Friday, February 21, 2020

ချင်းပြည်နယ်ကို ဦးစားပေးဖွံ့ဖြိုးရေးပြည်နယ်အဖြစ် သတ်မှတ်ခဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်တို့ကို အလေးထားဆောင်ရွက်ပေးနေ


Image may contain: 1 person
၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဘောလုံးကွင်း၌ကျင်းပရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
နံနက် ၉ နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပမည့် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဘောလုံးကွင်းသို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသားများက ဂုဏ်ပြုပန်းစည်းများပေးအပ်၍ ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေးနှင့် မြို့မိမြို့ဖ ဦးငွန်ဟရန်းတို့က (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဒေသခံတိုင်းရင်း သား၊ တိုင်းရင်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်
ယငျးနောကျ (၇၂)နှစျမွောကျ ခငြျးအမြိုးသားနေ့ အခမျးအနားကို ဆကျလကျကငြျးပရာ သိက်ခာတောျရ ဆရာတောျဒေါကျတာလာလျအုပျက ခငြျးအမြိုးသားနေ့ ပှဲတောျအတှကျကောငျးခြီးမငျ်ဂလာ ဆုတောင်းစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် သဘာပတိက (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး ချင်းပြည်နယ်အစိုးအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် "(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး၊ ပြည်ထောင်စုသား ချင်းအားလုံး၊ အထူးသဖြင့် ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ အားလုံးကျန်းမာချမ်းသာပါစေကြောင်း မေတ္တာပို့ပါတယ်။
"ချင်းအမျိုးသားတို့ရဲ့ ယခုလို နေ့ထူးနေ့မြတ် အခါသမယမှာ မြန်မာနိုင်ငံအနှံ့အပြားသာမက နိုင်ငံတကာမှာ ရောက်နေတဲ့ချင်းတိုင်းရင်းသားများအားလုံးကို ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်
"(၂၀) ရာစု ပငျလုံညီလာခံမှာ ကြှနျမတို့ရဲ့ မိဘတှေမြှေောျမှနျးခဲ့တဲ့ ပွညျထောငျစုကွီးကို တညျထောငျရာမှာကံမကောငျး အကွောငျးမလှစှာနဲ့ပဲ ပွညျတှငျးလကျနကျကိုငျပဋိပက်ခကို ရင်ဆိုင်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ ကျွန်မတို့ရဲ‌ေမိဘ၊ ဘိုးဘွားတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်ဟာလည်း ဆုံးခန်းမတိုင်ခဲ့ပါဘူး။ ကျွန်မတို့ မိဘ၊ ဘိုးဘွာတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုအိပ်မက်ကို ဆက်လက်ဖြည့်ဆည်းနိုင်ဖို့ ဒီကနေ့ (၂၁) ရာစုခေတ်မှာ ကျွန်မတို့အစိုးရအနေနဲ့(၂၁) ရာစုပင်လုံညီလာခံကို ခေါ်ယူကျင်းပနေပါတယ်၊ မပြီးဆုံးသေးတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ခရီးလမ်းကို ကျွန်မတို့ ခေတ်၊ ကျွန်မတို့ အချိန်အခါမှာ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။
"ချင်းတိုင်းရင်းသား အများစုနေထိုင်တဲ့ ချင်းပြည်နယ်ဟာပထဝီအနေအထားအရ အခွင့်မသာမှုကြောင့် လူမှုစီးပွားရေးပိုင်းမှာ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကျွန်မတို့နိုင်ငံထဲကမှ အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးဒေသ ဖြစ်ရတာဟာအင်မတန်မှ စိတ်မကောင်းစရာဖြစ်ပါတယ်။ ဒါကြောင့်လည်းကျွန်မတို့အစိုးရလက်ထက်မှာ ချင်းပြည်နယ်ကို ဦးစားပေးဖွံ့ဖြိုးရေး ပြည်နယ်အဖြစ် သတ်မှတ်ပြီး ဘက်စုံထောင့်စုံကနေဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ မြေပြင်ပထဝီ အနေအထားအရ ဆက်သွယ်သွားလာမှုအခက်အခဲတွေ မရှိရလေအောင် ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတို့ကိုဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ နောက်ကျ ကျန်ရစ်ခဲ့ရတဲ့ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားရရှိရေးတို့ကို အလေးထားပြီး ဆောင်ရွက်ပေးနေပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနဲ့ ရပ်ရွာလူထုတို့ကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိပြီး လူထုက တုံ့ပြန်မှုပေးနိုင်တဲ့စနစ်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ဖို့ မူဝါဒချမှတ်ထားပြီး ဒီအတိုင်းပဲ တာဝန်ရှိသူတွေကို ကျွန်မတို့ ဆောင်ရွက်စေပါတယ်"ဟု ပြောကြားသွားသည်။
ယင်းနောက် သဘာပတိက (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် သဝဏ်လွှာများကို မှတ်တမ်းတင်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (ဗဟို)နှင့် ခူမီး(ခမီး)အမျိုးသားပါတီ ဥက္ကဋ္ဌတို့က (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ကျေးဇူးတင်စကား ပြောကြားကာအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(Zawgyi Version)
ချင်းပြည်နယ်ကို ဦးစားပေးဖွံ့ဖြိုးရေးပြည်နယ်အဖြစ် သတ်မှတ်ခဲ့
ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်တို့ကို အလေးထားဆောင်ရွက်ပေးနေ

၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့ အမှတ်(၃) ရပ်ကွက်ရှိ ဘောလုံးကွင်း၌ ကျင်းပရာ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် တက်ရောက်၍ နှုတ်ခွန်းဆက် စကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေ လွှမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
နံနက် ၉ နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပမည့် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဘောလုံးကွင်းသို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသားများက ဂုဏ်ပြုပန်းစည်းများပေးအပ်၍ ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေးနှင့် မြို့မိမြို့ဖ ဦးငွန်ဟရန်းတို့က (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဒေသခံတိုင်းရင်း သား၊ တိုင်းရင်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်
ယင်းနောက် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ သိက္ခာတော်ရ ဆရာတော်ဒေါက်တာလာလ်အုပ်က ချင်းအမျိုးသားနေ့ ပွဲတော်အတွက်ကောင်းချီးမင်္ဂလာ ဆုတောင်းစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် သဘာပတိက (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး ချင်းပြည်နယ်အစိုးအဖွဲ့ဝန်ြကီးချုပ် ဦးဆလိုင်းလျန်လွယ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် "(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး၊ ပြည်ထောင်စုသား ချင်းအားလုံး၊ အထူးသဖြင့် ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ အားလုံးကျန်းမာချမ်းသာပါစေေကြာင်း မေတ္တာပို့ပါတယ်။
"ချင်းအမျိုးသားတို့ရဲ့ ယခုလို နေ့ထူးနေ့မြတ် အခါသမယမှာ မြန်မာနိုင်ငံအနှံ့အပြားသာမက နိုင်ငံတကာမှာ ရောက်နေတဲ့ချင်းတိုင်းရင်းသားများအားလုံးကို ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်။
"(၂၀) ရာစု ပင်လုံညီလာခံမှာ ကျွန်မတို့ရဲ့ မိဘတွေေမျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်ရာမှာကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ရင်ဆိုင်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ ကျွန်မတို့ရဲ‌မေိဘ၊ ဘိုးဘွားတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်ဟာလည်း ဆုံးခန်းမတိုင်ခဲ့ပါဘူး။ ကျွန်မတို့ မိဘ၊ ဘိုးဘွာတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုအိပ်မက်ကို ဆက်လက်ဖြည့်ဆည်းနိုင်ဖို့ ဒီကနေ့ (၂၁) ရာစုခေတ်မှာ ကျွန်မတို့အစိုးရအနေနဲ့(၂၁) ရာစုပင်လုံညီလာခံကို ခေါ်ယူကျင်းပနေပါတယ်၊ မပြီးဆုံးသေးတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ခရီးလမ်းကို ကျွန်မတို့ ခေတ်၊ ကျွန်မတို့ အချိန်အခါမှာ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။
"ချင်းတိုင်းရင်းသား အများစုနေထိုင်တဲ့ ချင်းပြည်နယ်ဟာပထဝီအနေအထားအရ အခွင့်မသာမှုကြောင့် လူမှုစီးပွားရေးပိုင်းမှာ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကျွန်မတို့နိုင်ငံထဲကမှ အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးဒေသ ဖြစ်ရတာဟာအင်မတန်မှ စိတ်မကောင်းစရာဖြစ်ပါတယ်။ ဒါကြောင့်လည်းကျွန်မတို့အစိုးရလက်ထက်မှာ ချင်းပြည်နယ်ကို ဦးစားပေးဖွံ့ဖြိုးရေး ပြည်နယ်အဖြစ် သတ်မှတ်ပြီး ဘက်စုံထောင့်စုံကနေဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ မြေပြင်ပထဝီ အနေအထားအရ ဆက်သွယ်သွားလာမှုအခက်အခဲတွေ မရှိရလေအောင် ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတို့ကိုဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ နောက်ကျ ကျန်ရစ်ခဲ့ရတဲ့ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားရရှိရေးတို့ကို အလေးထားပြီး ဆောင်ရွက်ပေးနေပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနဲ့ ရပ်ရွာလူထုတို့ကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိပြီး လူထုက တုံ့ပြန်မှုပေးနိုင်တဲ့စနစ်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ဖို့ မူဝါဒချမှတ်ထားပြီး ဒီအတိုင်းပဲ တာဝန်ရှိသူတွေကို ကျွန်မတို့ ဆောင်ရွက်စေပါတယ်"ဟု ပြောကြားသွားသည်။
ယင်းနောက် သဘာပတိက (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် သဝဏ်လွှာများကို မှတ်တမ်းတင်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချဳပ္ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (ဗဟို)နှင့် ခူမီး(ခမီး)အမျိုးသားပါတီ ဥက္ကဋ္ဌတို့က (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်းဆာေခါင်းက ကျေးဇူးတင်စကား ပြောကြားကာအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

1 comment:

  1. Do you understand there is a 12 word sentence you can speak to your crush... that will trigger intense feelings of love and instinctual attractiveness for you deep within his chest?

    That's because hidden in these 12 words is a "secret signal" that fuels a man's instinct to love, admire and protect you with his entire heart...

    12 Words Will Fuel A Man's Love Response

    This instinct is so built-in to a man's genetics that it will drive him to work better than before to love and admire you.

    Matter of fact, triggering this powerful instinct is absolutely mandatory to having the best ever relationship with your man that the instance you send your man a "Secret Signal"...

    ...You will soon find him open his mind and heart for you in such a way he's never expressed before and he will see you as the only woman in the universe who has ever truly fascinated him.

    ReplyDelete

My Blog List