Friday, February 21, 2020

အမျိုးသားရေးလှုပ်ရှားမှုများနှင့် ၂၀၂၀ ရွေးကောက်ပွဲ အလားအလာ


Image may contain: 1 person
မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အမျိုးသားရေးစိတ်ဓာတ်ဟူသော မိန့်ခွန်းများ ပြောကြား၍ အမျိုးဘာသာသာသနာကိုစောင့်ရေှာက်ရေး အရေးကြီးကြောင်း ပြောဆိုလာနေသည်။ အမျိုးသားရေးလှုပ်ရှားမှုများသည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အရှိန်မြှင့်လာနိုင်ရာ ရန်ကုန်ခေတ်သစ်က ယင်းလှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်များ မေးမြန်း၍ စဉ်ဆက်မပြတ် ဖော်ပြသွားမည်ဖြစ်သည်။ ကိုမြတ်ကျော် (အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီ)၏ အမြင်ကို ဖော်ပြလိုက်ပါသည်။
ကိုမြတ်ကျော် (အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီ)

"သူတို့လုပ်တဲ့အတွေးကို ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါကျတော့ NLD အစိုးရကို တိုက်ခိုက်တာမျိုးလုပ်တယ်။ နောက်တစ်ချက်က အမျိုးသားရေးကို ပုံဖျက်တယ်။ အမျိုးသားရေးဝါဒဆိုတာ တိုင်းပြည်နှင့်လူထု ကိုယ်လူမျိုးကို ချစ်တဲ့စိတ်နဲ့ အခြေခံရတာပေါ့။ ဘာသာရေးပေါ်မှာကြီးပဲအခြေခံတာမျိုးက အမျိုးသားရေးဝါအစစ်မဟုတ်ဘူး။ အမျိုးသားရေးဝါဒအတု လူထုကြားထဲမှာ ဘာသာရေးကို ရူပ်ထွေးအောင် ရောထည့်ပြီးတော့ ဘာသာတစ်ခုနဲ့ တစ်ခုကြားပေါ့။ အမြင်မကြည့်လင်အောင်အမုန်းပွားအောင် လုပ်တဲ့ပုံစံမျိုး အဲဒီပုံစံကို ဘယ်သူတွေလုပ်လေ့ လုပ်ထရှိလဲဆိုတော့ စစ်အာဏာရှင်တွေအများစုက အဲဒီလိုပုံစံတွေ လုပ်လေ့လုပ်ထရှိတယ်။ ပြီးတော့ အာဏာရှင်တွေပေါ့။

ကျွန်တော်တို့နိုင်ငံသမိုင်းမှာလည်း ရှိခဲ့ဖူးတယ်။ ဦးနေဝင်းခေတ်တုန်းက မဆလ ခေတ်တုန်းက တရုတ်မြန်မာရိုက်ပွဲတို့ ကရင်ဗမာ ဘာညာတို့ပေါ့ဗျာ။ ဘာသာရေး လူမျိုးရေးပေါ်အခြေခံပြီးတော့ အဲဒီလိုမျိုးလုပ်ကျတာ ရှင်းရှင်းပြောရရင် တိုင်းပြည်ကိုကောင်းကျိုးပေးတဲ့ ပုံစံတော့ မဟုတ်ဘူးဗျာ။ အဲဒီကတော့ NLD အစိုးရပေါ့ဗျာ။ NLDအစိုးရကို တိုက်ခိုက်ကြတာပေါ့ဗျာ။ တိုက်ခိုက်တယ်ဆိုတဲ့နေရာမှာ တပ်ချုပ်ပြောတဲ့စကားတွေထဲမှာ ဒီလိုမျိုး ပါတီတစ်ခုကို တိုက်ခိုက်တာတော့မတွေ့ရဘူး။

ဒါပေမယ့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆိုတာကတော့ လောလောဆယ်ပေါ့ ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Decision Maker တစ်ယောက်အနေနဲ့ ရှိတယ်ပေါ့။ သူလိုလူမျိုး ကတော့ ကျွန်တော်အနေနဲ့စဉ်စားတာက (တပ်ချုပ်အနေနဲ့) တစ်ဖက်ကို ဇောင်းပေးတဲ့စကားတွေ မမျှမတဖြစ်မဲ့စကားမျိုးတွေေတာ့ မပြောသင့်ဘူးလို့ ယူဆတယ်။

တိုင်းပြည်ကို အဆုံးအဖြတ်ပြုပေးမယ့် လူတစ်ယောက်ရဲ့ အတွေးအခေါ် လုပ်ကိုင်ပြုမူဆောင်ရွက်ချက်တွေက တိုင်းပြည်ထဲကနိုင်ငံသား နိုင်ငံသားတွေအားလုံး မည်သည့်ဘာသာဝင်မဆို အားလုံးကို ညီတူညီမျှဖြစ်စေချင်တဲ့ပုံစံလား။ ရှိစေချင်တဲ့ အဲဒီလိုမျိုးပြောစေချင်တယ်။ သို့ပေမယ့် တချို့ကိစ္စတွေမှာက အမျိုးဘာသာသနာကိုစောင့်ရှောက်ရမယ်ဘာတို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောတာရှိတယ်ပေါ့။ စောင့်ရှောက်တော့ စောင့်ရှောက်ပါ။ စောင့်ရှောက်ပုံ စောင့်ရှာက်နည်းလိုအပ်တယ်လို့ပြောချင်ပါတယ်။

နောက်တစ်ချက်ကတော့ YMBAကိစ္စပေါ့။ YMBA ကဆုတွေပေးတယ်ပေါ့။ ပထမတစ်ခေါက်လည်းပေးတယ်ပေါ့။ ပထမတစ်ခေါက် ပေးတော့လည်း ပြဿနာတွေတက်ကြတယ်။ အခုတစ်ခေါက်ထပ်ပေးတယ်ပေါ့။ ဟုတ်ပြီဆုကတော့ပေးပါပြီ။ ဘာအတွက်ကြောင့် ဘာလုပ်ခဲ့လို့ဘယ်နေရာမှာ ဘယ်လိုအချက်အလက်နဲ့ တိုင်းပြည်မှာဘယ်လို မျိုးဆောင်ရွက်ခဲ့လို့ ပေးတယ်ဆိုတဲ့ အချက်ကိုတော့ တိတိကျကျ ဘယ်သူမှရှင်းလင်းဖော်ပြထားတာမရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်းပြင်ပါ။ စိတ်ကြိုက်ရေးဆွဲပါ။ ပြင်ဆင်ဖို့လုပ်ပါ။ အမျိုးဘာ သာသနာမျိုးကိုလည်း လုပ်သင့်သလောက်လုပ်ပါ။

ဒါပေမယ့် အမျိုးသားရေးဝါဒနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့နေရမှာ အမျိုးသားရေးဝါဒအစစ်ဖြစ်ဖို့လိုတယ်။ အမျိုးသားရေးဝါဒ အတုအယောင်တွေနဲ့ ဘာသာရေးမှိုင်းတိုက်မှုတွေ မလုပ်စေချင်ပါဘူး။ နောက်တစ်ချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုပ်နေတာက ဘုံသဘောတူညီချက်ဖြစ်တယ်။ ကျွန်တော်တို့လည်းသဘောတူတယ်

ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်ဘဲနဲ့လည်း ပြည်သူလူထုရဲ့နေ့စဉ်ရပ်တည် ရှင်သန်နေတဲ့ဘဝတွေကို ဥပဒေနဲ့ အညီစောင့်ရှောက်ပေးဖို့ တရားဥပဒေစိုးမိုးဖို့လူထုရဲ့အသက်ရှင်ရပ်တည်နေထိုင်နိုင်စားသောက်နိုင်တဲ့ အခြေအနေတွေကို ပိုပြီးကောင်းမွန်အောင်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

အဓိကပြောချင်တာကတော့ ရခိုင်မှာ အင်တာနက်ဖြတ်တောက်တာတွေ သတင်းအမှောင်ချတွေကို ရခိုင်လွှတ်တော်ဥက္ကဋ္ဌက ထုတ်ပြောလာရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့ တိုင်းပြည် မည်သည့်နေရာမဆို မတရားပြုမူခံနေရတာပဲဖြစ်ဖြစ် ဥပဒေမဲ့ ပြုမူခံနေရတာပဲဖြစ်ဖြစ် မျက်လုံးတွေပိတ်တာ နားတွေပိတ်တာ အတွေး အခေါ် တွေပိတ်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ ထပ်တူခံစားပါတယ်။

ရခိုင်ပြည်နယ်အရေးကိုလည်း ပိတ်ဆို့ပြီးတော့ မသိစေချင်ဘဲလုပ်မယ့်အစား ပွင့်ပွင့်လင်းလင်းမြင်မြင်သာသာနဲ့ တိုင်းပြည် လူထုရဲ့ စိတ်ဆန္ဒတွေနဲ့ အညီပေါ့။ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုဆီကိုသွားချင်ပါတယ်။ အဲဒီတော့ခေါင်းဆောင်တွေသဘော ထားကြီးပါလို့ ကျွန်တော်အချုပ်ပြောလိုပါတယ္။

By ရန်ကုန်ခေတ်သစ်

1 comment:

  1. You should see how my acquaintance Wesley Virgin's autobiography starts with this shocking and controversial video.

    Wesley was in the military-and soon after leaving-he found hidden, "MIND CONTROL" tactics that the government and others used to get everything they want.

    THESE are the exact same SECRETS lots of celebrities (especially those who "come out of nowhere") and elite business people used to become rich and famous.

    You probably know that you use only 10% of your brain.

    That's mostly because the majority of your brain's power is UNCONSCIOUS.

    Perhaps that thought has even taken place INSIDE your own head... as it did in my good friend Wesley Virgin's head 7 years ago, while driving an unlicensed, beat-up bucket of a vehicle without a license and on his bank card.

    "I'm very fed up with going through life paycheck to paycheck! When will I get my big break?"

    You've been a part of those those conversations, isn't it so?

    Your very own success story is waiting to be written. You need to start believing in YOURSELF.

    CLICK HERE TO LEARN WESLEY'S SECRETS

    ReplyDelete

My Blog List