Tuesday, February 18, 2020

Tint Tint Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်အနေဖြင့် Water Bus များတွင် သုံးစွဲရန်အတွက် ဒီဇယ်များကို တိုက်ရိုက်အကြွေ၀ယ်ယူ ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြား


Image may contain: 1 person, indoor
Petro &Trans Group ကုမ္ပဏီမှ Water Bus များတွင် သုံးစွဲရန်အတွက် ဒီဇယ်များကို မိမိအနေဖြင့်တိုက်ရိုက်အကြွေး၀ယ်ယူ ခဲ့ခြင်းမဟုတ်ကြောင်း Tint Tint Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ဖေဖော်ဝါရီ ၁၇ရက် sedona ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲတွင် ပြောကြားခဲ့သည်။
"Petro &Trans Group ကုမ္ပဏီကို ကျွန်မမသိပါဘူး။ ကျွန်မအနေနဲ့ သူတို့ဆီကလည်း တိုက်ရိုက်အကြွေးသွားယူခဲ့တာမဟုတ်ပါဘူး။ အခုက ၀ယ်ယူသူတစ်ဦးပုံစံနဲ့ သတင်းစာမှာ ရေးသားထားတဲ့ပုံစံမျိုးဖြစ်နေတယ်။ ကျွန်မကလည်း ၀န်ခံ ကတိပြုပါတယ်ဆိုတာ မဟုတ်ပါဘူး"ဟု ၎င်းကပြောကြားခဲ့သည်။
Petro &Trans Group ကုမ္ပဏီသည် ယနေ့အချိန်အထိ ဆီဘောက်ချာများနှင့် ဖိုင်များလာရောက်ပေးပို့ခြင်း မရှိသေးကြောင်း၊ Water Bus ရေယာဉ်တွင် အသုံးပြုမည့် ဒီဇယ်များကို သိန်း ၅၀ နှင့် သိန်း ၁၀၀ အထိသာအကြွေးဝယ်ယူ ခွင့်ပြုထားကာ၊ ကျော်လွန်ပါက BODသို့တင်ပြရကြောင်း၊ ယခုကြွေးကျန်မှာ သိန်း၇၀၀ ကျော်ရှိသည့် အတွက် ယင်းအချက်ကိုလည်း မိမိတို့အနေဖြင့် စစ်ဆေးလျှက်ရှိကြောင်း၊ မိမိအနေဖြင့်လည်း စာရွက်စာတမ်း မှန်ကန်ပါက ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဖက်ကုမ္ပဏီအနေဖြင့် စာရွက်စာတမ်းများဖြင့် ခိုင်လုံပါက အဆိုပါငွေကြေးအား လာရောက်ထုတ်ယူရန်Tint Tint Myanmar ကုမ္ပဏီမှ Petro &Trans Group ကုမ္ပဏီ အား ဖေဖော်ဝါရီ ၁၈ရက်တွင် စာပေးပို့ အကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ အကြွေးများကို စိစစ်၍ပေးချေပြီးပါက Tint Tint Myanmar ကုမ္ပဏီဘက်မှ ထိခိုက်နစ်နာမူမျာကိုလည်း ဥပဒေဘောင်အတွင်းမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း ၊ ခိုင်သူဇာ / ဓာတ်ပုံ -ဇော်မင်းနိုင်(ဒီပဲယင်း)

No comments:

Post a Comment

My Blog List