Monday, February 24, 2020

မှတ်ပုံမတင်ထားသည့်မိုဘိုင်းဖုန်းဆင်းကဒ်များကိုအပြီးတိုင်ပိတ်သိမ်းမည်

No photo description available.
တရား၀င်မှတ်ပုံမတင်ဘဲသုံးစွဲနေသည့် မိုဘိုင်းဖုန်းဆင်းကဒ်များကို အပြီးတိုင်ပိတ်သိမ်းသွားမည်ဟုဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေငြာလိုက်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ယခုနှစ်၀က်အတွင်းမှတ်ပုံမတင်သောမည်သည့်ဖုန်းကိုမဆို အပြီးပိတ်သိမ်းမည်ဟုထုတ်ပြန်လိုက်သည်။
"သုံးစွဲသူများ ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် မိုဘိုင်းအော်ပရေတာများကလည်း လွယ်ကူ အဆင်ပြေစေရေး ဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် သို့မဟုတ် ယင်းလက်မှတ် အမှတ်ပါ အသိအမှတ်ပြုကတ်တစ်ခုခုဖြင့် နှစ်ကတ် ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင် ထားခြင်း မရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်း မှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး (၃၀-၆-၂၀၂၀) နောက်ပိုင်း အပြီးသတ်ပိတ်သိမ်းသွားမည်ဖြစ်ပါသည်"ဟုကြေညာထားသည်။
ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနကမှတ်ပုံတင်တစ်ခုလျင်တရားဝင်ဆင်းကတ်၂ခုသာသုံးစွဲရမည်ဟုလည်းထုတ်ပြန်ထားသည်။
၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက် အထိ မှတ်ပုံမတင်ခဲ့သော SIM Card ၆ဒသမ၅ အပြီးပိတ်သိမ်းခဲ့သည်ဟုလည်းသိရသည်။
ဇော်ထွန်း

(Zawgyi)
မှတ်ပုံမတင်ထားသည့်မိုဘိုင်းဖုန်းဆင်းကဒ်များကိုအပြီးတိုင်ပိတ်သိမ်းမည်
တရားဝင်မှတ်ပုံမတင်ဘဲသုံးစွဲနေသည့် မိုဘိုင်းဖုန်းဆင်းကဒ်များကို အပြီးတိုင်ပိတ်သိမ်းသွားမည်ဟုဆက်သွယ်ရေး ညွှန်ကြားမှု့ဦးစီးဌာနက ထုတ်ပြန်ကြေငြာလိုက်သည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ယခုနှစ်ဝက်အတွင်းမှတ်ပုံမတင်သောမည်သည့်ဖုန်းကိုမဆို အပြီးပိတ်သိမ်းမည်ဟုထုတ်ပြန်လိုက်သည်။
"သုံးစွဲသူများ ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် မိုဘိုင်းအော်ပရေတာများကလည်း လွယ်ကူ အဆင်ပြေစေရေး ဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် သို့မဟုတ် ယင်းလက်မှတ် အမှတ်ပါ အသိအမှတ်ပြုကတ်တစ်ခုခုဖြင့် နှစ်ကတ် ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင် ထားခြင်း မရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်း မှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး (၃၀-၆-၂၀၂၀) နောက်ပိုင်း အပြီးသတ်ပိတ်သိမ်းသွားမည်ဖြစ်ပါသည်"ဟုကြေညာထားသည်။
ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနကမှတ်ပုံတင်တစ်ခုလျင်တရားဝင်ဆင်းကတ်၂ခုသာသုံးစွဲရမည်ဟုလည်းထုတ်ပြန်ထားသည်။
၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက် အထိ မှတ်ပုံ မတင်ခဲ့သော SIM Card ၆ဒသမ၅ အပြီးပိတ်သိမ်းခဲ့သည်ဟုလည်းသိရသည်။
ဇော်ထွန်း
#TheFifthWaveNews

No comments:

Post a Comment

My Blog List