Thursday, February 20, 2020

လမ်းမတော်သံဈေးမီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၈၀ ကျော် မီးသင့်

Image may contain: sky
လမ်းမတော်သံဈေးမီးလောင်မှုဟာ စျေးဒုတိယထပ်က စတင်ခဲ့တာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၈၀ ကျော် မီးသင့်ခဲ့တယ်လို့ မီးငြှိမ်းသတ်မှုမှာ ပါဝင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒုတိယထပ်မှာ ဆိုင်ခန်းပေါင်း တစ်ရာကျော်ရှိပြီး ၃ နာရီကျော်ကြာမီးလောင်မှုမှာ အပေါ်ထပ်မှာရှိတဲ့ လူနေအခန်းက လူ ၈၀ ကျော်ကိုလည်း မီးသတ်က ကယ်ထုတ်နိုင်ခဲ့ပါတယ်။
မီးခိုးမွှန်သွားတဲ့ သက်ကြီးပိုင်းအချို့ဆေးရုံတင်ပို့ခဲ့ရတာရှိပေမယ့် အသက်အန္တရာယ်တော့မရှိဘူးလို့ အခင်းဖြစ်ပွားရာ နေရာက မီးသတ်တွေက ပြောပါတယ်။
Image may contain: one or more people, people standing and outdoor
Image may contain: sky and outdoor

သတင်း- ဇွဲဉာဏ်
ဓာတ်ပုံ- AFP

No comments:

Post a Comment

My Blog List