Thursday, February 20, 2020

NLDပါတီမှ မိုးညိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဂတိလိုက်စားမှုဖြင့် ပဲခူးထောင်တွင် ဖမ်းဆီးထိန်းသိမ်း

Image may contain: 2 people, text
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီးနောက် လက်ရှိအချိန်၌ ပဲခူးထောင်၌ ထိန်းသိမ်းခြင်းခံထားရပါတယ်
ဦးကျော်မျိုးမင်းသည် ၂၀၁၇ ခုနှစ်၌ အင်းလေလံကိစ္စနှင့်ပတ်သက်ပြီး ငွေကြေးအရှုပ်တော်ပုံအချို့ကြောင့် သက် ဆိုင်သူများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။အဆိုပါတိုင်ကြားမှုများကို အဂတိကော်မရှင်က စစ်ဆေးပြီးနောက် ဦးကျော်မျိုးမင်းကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ (၅၉) အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်

လက်ရှိအချိန်၌ ဦးကျော်မျိုးမင်းသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အကျဉ်းထောင်၌ ဖမ်းဆီးခံထားရပြီးနောက် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော် အမှတ်(၂) တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပါ တယ်။

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် သက်တမ်းတိုး လျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသားကြီးများထံမှ ငွေကျပ် ၆၇သိန်း တောင်းခံခဲ့သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် မိုးညိုမြို့နယ် အတွင်းရှိ အင်းသားကြီး (၉)ဦးအား နောက်ထပ် အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟု ပြောကြား၍ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုး အလွဲသုံးခြင်းအား စစ်ဆေးအရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို စီမံခန့်ခွဲရေး တာဝန်ဖြစ်သော အင်းလေလံပစ်ရာတွင် ကြီးကြပ် ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကြေးတိုင်အင်း သက်တမ်းတိုး လျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသားကြီးများထံမှ ငွေကျပ် (၃၅)သိန်းနှင့် ငွေကျပ် (၃၂)သိန်းတို့ကို (၂)ကြိမ် တောင်းခံ ရယူခဲ့ခြင်းဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

“အခုချိန်ထိတော့ ကျွန်တော်တို့ဆီကိုတော့ အကြောင်းကြားတာမျိုးမရှိသေးဘူး။ သူတို့ဘက်က အကူ အညီတောင်းတဲ့ စာလာတင်တာမျိုးတို့၊ ဒါမှမဟုတ်သူကိုယ်တိုင် အကူအညီလာတောင်းတာမျိုးဆို ပါတီကပဲ လာလာ၊ ဗဟိုကပဲလာလာ ကျွန်တော်တို့ဆီကို အကူအညီတောင်းခံလာတဲ့ဘယ်ဟာမဆို ဆောင်ရွက်ပေးမှာပါ။ အခုက ကျွန်တော်တို့ဆီကို ရောက်လာတာမရှိသေးဘူး”ဟုပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးညွန့်ရွှေ က ပြောသည်။

Ref-PeopleMedia
>>Zawgyi<<
NLDပါတီမှ မိုးညိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဂတိလိုက်စားမှုဖြင့် ပဲခူးထောင်တွင် ဖမ်းဆီးထိန်းသိမ်း
Thursday , February 20 , 2020
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီးနောက် လက်ရှိအချိန်၌ ပဲခူးထောင်၌ ထိန်းသိမ်းခြင်းခံထားရပါတယ်

ဦးကျော်မျိုးမင်းသည် ၂၀၁၇ ခုနှစ်၌ အင်းလေလံကိစ္စနှင့်ပတ်သက်ပြီး ငွေကြေးအရှုပ်တော်ပုံအချို့ေကြာင့် သက် ဆိုင်သူများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။အဆိုပါတိုင်ကြားမှုများကို အဂတိကော်မရှင်က စစ်ဆေးပြီးနောက် ဦးကျော်မျိုးမင်းကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ (၅၉) အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်

လက်ရှိအချိန်၌ ဦးကျော်မျိုးမင်းသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အကျဉ်းထောင်၌ ဖမ်းဆီးခံထားရပြီးနောက် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော် အမှတ်(၂) တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပါ တယ်။

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် သက်တမ်းတိုး လျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသားကြီးများထံမှ ငွေကျပ် ၆၇သိန်း တောင်းခံခဲ့သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် မိုးညိုမြို့နယ် အတွင်းရှိ အင်းသားကြီး (၉)ဦးအား နောက်ထပ် အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟု ပြောကြား၍ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုး အလွဲသုံးခြင်းအား စစ်ဆေးအရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို စီမံခန့်ခွဲရေး တာဝန်ဖြစ်သော အင်းလေလံပစ်ရာတွင် ကြီးကြပ် ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကြေးတိုင်အင်း သက်တမ်းတိုး လျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသားကြီးများထံမှ ငွေကျပ် (၃၅)သိန်းနှင့် ငွေကျပ် (၃၂)သိန်းတို့ကို (၂)ကြိမ် တောင်းခံ ရယူခဲ့ခြင်းဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

“အခုချိန်ထိတော့ ကျွန်တော်တို့ဆီကိုတော့ အကြောင်းကြားတာမျိုးမရှိသေးဘူး။ သူတို့ဘက်က အကူ အညီတောင်းတဲ့ စာလာတင်တာမျိုးတို့၊ ဒါမှမဟုတ်သူကိုယ်တိုင် အကူအညီလာတောင်းတာမျိုးဆို ပါတီကပဲ လာလာ၊ ဗဟိုကပဲလာလာ ကျွန်တော်တို့ဆီကို အကူအညီတောင်းခံလာတဲ့ဘယ်ဟာမဆို ဆောင်ရွက်ပေးမှာပါ။ အခုက ကျွန်တော်တို့ဆီကို ရောက်လာတာမရှိသေးဘူး”ဟုပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးညွန့်ရွှေ က ပြောသည်။


Ref-PeopleMedia 

No comments:

Post a Comment

My Blog List