Monday, February 17, 2020

တရုတ်ခရီးသွားတွေ ဝင်ရောက်လည်ပတ်ခွင့်မပြုဖို့ မန္တလေးဧည့်လမ်းညွှန်အသင်း တောင်းဆို

Image may contain: one or more people

တရုတ်ခရီးသွားတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်နဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခွင့်ပြုမယ်ဆိုတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ကြေညာချက်ကို မန္တလေးဧည့်လမ်းညွှန်များအသင်းက ကန့်ကွက်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကုသကာကွယ်နိုင်တဲ့ ဆေးမပေါ်သေးဘဲ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံက ခရီးသွားတွေကို လုံးဝလက်မခံသင့်ဘူးလို့ မန္တလေးဧည့်လမ်းညွှန်အသင်းက ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်တာပါ။

မြန်မာနိုင်ငံ ကျမ်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ချုပ်နဲ့ အမျိုးသားအဆင့် SRT ကော်မတီတွေကနေ ရောဂါစိတ်ချရတဲ့ အခြေအနေရောက်ပြီနေပြီလို့ မထုတ်ပြန်မချင်း ဧည့်လမ်းညွှန်တွေအနေနဲ့လည်း တရုတ်ခရီးသွားတွေကို ဝန်ဆောင်မှု မပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက တရုတ်ခရီးသွားတွေကို ကျန်းမာရေး အာမခံချက်ရယူပြီး အရင်စီစဉ်ထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်ခွင့်ပြုကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနကရဲ့ ခွင့်ပြုချက်အရ အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာလို့ စာမှာပါရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ဆုံးဖြတ်ချက်မှာ ကျန်းမာရေးဝန်ကြီးဌာနကရဲ့ ထောက်ခံမှုတွေပါဝင်တယ်လို့ ပြောပါတယ်။

ခရီးသွားတွေအတွက် ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက် တောင်းခံထားသလို လာရောက်တဲ့ခရီးသွားတွေရဲ့ တစ်စုံတစ်ရာ ရောဂါဖြစ်လာခဲ့မယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ အသင့်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းကို RFA က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

RFA
Unicode

တရုတ်ခရီးသွားတွေ ဝင်ရောက်လည်ပတ်ခွင့်မပြုဖို့ မန္တလေးဧည့်လမ်းညွှန်အသင်း တောင်းဆို

တရုတ်ခရီးသွားတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်နဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခွင့်ပြုမယ်ဆိုတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ကြေညာချက်ကို မန္တလေးဧည့်လမ်းညွှန်များအသင်းက ကန့်ကွက်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကုသကာကွယ်နိုင်တဲ့ ဆေးမပေါ်သေးဘဲ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံက ခရီးသွားတွေကို လုံးဝလက်မခံသင့်ဘူးလို့ မန္တလေးဧည့်လမ်းညွှန်အသင်းက ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်တာပါ။

မြန်မာနိုင်ငံ ကျမ်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ချုပ်နဲ့ အမျိုးသားအဆင့် SRT ကော်မတီတွေကနေ ရောဂါစိတ်ချရတဲ့ အခြေအနေရောက်ပြီနေပြီလို့ မထုတ်ပြန်မချင်း ဧည့်လမ်းညွှန်တွေအနေနဲ့လည်း တရုတ်ခရီးသွားတွေကို ဝန်ဆောင်မှု မပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက တရုတ်ခရီးသွားတွေကို ကျန်းမာရေး အာမခံချက်ရယူပြီး အရင်စီစဉ်ထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်ခွင့်ပြုကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနကရဲ့ ခွင့်ပြုချက်အရ အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာလို့ စာမှာပါရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ဆုံးဖြတ်ချက်မှာ ကျန်းမာရေးဝန်ကြီးဌာနကရဲ့ ထောက်ခံမှုတွေပါဝင်တယ်လို့ ပြောပါတယ်။

ခရီးသွားတွေအတွက် ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက် တောင်းခံထားသလို လာရောက်တဲ့ခရီးသွားတွေရဲ့ တစ်စုံတစ်ရာ ရောဂါဖြစ်လာခဲ့မယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုတေွပေးဖို့ အသင့်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ႔ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန်းရှင်များ အသင်းကို RFA က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
Zawgyi

Photo: San Yu Kyaw

(Coronavirus ကို ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်းတပ်ထားတဲ့ ခရီးသည်တွေကို မန္တလေးလေဆိပ်မှာ ၂၀၂၀ ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်)

No comments:

Post a Comment

My Blog List