Friday, February 21, 2020

တပ်တွင်းမဲရုံများကို တပ်ပြင်တွင်ထားရန် ပြည်သူ့လွှတ်တော် မဲခွဲအတည်ပြု


No photo description available.
လာမည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများကို တပ်ရင်းတပ်ဖွဲ့ ပြင်ပ၌ ထားရှိရန် ပြည်သူ့လွှတ်တော်၌ မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်း သည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်၌ မဲခွဲဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာ တပ်တွင်းမဲရုံ များကို တပ်ပြင်ပ၌ ထားရှိရန်ကို ထောက်ခံမဲ ၂၅၇ မဲ၊ ကန့်ကွက်မဲ ၁၂၅ မဲနှင့် ကြားနေမဲ သုံးမဲဖြစ်၍ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ် သည်။ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်း ဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်း ဥပဒေများပုဒ်မ-၃၉(က) (၂) တွင် ကော်မရှင်၏တာဝန်ပေးချက်နှင့်အညီ တပ်မတော်သားများ နှင့် ယင်းတို့နှင့်အတူ နေထိုင်ကြသည့် အိမ် ထောင်စုဝင်များနေထိုင်ရာ တပ်ရင်းတပ်ဖွဲ့များ အတွက် မဲရုံနေရာသတ်မှတ်ရာ၌ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်များနှင့်အတူ ဆန္ဒမဲပေးနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် သက်ဆိုင်ရာ လွှတ် တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မည့် ထိုတပ်ရင်းတပ်ဖွဲ့ပြင်ပသင့်လျော်သည့်နေရာတွင်သတ်မှတ်ပေးရမည်ဟု အသစ်ဖြည့်စွက်ပြင်ဆင်ထားခြင်းဖြစ်သည်။

ယင်းပြင်ဆင်ချက်ကို သဘောမတူသည့်အတွက် တပ်ရင်းတပ်ဖွဲ့များအတွက် မဲရုံနေရာသတ်မှတ်ရာတွင် လုံခြုံရေးအရ တပ်တွင်း၊ တပ်ပြင် သင့်လျော်သည့်နေရာကို တပ်မှူးနှင့် ညှိနှိုင်းသတ်မှတ်ပေးရမည်ဟုပြင်ဆင်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းက ပြင်ဆင်ချက်တင်သွင်းထားခြင်းဖြစ်သည်။

တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်မြား ထမျးဆောငျနသေူမြားဖွစျသကဲ့သို့ ၎င်းတို့နှင့်အတူ နေထိုင်သော မိသားစု ဝင်များသည်လည်း တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးတာဝန်များကို ဝိုင်းဝန်းထမ်းဆောင်နေရသူများဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာနှင့်နီးသော တပ်ရင်းတပ်ဖွဲ့အနေဖြင့် ဆန္ဒမဲပေးရန် အခက်အခဲမရှိနိုင်သော်လည်းရပ်ကွက်ကျေးရွာများနှင့် အလှမ်းဝေးကွာသော တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ဆန္ဒမဲပေးရန်အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်းဗိုလ်မှူးချုပ်တင်စန်းက ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၂၁(က)အရ နိုင်ငံသားတိုင်းသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်ဟုပြဋ္ဌာန်းထားသည့်အတွက် အကယ်၍ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲအပြည့်အဝ မပေးနိုင်ခဲ့လျှင် လူ့အခွင့်အရေးဆုံးရှုံးမှုများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။
'တပ်မတော်သားများနဲ့ မိသားစုဝင်များအနေနဲ့လည်း နိုင်ငံသားများဖြစ်တဲ့အတွက်ကြောင့် ဒီလို အခွင့်အရေးဆုံးရှုံးမှုအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နဲ့ ဥပဒေပြုရေးတာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်များအပေါ်တွင်သာ တာဝန်ရှိ်လာမှာဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ်တင်စန်းက ပြောဆိုသည်။
ထို့ပြင် တပ်ရင်းတပ်ဖွဲ့များအနေဖြင့် လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရသည့်အတွက် နယ်မြေမအေးချမ်းသည့်ဒေသများတွင် တပ်ရင်းတပ်ဖွဲ့များနှင့်အလှမ်းဝေးကွာသည့်နေရာ၌ မဲရုံတည်ဆောက်မည်ဆိုပါက လုံခြုံရေးအရ မဖြစ်နိုင်သည့် ကိစ္စဖြစ်သဖြင့် တပ်တွင်း၌သာမဲရုံတည်ဆောက်ခွင့်ပြုရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဆန္ဒမဲပေးရာတွင်လည်း သတ်မှတ်ချိန်အတွင်း အချိန်မီမဲပေးရမည် ဖြစ်သဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်များနှင့်အတူ မဲပေးပါက အချိန်မလုံလောက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း ဗိုလ်မှူးချုပ်တင်စန်းက ပြောဆိုသည်။
နိုင်ငံတော်အနေဖြင့် လက်ရှိတွင်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဉီးတည်လျှောက်လှမ်းနေချိန်ဖြစ်ပြီး ယခု အဆိုပြုချက်သည် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ လူ့အခွင့်အရေးအရသော်လည်းကောင်း၊ နိုင်ငံသားအခွင့်အရေးအရသော်လည်းကောင်း၊မဲဆန္ဒရှင်တစ်ဦး၏ အခွင့်အရေးအရသော်လည်းကောင်း လွတ်လွတ်လပ်လပ်မဲပေးနိုင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောဆိုသည်။
လုံခြုံရေးနှင့်ပတ်သက်ပြီး တပ်မတော် တပ်ရင်းတပ်ဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စုများ အလွန်ဝေးကွာသည့်နေရာသည် ငါးရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိသာရှိပြီး ၉၀ ရာခိုင်နှုန်းကျော်သည်အရပ်နှင့် တပ် တွဲလျက်ရှိကြောင်း ၎င်းကပြောဆိုသည်။
"လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တပ်မတော် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ကြိုတင်မဲပေးခွင့် ရှိပါတယ်၊ နည်းဥပဒေ၄၅(က)အရ လုံခြုံရေးအရ စိုးရိမ်ရတယ်ဆိုရင် နည်းဥပဒေ ၄၄အရ ကြိုတင်မဲပေးခွင့်ရှိပါတယ်။ နောက်ထပ်ကြိုတင်မဲနှစ်မျိုးလည်း ရှိပါတယ်။ ပြည်တွင်းကြိုတင်မဲနဲ့ပြည်ပရောက် ကြိုတင်မဲဆိုပြီးတော့လည်း ရှိပါတယ်။ ဒါကြောင့် လုံခြုံရေးစိုးရိမ်စရာ မလိုဘဲ ပွင့်လင်းမြင်သာမှု ရှိတဲ့လွတ်လပ်စွာမဲပေးနိုင်ရေးကိုတပ်မတော်သားများနဲ့ ၎င်းတို့ရဲ့မိသားစုဝင်များဟာလုံခြုံရေးကင်းစွာနဲ့ ပွင့်လင်းမြင်သာမှုရှိရှိမဲပေးနိုင်မှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့အဆိုပြုချက်အတိုင်းသာဆက်လက်အတည်ပြုသင့်ပါကြောင်းလေးစားစွာ လွှတ်တော်သို့ တင်ပြအပ်ပါတယ်"ဟု ဦးကျော်စိုးလင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် ကြိုးစားနေသည်ကိုတွေ့ရကြောင်း။ ပြည်သူလူထုနှင့် အခြားရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးပါတီများ စသည့် အဖွဲ့များအနေဖြင့် တပ်မတော်အပေါ်တွင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပုံရိပ်ကောင်း ဖြစ်စေလိုကြောင်း ဦးကျော်စိုးလင်းက ပြောဆိုသည်။
"ပုံရိပ်ကောင်း ဖြစ်စေဖို့ဆိုရင်တပ်နဲ့ ပြည်သူ၊ ပြည်သူနဲ့တပ် ကျွန်တော်တို့တစ်သားတည်းဖြစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်းပြင်ဆင်ချက်နှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီ၏တင်ပြချက်အပေါ် သဘောတူကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
ထို့ပြင် အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍လည်း လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သတင်း - မင်းမင်းထွန်း

The Standard Time Daily

(Zawgyi Version)
တပ်တွင်းမဲရုံများကို တပ်ပြင်တွင်ထားရန် ပြည်သူ့လွှတ်တော် မဲခွဲအတည်ပြု

လာမည့် ၂၀၂၀အထွေထွေရွေးကောက် ပွဲတွင် တပ်တွင်းမဲရုံများကို တပ်ရင်းတပ်ဖွဲ့ ပြင်ပ၌ ထားရှိရန် ပြည်သူ့လွှတ်တော်၌ မဲခွဲအတည်ပြုခဲ့ ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်က တင်သွင်း သည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေများကို ပ ဉ္စမအကြိမ်ပြင်ဆင်သည့် နည်း ဥပဒေများ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပ ဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ပ ဉ္စမအကြိမ်ပြင်ဆင်သည့် နည်း ဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်၌ မဲခွဲဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာ တပ်တွင်းမဲရုံ များကို တပ်ပြင်ပ၌ ထားရှိရန်ကို ထောက်ခံမဲ ၂၅၇ မဲ၊ ကန့်ကွက်မဲ ၁၂၅ မဲနှင့် ကြားနေမဲ သုံးမဲဖြစ်၍ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ် သည်။ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်း ဥပဒေများကို ပ ဉ္စမအကြိမ်ပြင်ဆင်သည့် နည်း ဥပဒေများပုဒ်မ-၃၉(က) (၂) တွင် ကော်မရှင်၏တာဝန်ပေးချက်နှင့်အညီ တပ်မတော်သားများ နှင့် ယင်းတို့နှင့်အတူ နေထိုင်ကြသည့် အိမ် ထောင်စုဝင်များနေထိုင်ရာ တပ်ရင်းတပ်ဖွဲ့များ အတွက် မဲရုံနေရာသတ်မှတ်ရာ၌ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်များနှင့်အတူ ဆန္ဒမဲပေးနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် သက်ဆိုင်ရာ လွှတ် တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မည့် ထိုတပ်ရင်းတပ်ဖွဲ့ပြင်ပသင့်လျော်သည့်နေရာတွင်သတ်မှတ်ပေးရမည်ဟု အသစ်ဖြည့်စွက်ပြင်ဆင်ထားခြင်းဖြစ်သည်။

ယင်းပြင်ဆင်ချက်ကို သဘောမတူသည့်အတွက် တပ်ရင်းတပ်ဖွဲ့များအတွက် မဲရုံနေရာသတ်မှတ်ရာတွင် လုံခြုံရေးအရ တပ်တွင်း၊ တပ်ပြင် သင့်လျော်သည့်နေရာကို တပ်မှူးနှင့် ညှိနှိုင်းသတ်မှတ်ပေးရမည်ဟုြပင်ဆင်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းက ပြင်ဆင်ချက်တင်သွင်းထားခြင်းဖြစ်သည်။

တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေသူများဖြစ်သကဲ့သို့ ၎င်းတို့နှင့်အတူ နေထိုင်သော မိသားစု ဝင်များသည်လည်း တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးတာဝန်များကို ဝိုင်းဝန်းထမ်းဆောင်နေရသူများဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာနှင့်နီးသော တပ်ရင်းတပ်ဖွဲ့အနေဖြင့် ဆန္ဒမဲပေးရန် အခက်အခဲမရှိနိုင်သော်လည်းရပ်ကွက်ကျေးရွာများနှင့် အလှမ်းဝေးကွာသော တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ဆန္ဒမဲပေးရန်အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်းဗိုလ်မှူးချုပ်တင်စန်းက ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၂၁(က)အရ နိုင်ငံသားတိုင်းသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်ဟုပြဋ္ဌာန်းထားသည့်အတွက် အကယ်၍ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲအပြည့်အဝ မပေးနိုင်ခဲ့လျှင် လူ့အခွင့်အရေးဆုံးရှုံးမှုများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။

'တပ်မတော်သားများနဲ့ မိသားစုဝင်များအနေနဲ့လည်း နိုင်ငံသားများဖြစ်တဲ့အတွက်ကြောင့် ဒီလို အခွင့်အရေးဆုံးရှုံးမှုအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နဲ့ ဥပဒေပြုရေးတာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်များအေပါ်တွင်သာ တာဝန်ရှိလာမှာဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ်တင်စန်းက ပြောဆိုသည်။

ထို့ပြင် တပ်ရင်းတပ်ဖွဲ့များအနေဖြင့် လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရသည့်အတွက် နယ်မြေမအေးချမ်းသည့်ဒေသများတွင် တပ်ရင်းတပ်ဖွဲ့များနှင့်အလှမ်းဝေးကွာသည့်နေရာ၌ မဲရုံတည်ဆောက်မည်ဆိုပါက လုံခြုံရေးအရ မဖြစ်နိုင်သည့် ကိစ္စဖြစ်သဖြင့် တပ်တွင်း၌သာမဲရုံတည်ဆောက်ခွင့်ပြုရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဆန္ဒမဲပေးရာတွင်လည်း သတ်မှတ်ချိန်အတွင်း အချိန်မီမဲပေးရမည် ဖြစ်သဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်များနှင့်အတူ မဲပေးပါက အချိန်မလုံလောက်မှုများဖြစ်ေပါ်လာနိုင်ကြောင်း ဗိုလ်မှူးချုပ်တင်စန်းက ပြောဆိုသည်။

နိုင်ငံတော်အနေဖြင့် လက်ရှိတွင်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဉီးတည်လျှောက်လှမ်းနေချိန်ြဖစ်ပြီး ယခု အဆိုပြုချက်သည် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ လူ့အခွင့်အရေးအရသော်လည်းကောင်း၊ နိုင်ငံသားအခွင့်အရေးအရသော်လည်းကောင်း၊မဲဆန္ဒရှင်တစ်ဦး၏ အခွင့်အရေးအရသော်လည်းကောင်း လွတ်လွတ်လပ်လပ်မဲပေးနိုင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောဆိုသည်။

လုံခြုံရေးနှင့်ပတ်သက်ပြီး တပ်မတော် တပ်ရင်းတပ်ဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စုများ အလွန်ဝေးကွာသည့်နေရာသည် ငါးရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိသာရှိပြီး ၉၀ ရာခိုင်နှုန်းကျော်သည်အရပ်နှင့် တပ် တွဲလျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

"လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တပ်မတော် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ကြိုတင်မဲပေးခွင့် ရှိပါတယ်၊ နည်းဥပဒေ၄၅(က)အရ လုံခြုံရေးအရ စိုးရိမ်ရတယ်ဆိုရင် နည်းဥပဒေ ၄၄အရ ကြိုတင်မဲပေးခွင့်ရှိပါတယ်။ နောက်ထပ်ကြိုတင်မဲနှစ်မျိုးလည်း ရှိပါတယ်။ ပြည်တွင်းကြိုတင်မဲနဲ့ပြည်ပရောက် ကြိုတင်မဲဆိုပြီးတော့လည်း ရှိပါတယ်။ ဒါကြောင့် လုံခြုံရေးစိုးရိမ်စရာ မလိုဘဲ ပွင့်လင်းမြင်သာမှု ရှိတဲ့လွတ်လပ်စွာမဲပေးနိုင်ရေးကိုတပ်မတော်သားများနဲ့ ၎င်းတို့ရဲ့မိသားစုဝင်များဟာလုံခြုံရေးကင်းစွာနဲ့ ပွင့်လင်းမြင်သာမှုရှိရှိမဲေပးနိုင်မှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့အဆိုပြုချက်အတိုင်းသာဆက်လက်အတည်ပြုသင့်ပါကြောင်းလေးစားစွာ လွှတ်တော်သို့ တင်ပြအပ်ပါတယ်"ဟု ဦးကျော်စိုးလင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် ကြိုးစားနေသည်ကိုတွေ့ရကြောင်း။ ပြည်သူလူထုနှင့် အခြားရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးပါတီများ စသည့် အဖွဲ့များအနေဖြင့် တပ်မတော်အပေါ်တွင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပုံရိပ်ကောင်း ဖြစ်စေလိုကြောင်း ဦးကျော်စိုးလင်းက ပြောဆိုသည်။

"ပုံရိပ်ကောင်း ဖြစ်စေဖို့ဆိုရင်တပ်နဲ့ ပြည်သူ၊ ပြည်သူနဲ့တပ် ကျွန်တော်တို့တစ်သားတည်းဖြစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်းပြင်ဆင်ချက်နှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီ၏တင်ပြချက်အပေါ် သဘောတူကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ပြင် အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်ပြည်နယ်လွှတ်တော်ရေွးကောက်ပွဲ ဥပဒေများကို ပ ဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍လည်း လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း - မင်းမင်းထွန်း

1 comment:

  1. As stated by Stanford Medical, It is in fact the ONLY reason women in this country live 10 years more and weigh an average of 42 lbs lighter than we do.

    (By the way, it has totally NOTHING to do with genetics or some hard exercise and really, EVERYTHING to around "how" they are eating.)

    BTW, What I said is "HOW", and not "WHAT"...

    CLICK this link to find out if this brief questionnaire can help you unlock your true weight loss potential

    ReplyDelete

My Blog List