Monday, February 17, 2020

ရန်ကုန်မြို့အတွင်းလှည့်ပတ်ကာ ဖုန်းအလုံး ၃၀ နီးပါးခိုးယူသူအမျိုးသားကို ဖမ်းဆီးရမိ


Image may contain: 1 person
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မိမိနယ်မြေအတွင်း ခိုး၊ဆိုး၊လု၊နှိုက်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီး အရေးယူဆောင်ရွက်သွားရန်ညွှန်ကြားချက်အရ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် လှိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၄.၂.၂၀၂၀ ရက်နေ့ ၁၈၀၀ အချိန်တွင် လှိုင်မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက် နေစဉ် ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက် ရပ်ကွက်၊ ဆေးဝါးစက်လမ်း၊ အမှတ်(၂၇၇)နေ ဇင်ကိုဦး(ခ)ဇင်ကို ကို တွေ့ရှိစစ်ဆေးရာ ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ Samsung Galaxy Tab-A အမျိုးအစား ဖုန်း(၁)လုံး၊ Redmi Note 4 အမျိုးအစား ဖုန်း(၁)လုံး တို့နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက်အထားမပြနိုင်သဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။
ဖမ်းဆီးရမိသူ ဇင်ကိုဦး(ခ)ဇင်ကို ကို အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ အမည်မသိဖုန်းဆိုင်(၁)ဆိုင်မှ လက်ကိုင်ဖုန်း(၃)လုံးနှင့် အလားတူခိုးယူ ရရှိသည့်လက်ကိုင်ဖုန်းများကို ၎င်း၏နေအိမ်တွင်သိမ်းဆည်းထားေြကာင်း ထွက်ဆိုချက်အရ ၎င်း၏နေအိမ်သို့ သက်သေများနှင့်နှင့်အတူ သွားရောက်ရှာဖွေရာ လက်ကိုင်ဖုန်းအမျိုးမျိုး(၂၈)လုံးကို သိမ်းဆည်းရရှိခဲ့ပြီး ဖုန်းခိုးမှုကျူးလွန်သူ ဇင်ကိုဦး(ခ)ဇင်ကို ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
အကုန်သိသတင်းဌာန
Unicode Version

ရန်ကုန်မြို့အတွင်းလှည့်ပတ်ကာ ဖုန်းအလုံး ၃၀ နီးပါးခိုးယူသူအမျိုးသားကို ဖမ်းဆီးရမိ
------------ အကုန်သိသတင်းဌာန ------------

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မိမိနယ်မြေအတွင်း ခိုး၊ဆိုး၊လု၊နှိုက်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီး အရေးယူဆောင်ရွက်သွားရန်ညွှန်ကြားချက်အရ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် လှိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၄.၂.၂၀၂၀ ရက်နေ့ ၁၈၀၀ အချိန်တွင် လှိုင်မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက် နေစဉ် ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက် ရပ်ကွက်၊ ဆေးဝါးစက်လမ်း၊ အမှတ်(၂၇၇)နေ ဇင်ကိုဦး(ခ)ဇင်ကို ကို တွေ့ရှိစစ်ဆေးရာ ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ Samsung Galaxy Tab-A အမျိုးအစား ဖုန်း(၁)လုံး၊ Redmi Note 4 အမျိုးအစား ဖုန်း(၁)လုံး တို့နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက်အထားမပြနိုင်သဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဇင်ကိုဦး(ခ)ဇင်ကို ကို အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ အမည်မသိဖုန်းဆိုင်(၁)ဆိုင်မှ လက်ကိုင်ဖုန်း(၃)လုံးနှင့် အလားတူခိုးယူ ရရှိသည့်လက်ကိုင်ဖုန်းများကို ၎င်း၏နေအိမ်တွင်သိမ်းဆည်းထားကြောင်း ထွက်ဆိုချက်အရ ၎င်း၏နေအိမ်သို့ သက်သေများနှင့်နှင့်အတူ သွားရောက်ရှာဖွေရာ လက်ကိုင်ဖုန်းအမျိုးမျိုး(၂၈)လုံးကို သိမ်းဆည်းရရှိခဲ့ပြီး ဖုန်းခိုးမှုကျူးလွန်သူ ဇင်ကိုဦး(ခ)ဇင်ကို ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

My Blog List