Tuesday, February 18, 2020

ကယားပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး အဖြစ် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီးအား ပူးတွဲ တာဝန် ပေးအပ်

Image may contain: 1 person, eyeglasses
ကယားပြည်နယ်လွှတ်တော်၏ သဘောတူညီချက် အရ ကယားပြည်နယ်အစိုးရအဖွဲ့တွင် "လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန" ကို တိုးချဲ့ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ( ၂၈. ၆. ၂၀၁၉) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၈၁ / ၂၀၁၉ ဖြင့် ထုတ်ပြန်လိုက်ကြောင်းသိရသည။်

ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ "ကယား ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်ဝန်ကြီး" အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည့် ဦးခင်မောင်ဖြူ အား လစ်လပ်လျှက် ရှိသော လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး နေရာတွင် ပူးတွဲ တာဝန် ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဉပဒေ ပုဒ်မ - ၂၆၂ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ - ၈ နှင့်အညီ လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် အမည်စာရင်း အဆိုပြုတင်သွင်း ခဲ့ရာ (၁၄.၂.၂၀၂၀) ရက် နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ၌ ပြည်နယ် လွှတ်တော်၏ သဘောတူ အတည်ပြုချက် ရယူခဲ့သည်။
No photo description available.
Image may contain: text
Myanmar Harp

No comments:

Post a Comment

My Blog List