Thursday, February 20, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေ အဖွဲ့ (JPF) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Image may contain: 2 people
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ငြိမ်းချမ်းရေး ပူးပေါင်းရန်ပုံငွေအဖွဲ့ (Joint Peace Fund -JPF) ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H.E.Mrs. Riika Laatu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီးနှင့် အတူ ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေအဖွဲ့(JPF) ဒုတိယဥက္ကဋ္ဌ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Timenderlin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးပူးပေါင်းရနျပုံငွေအဖွဲ့(JPF)အဖွဲ့မှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအတွက် လိုအပ်သောရန်ပုံငွေများ ပံ့ပိုးကူညီပေးလျက် ရှိသည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံပေါင်းစုံ၌ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက် ရှိရာတွင် မည်သည့်နိုင်ငံမဆို မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ် စနစ်မျိုးကိုသာ ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ၏သမိုင်းကြောင်း၊ ပကတိ အခြေအနေ များနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ကျင့်သုံးသင့်သည့် အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းများအပါအဝင် စိတ်ရှည်သည်းခံ စွာဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM) အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) အစီရင်ခံစာ ထုတ်ပြန်မှုအပေါ် တပ်မတော်အနေဖြင့် ယင်းအစီရင်ခံ စာမထွက် ပေါ်မီကပင်လိုအပ်သော စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည့်အေြခအနေများအား ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြ သူများနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေ အဖွဲ့ (JPF) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
--- --- ---
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး ပူးပေါင်းရန်ပုံ ငွေအဖွဲ့ (Joint Peace Fund -JPF) ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန် နိုင်ငံသံအမတ်ကြီး H.E.Mrs. Riika Laatu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီးနှင့် အတူ ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေအဖွဲ့(JPF) ဒုတိယဥက္ကဋ္ဌ ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီး H.E. Mr. Timenderlin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးပူးပေါင်းရနျပုံငွေအဖွဲ့(JPF)အဖွဲ့မှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအတွက် လိုအပ်သောရန်ပုံငွေများ ပံ့ပိုးကူညီပေးလျက် ရှိသည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံပေါင်းစုံ၌ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက် ရှိရာတွင် မည်သည့်နိုင်ငံမဆို မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ် စနစ်မျိုးကိုသာ ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ၏သမိုင်းကြောင်း၊ ပကတိ အခြေအနေ များနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ကျင့်သုံးသင့်သည့် အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းများအပါအဝင် စိတ်ရှည်သည်းခံ စွာဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM) အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) အစီရင်ခံစာ ထုတ်ပြန်မှုအပေါ် တပ်မတော်အနေဖြင့် ယင်းအစီရင်ခံ စာမထွက် ပေါ်မီကပင်လိုအပ်သော စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြ သူများနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List