Wednesday, February 19, 2020

စက်သုံးဆီဂါလံပေါင်း တသိန်းရှစ်သောင်းကျော် အလွဲသုံးစားပြုလုပ်ထားသည့် မန်း စည်ပင်ဝန်ထမ်းတဦး ထွက်ပြေးတိမ်းရှောင်နေသဖြင့် အာမခံမရနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်ထား


Image may contain: one or more people and outdoor
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ စက်သုံးဆီဂိုဒေါင် တာဝန်ခံဦးကျော်စိုး (အငယ်တန်းအင်/ယာ-၂) သည် ဒီဇယ်ဆီဂါလန်ပေါင်း (၁၅၄၈၂၈) နှင့် ဓာတ်ဆီ ဂါလန်ပေါင်း (၃၀၀၀၀) တို့ကိုအလွဲသုံးစားပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် အာမခံမရနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားပြီး တရားမကြောင်းဖြင့်လည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ဒုတိယခြောက်လကာလတွင် စည်ပင်သာယာလုပ်ငန်းနှင့် စာရင်းများကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လပိုင်းကစစ်ဆေးခဲ့စဉ် စက်ရုံနှင့်မော်တော်ယာဉ်ဌာန၏ စက်သုံးဆီနှင့် စတိုပစ္စည်းများအား မြေပြင်လက်ကျန်စာရင်းကောက်ယူခဲ့ရာ ဒီဇယ်ဆီ (၅၀၄၄) ဂါလံလျော့နည်းနေကြောင်းတွေ့ရှိသဖြင့် စက်သုံးဆီဂိုဒေါင်တာဝန်ခံ ဦးကျော်စိုးကိုခေါ်ယူ၍ အပြီးပေးသွင်းစေခဲ့သောကြောင့် မြေပြင်လက်ကျန်နှင့် လယ်ဂျာစာရင်း ကိုက်ညီခဲ့သော်လည်း ယင်းစာရင်းများအား ဦးကျော်စိုးက ပြင်ဆင်ဖြည့်သွင်းထားကြောင်း ဝန်ထမ်းတဦး၏ ပြောကြားချက်ကြောင့် မြေပြင်လက်ကျန်နှင့်လယ်ဂျာစာရင်းကို ကော်မတီက ပြန်လည်စစ်ဆေးခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီဂိုဒေါင်တာဝန်ခံ ဦးကျော်စိုး (အငယ်တန်း အင်/ယာ-၂) သည် ၇/၂၀၁၇ လအတွက် စွမ်းအင်ဝန်ကြီးဌာနမှထုတ်ယူရရှိသည့် ဒီဇယ်ဆီ (၁၉၁၈၂၈) ဂါလံတွင် ဂါလံ (၉၉,၄၀၀) သာ စာရင်းသွင်းထားသဖြင့် (၉၂၄၂၈) ဂါလံလိုအပ်ခြင်း၊ ၈/၂၀၁၇ လအတွက် ရွှေမဲကုမ္ပဏီမှ ဝယ်ယူခဲ့သော ဒီဇယ်ဆီဂါလံ (၁၀၀,၀၀၀) တွင် ဂါလံ (၄၃၂၀၀) ပေးသွင်းရန် လိုအပ်ခြင်း၊ ၉/၂၀၁၇ လအတွက် စွမ်းအင်ဝန်ကြီးဌာနမှ ဒီဇယ်ဆီဂါလံ (၁၉၂၀၀) ထုတ်ယူပြီးဖြစ်သော်လည်း ဌာနသို့မရောက်ရှိခြင်းနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်ဆီဂါလံ (၃၀၀၀၀) ထုတ်ယူပြီးဖြစ်သော်လည်း ဌာနသို့မရောက်ရှိခြင်း စုစုပေါင်း ဒီဇယ်ဆီဂါလံ (၁၅၄၈၂၈) နှင့် ဓာတ်ဆီဂါလံ (၃၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း (၇၈၀.၄၇၂) တို့အား ဌာနသို့ပြန်လည်ပေးသွင်းရန်လိုအပ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“ဒီဇယ်ဆီနဲ့ဓာတ်ဆီတွေကို ကော်မတီက တရားဝင်ဝယ်ယူခဲ့တာပါ။ စက်ရုံနှင့်မော်တော်ယာဉ်ဌာနရဲ့ ဆီသိုလှောက်ကန်တွေဆီ မရောက်ဘူး။ တာဝန်ခံဦးကျော်စိုးတင်ပြလာတဲ့ စက်သုံးဆီဝယ်ယူ ဖြည့်ထားကြောင်း ဘောက်ချာဖြတ်ပိုင်းတွေဟာ ကော်မတီရဲ့အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနဲ့မညီသလို မိမိသဘောနဲ့ စာရွက်စာတမ်းလုပ်ဆောင်ထားတယ်။ စစ်ဆေးချက်အရ သူကိုယ်တိုင်လည်း ဝန်ခံထွက်ဆိုခဲ့တယ်။ ဒါကြောင့် တာဝန်ခံဦးကျော်စိုးကို စည်ပင်ကော်မတီအစည်းအဝေးကနေပြီး အလွဲသုံးစားပြုလုပ်ခဲ့တဲ့ ဒီဇယ်ဆီဂါလန်ပေါင်း (၁၅၄၈၂၈)နဲ့ ဓာတ်ဆီဂါလန်ပေါင်း(၃၀၀၀၀)တို့ကို ပြန်လည်ပေးသွင်းစေဖို့နဲ့ ဝန်ထမ်းအဖြစ်ကထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကို တာဝန်ခံဦးကျော်စိုးက ၂၀၁၈ ခုနှစ်၊ မေလအထိ ပေးလျော်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားတယ်။ ဒါကြောင့် အမှတ်(၁၁) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အကယ်၍ ပြစ်ဒဏ်ချခံပြီးနောက်ပိုင်းမှာလည်း ဆုံးရှုံးနစ်နာခဲ့တဲ့ တန်ဖိုးပြန်လည်ရရှိဖို့ တရားမကြောင်းအရ ဆက်လက်တရားစွဲသွားမှာပါ”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန်ဒေါက်တာရဲလွင်က ယနေ့ဖေဖော်ဝါရီ(၁၈) ရက် နံနက်ကကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် တာဝန်ခံဦးကျော်စိုးကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် ရာဇသတ် ကြီးပုဒ်မ-၄၀၉ဖြင့် အမှုဖွင့်ခဲ့ပြီး ၄င်းမှာထွက်ပြေးတိမ်းရှောင်နေသဖြင့် ချမ်းမြသာစည်မြို့နယ်တရားရုံးသို့ ရာဇသတ်ကြီးပုဒ်မ-၄၀၉/ ကျင့်-၅၁၂ အရ တရားခံပြေးအမှုဖြင့်တရားစွဲတင်ခဲ့ရာ တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇/၈၈ အရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးရာဇ
Photo - မန္တလေးမြို့တော်ဝန် ဦးရဲလွင်က စက်ရုံနှင့်မော်တော်ယာဉ်ဌာနအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်
စက်သုံးဆီဂါလံပေါင်း တသိန်းရှစ်သောင်းကျော် အလွဲသုံးစားပြုလုပ်ထားသည့် မန်း စည်ပင်ဝန်ထမ်းတဦး ထွက်ပြေးတိမ်းရှောင်နေသဖြင့် အာမခံမရနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်ထား
------ ------ ------ ----- -----

မန္တလေးမြို့တော်စည်ပင်သာယာေရးကော်မတီ၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ စက်သုံးဆီဂိုဒေါင် တာဝန်ခံဦးကျော်စိုး (အငယ်တန်းအင်/ယာ-၂) သည် ဒီဇယ်ဆီဂါလန်ပေါင်း (၁၅၄၈၂၈) နှင့် ဓာတ်ဆီ ဂါလန်ပေါင်း (၃၀၀၀၀) တို့ကိုအလွဲသုံးစားပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် အာမခံမရနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားပြီး တရားမကြောင်းဖြင့်လည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ဒုတိယခြောက်လကာလတွင် စည်ပင်သာယာလုပ်ငန်းနှင့် စာရင်းများကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လပိုင်းကစစ်ဆေးခဲ့စဥ် စက်ရုံနှင့်မော်တော်ယာဉ်ဌာန၏ စက်သုံးဆီနှင့် စတိုပစ္စည်းများအား မြေပြင်လက်ကျန်စာရင်းကောက်ယူခဲ့ရာ ဒီဇယ်ဆီ (၅၀၄၄) ဂါလံလျော့နည်းနေကြောင်းတွေ့ရှိသဖြင့် စက်သုံးဆီဂိုဒေါင်တာဝန်ခံ ဦးကျော်စိုးကိုခေါ်ယူ၍ အပြီးပေးသွင်းစေခဲ့သောကြောင့် မြေပြင်လက်ကျန်နှင့် လယ်ဂျာစာရင်း ကိုက်ညီခဲ့သော်လည်း ယင်းစာရင်းများအား ဦးကျော်စိုးက ပြင်ဆင်ဖြည့်သွင်းထားကြောင်း ဝန်ထမ်းတဦး၏ ပြောကြားချက်ကြောင့် မြေပြင်လက်ကျန်နှင့်လယ်ဂျာစာရင်းကို ကော်မတီက ပြန်လည်စစ်ဆေးခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီဂိုဒေါင်တာဝန်ခံ ဦးကျော်စိုး (အငယ်တန်း အင်/ယာ-၂) သည် ၇/၂၀၁၇ လအတွက် စွမ်းအင်ဝန်ကြီးဌာနမှထုတ်ယူရရှိသည့် ဒီဇယ်ဆီ (၁၉၁၈၂၈) ဂါလံတွင် ဂါလံ (၉၉,၄၀၀) သာ စာရင်းသွင်းထားသဖြင့် (၉၂၄၂၈) ဂါလံလိုအပ်ခြင်း၊ ၈/၂၀၁၇ လအတွက် ရွှေမဲကုမ္ပဏီမှ ဝယ်ယူခဲ့သော ဒီဇယ်ဆီဂါလံ (၁၀၀,၀၀၀) တွင် ဂါလံ (၄၃၂၀၀) ပေးသွင်းရန် လိုအပ်ခြင်း၊ ၉/၂၀၁၇ လအတွက် စွမ်းအင်ဝန်ကြီးဌာနမှ ဒီဇယ်ဆီဂါလံ (၁၉၂၀၀) ထုတ်ယူပြီးဖြစ်သော်လည်း ဌာနသို့မရောက်ရှိခြင်းနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်ဆီဂါလံ (၃၀၀၀၀) ထုတ်ယူပြီးဖြစ်သော်လည်း ဌာနသို့မရောက်ရှိခြင်း စုစုပေါင်း ဒီဇယ်ဆီဂါလံ (၁၅၄၈၂၈) နှင့် ဓာတ်ဆီဂါလံ (၃၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း (၇၈၀.၄၇၂) တို့အား ဌာနသို့ပြန်လည်ပေးသွင်းရန်လိုအပ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“ဒီဇယ်ဆီနဲ့ဓာတ်ဆီတွေကို ကော်မတီက တရားဝင်ဝယ်ယူခဲ့တာပါ။ စက်ရုံနှင့်မော်တော်ယာဉ်ဌာနရဲ့ ဆီသိုလှောက်ကန်တွေဆီ မရောက်ဘူး။ တာဝန်ခံဦးကျော်စိုးတင်ပြလာတဲ့ စက်သုံးဆီဝယ်ယူ ဖြည့်ထားကြောင်း ဘောက်ချာဖြတ်ပိုင်းတွေဟာ ကော်မတီရဲ့အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနဲ့မညီသလို မိမိသဘောနဲ့ စာရွက်စာတမ်းလုပ်ဆောင်ထားတယ်။ စစ်ဆေးချက်အရ သူကိုယ်တိုင်လည်း ဝန်ခံထွက်ဆိုခဲ့တယ်။ ဒါကြောင့် တာဝန်ခံဦးကျော်စိုးကို စည်ပင်ကော်မတီအစည်းအဝေးကနြေပီး အလွဲသုံးစားပြုလုပ်ခဲ့တဲ့ ဒီဇယ်ဆီဂါလန်ပေါင်း (၁၅၄၈၂၈)နဲ့ ဓာတ်ဆီဂါလန်ပေါင်း(၃၀၀၀၀)တို့ကို ပြန်လည်ပေးသွင်းစေဖို့နဲ့ ဝန်ထမ်းအဖြစ်ကထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကို တာဝန်ခံဦးကျော်စိုးက ၂၀၁၈ ခုနှစ်၊ မေလအထိ ပေးလျော်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားတယ်။ ဒါကြောင့် အမှတ်(၁၁) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အကယ်၍ ပြစ်ဒဏ်ချခံပြီးနောက်ပိုင်းမှာလည်း ဆုံးရှုံးနစ်နာခဲ့တဲ့ တန်ဖိုးပြန်လည်ရရှိဖို့ တရားမကြောင်းအရ ဆက်လက်တရားစွဲသွားမှာပါ”ဟု မန္တလေးမြို့တော်စည်ပင်သာယာေရးကော်မတီ၊ မြို့တော်ဝန်ဒေါက်တာရဲလွင်က ယနေ့ဖေဖော်ဝါရီ(၁၈) ရက် နံနက်ကကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မန္တလေးမြို့တော်စည်ပင်သာယာေရးကော်မတီအနေဖြင့် တာဝန်ခံဦးကျော်စိုးကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် ရာဇသတ် ကြီးပုဒ်မ-၄၀၉ဖြင့် အမှုဖွင့်ခဲ့ပြီး ၎င်းမှာထွက်ပြေးတိမ်းရှောင်နေသဖြင့် ချမ်းမြသာစည်မြို့နယ်တရားရံုးသို့ ရာဇသတ်ကြီးပုဒ်မ-၄၀၉/ ကျင့်-၅၁၂ အရ တရားခံပြေးအမှုဖြင့်တရားစွဲတင်ခဲ့ရာ တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇/၈၈ အရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးရာဇ
Photo - မန္တလေးမြို့တော်ဝန် ဦးရဲလွင်က စက်ရုံနှင့်မော်တော်ယာဉ်ဌာနအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်

No comments:

Post a Comment

My Blog List