Monday, February 17, 2020

ဝူဟန်ပြန် ကျောင်းသား ၅၉ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၃ ဦး အိမ်ပြန်ခွင့်ရ


မန္တလေး ကန်တော်နဒီဆေးရုံတွင် (၁၄)ရက်ကြာ စောင့်ကြပ်စစ်ဆေးမှု ခံယူခဲ့ရပြီးနောက် ဝူဟန်ပြန် ကျောင်းသား(၅၉)ဦးနှင့် အဆိုပါ ကျောင်းသားများကို စောင့်ကြပ်စစ်ဆေးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း (၃)ဦးတို့ ယနေ့ ဖေဖေါ်ဝါရီ(၁၆)ရက်တွင် အိမ်ပြန်ကြပြီ ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားလျှက်ရှိသော တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပိတ်မိနေခဲ့သည့် မြန်မာပညာတော်သင် ကျောင်းသား (၅၉)ဦးကို ဖေဖေါ်ဝါရီ(၂)ရက်က အထူးလေယာဉ်ဖြင့် မန္တလေးမြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ ကန်တော်နဒီဆေးရုံ၌ (၁၄)ရက်ကြာ စောင့်ကြည့်ကာ ယာယီကျန်းမာရေး စောင့်ရှောက်မှု (Quarantine) များ လုပ်ဆောင်ခဲ့သည်။
စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် ကျန်းမာရေးကောင်းမွန်သဖြင့် အိမ်ပြန်ခွင့်ပြုခြင်းဖြစ်ပြီး နေရပ်ပြန်မည့် ကျောင်းသားများထံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်း ရောဂါစောင့်ကြည့် စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ(SRT) ဥက္ကဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့က သွားရောက်နှုတ်ဆက်ခဲ့သည်။
နေအိမ်၊နေရပ်များသို့ ပြန်ကြမည့်ကျောင်း သားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးက ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ မှာကြားခဲ့ပြီး မန္တလေး မြို့တော်ဝန်က ယာဉ်လက်မှတ်နှင့် လမ်းစရိတ်အဖြစ် ကျပ်တစ်သောင်းစီ ထောက်ပံပေးခဲ့သည်။
Image may contain: 9 people, people standing and outdoor
Image may contain: 26 people, people standing, tree and outdoor
Image may contain: 15 people, people standing and outdoor
Image may contain: 8 people, people standing and outdoor
Image may contain: 11 people, people standing, crowd and outdoor
Image may contain: 23 people, people standing
Image may contain: 12 people, crowd and outdoor
Image may contain: 7 people, people standing and outdoor
Image may contain: 6 people
Image may contain: 3 people, people sitting, child and outdoor
Image may contain: 2 people, crowd and outdoor
Image may contain: 6 people, child and outdoor
Image may contain: 3 people, outdoor
Image may contain: 5 people, people standing, flower, plant, tree and outdoor
.

ဝူဟန်ပြန် ကျောင်းသား ၅၉ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၃ ဦး အိမ်ပြန်ခွင့်ရ
သတင်း၊ ဓါတ်ပုံ - မောင်မင်းမော်
မန္တလေး ကန်တော်နဒီဆေးရုံတွင် (၁၄)ရက်ကြာ စောင့်ကြပ်စစ်ဆေးမှု ခံယူခဲ့ရပြီးနောက် ဝူဟန်ပြန် ကျောင်းသား(၅၉)ဦးနှင့် အဆိုပါ ကျောင်းသားများကို စောင့်ကြပ်စစ်ဆေးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း (၃)ဦးတို့ ယနေ့ ဖေဖေါ်ဝါရီ(၁၆)ရက်တွင် အိမ်ပြန်ကြပြီ ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားလျှက်ရှိသော တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပိတ်မိနေခဲ့သည့် မြန်မာပညာတော်သင် ကျောင်းသား (၅၉)ဦးကို ဖေဖေါ်ဝါရီ(၂)ရက်က အထူးလေယာဉ်ဖြင့် မန္တလေးမြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ ကန်တော်နဒီဆေးရုံ၌ (၁၄)ရက်ကြာ စောင့်ကြည့်ကာ ယာယီကျန်းမာရေး စောင့်ရှောက်မှု (Quarantine) များ လုပ်ဆောင်ခဲ့သည်။
စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် ကျန်းမာရေးကောင်းမွန်သဖြင့် အိမ်ပြန်ခွင့်ပြုခြင်းဖြစ်ပြီး နေရပ်ပြန်မည့် ကျောင်းသားများထံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်း ရောဂါစောင့်ကြည့် စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ(SRT) ဥက္ကဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့က သွားရောက်နှုတ်ဆက်ခဲ့သည်။
နေအိမ်၊နေရပ်များသို့ ပြန်ကြမည့်ကျောင်း သားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးက ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ မှာကြားခဲ့ပြီး မန္တလေး မြို့တော်ဝန်က ယာဉ်လက်မှတ်နှင့် လမ်းစရိတ်အဖြစ် ကျပ်တစ်သောင်းစီ ထောက်ပံပေးခဲ့သည်။
#Mandalay_Indepth_News
#Mandalay_News

No comments:

Post a Comment

My Blog List