Monday, February 17, 2020

အပစ်ရပ်ခိုင်မာရေးအတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် (NCA-S EAO) အဖွဲ့ တွေ့ဆုံဆွေးနွေး


Image may contain: 4 people, people sitting, table and indoor
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) တို့ရဲ့ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး ဆိုင်ရာ ညှိနိုင်းရေးအဖွဲ့တို့ ညှိနိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၆)ရက်က ရန်ကုန်မြို့ ချင်းတွင်းလမ်းက NRPC ရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးပွဲကို နှစ်ဘက်ကိုယ်စားလှယ်တွေ အစုံအလင်တက်ရောက်ခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဖဒိုစောဆဲလ်ဂေ တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲပါတယ်။ ဆွေးနွေးပွဲမှာ (၂၀၂၀)ခုနှစ် ဇန်နဝါရီ(၈)ရက်က နေပြည်တော်မှာကျင်းပတဲ့ JICM meeting ဆုံးဖြတ်ချက်တွေဖြစ်တဲ့ NCA အခန်း( ၃ ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အခန်း (၄)က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်တာ၊ အခန်း (၆)က ကြားကာလအတွင်းဆောင်ရွက်ရမယ့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ဦးစားပေး အကောင်အထည်ဖော်ဖို့၊ ဆွေးနွေးမှုနဲ့အပြိုင် JMC အစည်းအဝေးတွေကို ကျင်းပဖို့ ဆွေးနွေးခဲ့တယ်လို့ ဦးလှမောင်ရွှေကပြောပါတယ်။
JMC meeting တွေကို အစိုးရဘက်က မတ်(၁၀)ရက်၊ (၁၁)ရက်နဲ့ (၁၂)ရက်တွေမှာ ပြုလုပ်ဖို့ အဆိုပြုထား တယ်လို့လည်းဆိုပါတယ်။ ဆွေးနွေးမှုတွေ အဆင်ပြေတာကြောင့် ဒီကနေ့ ဖေဖော်ဝါရီ (၁၇)ရက် နဲ့ (၁၈)ရက် တွေမှာ NCA-S EAO ညှိနှိုင်းရေးအဖွဲ နဲ့ ညှိနှိုင်းအစည်းအဝေး ဆက်လုပ်သွားမယ်လို့လည်းဆိုပါတယ်။ 
Image may contain: 4 people, people sitting and indoor
Image may contain: 2 people, people sitting, table and indoor
Image may contain: 8 people, people sitting, table and indoor
source- Hla Maung Shwe(fb)

No comments:

Post a Comment

My Blog List