Wednesday, February 19, 2020

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိ၍ ဆင်သေပြင်(ဘင်္ဂါလီ) ကျေးရွာနေသူတစ်ဦး မိုင်းထိဒဏ်ရာများဖြင့်သေဆုံး

Image may contain: text
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်(ဘင်္ဂါလီ)ကျေးရွာနေ မာမွတ် အီနူ(ဘ) အဘူကာဆင့်သည် ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၇ နာရီခန့်တွင် နွားကျောင်းရန် ထွက်ခွာခဲ့ရာ ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ညာခြေသလုံး ကြွက်သား ၆ လက်မခန့် ပွင့်ထွက်(အရိုးကျိုး)၊ ယာပေါင်၊ ဆီးခုံမိုင်းစဖောက်ဝင် ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာအား ရွာသားများမှ ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နံနက် ၉ နာရီခွဲခန့်တွင် ထိပ်တူပေါက်ကျေးရွာနှင့် ဖုံညိုလိပ်ကျေးရွာကြားသို့ အရောက်၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ဘင်္ဂါလီကျေးရွာများအတွင်း မိုင်းထောင်ခြင်းများ ပြုလုပ်ခြင်း ကြောင့် ထိပ်တူပေါက် ကျေးရွာမှ ကျောင်းဆရာ အပါအဝင် ကလေးငယ်များ ဇန်နဝါရီ ၇ ရက်တွင် သေကျေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မိုင်းထောင်ရာတွင် ကျေးရွာ အဝင်အထွက် လမ်းများ၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများ၏ လယ်ယာ၊ တောင်ယာများဝန်းကျင်၌ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ ပြုလုပ်လျက် ရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ် အတွင်း ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၃ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦး ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိ၍ ဆင်သေပြင်(ဘင်္ဂါလီ) ကျေးရွာနေသူတစ်ဦး မိုင်းထိဒဏ်ရာများဖြင့်သေဆုံး
--- --- ---
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်(ဘင်္ဂါလီ)ကျေးရွာနေ မာမွတ် အီနူ(ဘ) အဘူကာဆင့်သည် ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၇ နာရီခန့်တွင် နွားကျောင်းရန် ထွက်ခွာခဲ့ရာ ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ညာခြေသလုံး ကြွက်သား ၆ လက်မခန့် ပွင့်ထွက်(အရိုးကျိုး)၊ ယာပေါင်၊ ဆီးခုံမိုင်းစဖောက်ဝင် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာအား ရွာသားများမှ ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နံနက် ၉ နာရီခွဲခန့်တွင် ထိပ်တူပေါက်ကျေးရွာနှင့် ဖုံညိုလိပ်ကျေးရွာကြားသို့ အရောက်၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ဘင်္ဂါလီကျေးရွာများအတွင်း မိုင်းထောင်ခြင်းများ ပြုလုပ်ခြင်း ကြောင့် ထိပ်တူပေါက် ကျေးရွာမှ ကျောင်းဆရာ အပါအဝင် ကလေးငယ်များ ဇန်နဝါရီ ၇ ရက်တွင် သေကျေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မိုင်းထောင်ရာတွင် ကျေးရွာ အဝင်အထွက် လမ်းများ၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများ၏ လယ်ယာ၊ တောင်ယာများဝန်းကျင်၌ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ ပြုလုပ်လျက် ရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ် အတွင်း ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၃ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦး ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List