Monday, February 17, 2020

သမ္မတဦးသိန်းစိန်လက်ထက် ကုမ္ပဏီ ၁၀ ခုကို နိုင်ငံတော်ဧည့်ဂေဟာ ဆောက်ရန် ငွေဘီလီယံ ၂၄၀ ထုတ်ချေးခဲ့သော်လည်း အတိုးငွေမရရှိမှုများရှိနေ၊ ဧဒင်၊ မက်စ်၊ ရွှေတောင်၊ IGE ၊ ထူး၊ အေးရှားဝေါလ်တို့လည်းပါဝင်

Image may contain: text
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် နေပြည်တော်တွင် နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်ရန် ငွေကျပ် ဘီလီယံ ၂၄၀ ကုမ္မဏီ ၁၀ ခုကို ထုတ်ချေးခဲ့သော်လည်း အတိုးငွေ မရရှိမှုများ ရှိနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ သိရှိရသည်။

နေပြည်တော်တွင် နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်ရေးအတွက် Jade Vila ၂ လုံးစီ တည်ဆောက်ရန် ဧဒင်၊ အာရှအမြန်(ရန်ကုန်)ဟိုတယ်ကုမ္ပဏီ၊ IGE ၊ မက်စ်မြန်မာ၊ အေးရှားဝေါလ်၊ နီလာရိုးမ ကျောက်မျက်ရတနာကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ၊ ACE ကုမ္ပဏီ၊ ထူးကုမ္ပဏီ၊ Original Group ကုမ္ပဏီ စုစုပေါင်း ၁၀ ခုကို ငွေကျပ် သန်း ၂၄၀၀၀ စီဖြင့် စုစုပေါင်း ဘီလီယံ ၂၄၀ ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့ကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်အစိုးရ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်ရေးလုပ်ငန်းများ အတွက် ကုမ္ပဏီ ၁၀ ခုအနက်မှ ကုမ္ပဏီ ၇ ခုသို့ ကျပ်သန်း ၃၇၅၀၀ အား အတိုးနှုန်း ၈ ဒသမ ၂၅ နှုန်းဖြင့် ထပ်မံ၍ ထုတ်ချေးခဲ့ကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ကုမ္ပဏီ ၁၀ ခုက ချေးငွေ များအတွက် မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည့် အတိုး ၄ ရာခိုင်နှုန်း ကျပ်သန်း ၄၈၁၃ ဒသမ ၁၅၀ အနက်မှ ကျပ်သန်း ၂၈၈၅ ဒသမ ၂၆၀ ပေးသွင်းကြောင်း၊ ကုမ္ပဏီ ၅ ခုက ပေးသွင်းရန် ကျန်ငွေ ကျပ်သန်း ၁၉၂၇ ဒသမ ၈၉၀ ကျန်ရှိကြောင်း ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းရမည့် အတိုး ၀ ဒသမ ၅ ရာခိုင်နှုန်း ကျပ် သန်း ၆၀၁ ဒသမ ၆၄၀ အနက်မှ ကျပ်သန်း ၃၆၀ ဒသမ ၆၅၆ သာပေးသွင်းခဲ့ပြီး ကျပန်ငွေ သန်း ၂၄၀ ဒသမ ၉၈၄ ကျန်ရှိနေကြောင်း ဖော်ပြထားသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့အထိ ကုမ္မဏီများက မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည့် အတိုး ၄ ရာခိုင်နှုန်း ကျန်ငွေ ကျပ်သန်း ၁၉၂၇ ဒသမ ၈၉၀ အနက်မှ ကျပ်သန်း ၁၄၄၆ ဒသမ ၅၇၅ သာ ပေးသွင်းခဲ့ပြီး ကျန်ငွေ ကျပ်သန်း ၄၈၁ ဒသမ ၃၁၅ ရှိကြောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းရန် အတိုးကျန်ငွေ ကျပ်သန်း ၂၄၀ ဒသမ ၉၈၄ အနက်မှ ကျပ်သန်း ၁၈၀ ဒသမ ၈၂၀ သာ အတိုးပေးသွင်းပြီး ကျပ်သန်း ၆၀ ဒသမ ၁၆၄ ကျန်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါချေးငွေများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အရင်းဆပ်ကာလစတင်မည်ဖြစ်ရာ ယင်းချေးငွေများကို ရရှိရေး ဘဏ်လုပ်ထုံးလုပ်နည်းများ ကြီးကြပ်ဆောင်ရွက်ရန် အစီရင်ခံစာက တိုက်တွန်းထားသည်။

No comments:

Post a Comment

My Blog List