box ရဲ့ကြံ့ခိုင်မှု လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာကblack-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့်FDR နဲ့CVR တို့ကို crash-survivable memory units (CSMUs)လို့ ခေါ်ကြပါတယ်…

black-box တွေကိုလေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်းတပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့်လေယာဉ်ရဲ့အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းကအပျက်အစ်ီးအနည်းဆုံး အပိုင်းဖြစ်တယ်လို့သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…

ဒါကြောင့်black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း(root cause) ကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်…

လေယာဉ်ပျက်စီးမှုတစ်ခုအပြီးတွင်တွေ့ရသော black-box (အဆိုပါ black-box ကို ကျွမ်းကျင်သူများက စစ်ဆေးမှာ ဖြစ်ပါတယ်)

အောင်ချမ်းမြေ့ (ကို Osaung) ဗဟုသုတ ရနိုင်စေရန်အတွက်သာ ရည်ရွယ်ပါတယ်...


 Zaw Mintun Zawmintun  facebook
လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့… Black-box = FDR + CVR

ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ

သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…

Tuesday, September 25, 2012

အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေး ပွဲများကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပမည်


မြန်မာနိုင်ငံ    ပုဂံမြို့တော်၌ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေးပွဲများကို ကျင်းပသွားရန်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦးက ပြောသည်။ အောက်တိုဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့၌ အဆိုပါ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေးပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၁-၂၀၁၂ ခုနှစ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်

Thursday, September 20, 2012

ZTEသည် Mozillaက စတင်မိတ်ဆက်ရန် စီစဉ်ထားသည့် OSစနစ်ကို အသုံးပြုမည့် မိုဘိုင်းလ်ဖုန်း အသစ်အား ရောင်းချသွားမည်


တရုတ်မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ ZTEသည် Mozillaက စတင်မိတ်ဆက်ရန် စီစဉ်ထားသည့် OSစနစ်ကို အသုံးပြုမည့် မိုဘိုင်းလ်ဖုန်း အသစ်အား ရောင်းချသွားမည်ဟု သိရသည်။ Firefox OSကို အသုံးပြုထားသည့် ဖုန်းအသစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက် ထဲ ဖြန့်ချီရန် ZTEကစီမံကိန်း ရေးဆွဲထား သည်။ ZTE၏ ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ်ဒီရှူက ယခုကိစ္စကို Reutersထံ
အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ZTEသည် လတ်တလောတွင် Androidနှင့် Windows OSသုံး ဖုန်းများကိုလည်း ထုတ်လုပ်လျှက် ရှိနေသည်။ ဒီရှူက Firefox OSကို အသုံးပြုထားသော မိုဘိုင်းလ်ဖုန်းများ ထွက်ပေါ်လာခြင်းက ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်အတွင်း OSများ၏ ခွဲဝေနေရာယူမှုကို ပိုမို မျှတလာစေမည်ဟု သုံးသပ်ခဲ့သည်။ Firefox OSနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း အင်တာနက်တွင် ထွက်ပေါ်လာသည့် ပုံရိပ်များအရမူ Android၊ iOSတို့နှင့် အမြင်အားဖြင့် သိသာစွာ ခြားနားကြောင်း သိရှိရသည်။
From -Planet Myanmar Network

ယနေ့ခေတ်စား လာတဲ့ မြန်မာနိုင်ငံကိုချိန်းခြောက်နေသော DoS attack အကြောင်း



ဗဟုသုတဖြစ်စေရန်အလို့ငှါ ဒီပို့စ်ကိုတင်ခြင်းဖြစ်ပါတယ်။ ကျနော်က hacking နည်းပညာကို ဘာမှ မယ် မယ် ရရသိတာမဟုတ်ပါ။ ဒါပေမယ့် အခုလက်ရှိမှာ Webpage ကို ဒီ DoS နဲ့တိုက်ခိုက်တဲ့နည်းဟာ
တော်တော်အသုံးပြုလာလို့ လေ့လာသူများ (စာဖတ်သူများ) ဗဟုသုတတိုးပွားစေရန် ဒီနေရာကနေကူး
ယူဖေါ်ပြခြင်းဖြစ်ပါတယ်။ အဲဒီဆိုက်မှာပို့စ်ရေးသားသူရဲ့ မူရင်းနာမည်မထည့်ထားသည့်အတွက် ကျနော်
လဲ ပို့စ်မူရင်းနာမည်ကို မထည့်ခြင်းဖြစ်ပါတယ်။  


DoS ဆိုတဲ့ တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့ နည်း

Wednesday, September 12, 2012

iPhone 5 ထွက်တော့မည်

Apple ကုမ္ပဏီက ထုတ်မယ့် iPhone
 အသစ် အမျိုးအစား iPhone 5 ဒီကနေ
့ ဗုဒ္ဓဟူးနေ့ မှာ စပြီး ရောင်းချမယ်လို့
ခန့်မှန်းနေကြပါတယ်။ iPhone 5 ကို 4G
 လို့ အများက သိကြတဲ့ စတုတ္ထမျိုးဆက်

4th Generation လက်ကိုင်ဖုန်း ကွန်ယက် နဲ့ ပဲ အသုံးပြု သွားရလိမ့်မယ်လို့
ခန့်မှန်းနေကြပါတယ်။

4G ကွန်ယက်ကို SAMSUNG ကုမ္ပဏီက ထုတ်လုပ်တဲ့ Galaxy S III အပြင် တခြားသော လက်ကိုင်ဖုန်း အမျိုးအစားတွေမှာလည်း လက်ရှိ အသုံးပြုနေကြပါတယ်။

iPhone 5 အသစ်ဟာ အရွယ်အစား ပိုပြီး ကြီးမယ်လို့ ခန့်မှန်းနေကြသလို လာမယ့် သီတင်း တပတ် နှစ်ပတ်အတွင်းမှာ စ ထုတ်လုပ်ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။

Apple ကုမ္ပဏီရဲ့ iPhone ဈေးကွက်ဟာ ဆမ်ဆောင်းကုမ္ပဏီက ထုတ်တဲ့ Phone လောက် မရောင်းရပေမယ့် သူ့ဈေးကွက်ဟာ အခုထိ ခိုင်ခို်င်မာမာ ရှိနေပါတယ်။

VOA (မြန်မာပိုင်း)

My Blog List