Wednesday, February 19, 2020

နိုင်လွတ်လုံ ကိုအာမခံပေးနိုင်သည့် ဥပဒေတစ်ခုအဖြစ်ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီဥပဒေကြမ်းတင်သွင်း

Image may contain: one or more people
နိုင်လွတ်လုံ ကိုအာမခံပေးနိုင်သည့် ဥပဒေတစ်ခုအဖြစ်ပြင်ဆင်ရန်ဥပဒေကြမ်းတင်သွင်းထားသည်ဟု ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီဥက္ကဌ ဦးတင်ထွေးက Myanmar Harp ကိုပြောသည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်ဥပဒေကြမ်းတင်သွင်းလိုက်ခြင်းဖြစ်သည်ဟုပြောကာ ပြစ်ဒဏ်ချမှတ်သည့် ဥပဒေကိုပြင်ဆင်ခြင်းဖြင့် အာမခံပေးနိုင်အောင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ရှင်းပြသည်။
"ဒီ ဥပဒေပြဌာန်းလိုက်တာက နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးမဆုံးရံှုးအောင် ရရှိအောင် ပြဌာန်းလိုက်တာ။ဒါပေမယ့်အချို့က ဒီဥပဒေမှာပါတဲ့ အာမခံပေးမရတဲ့ အချက်ကို ကိုင်ပြီးတစ်ဦးနဲ့ တစ်ဦးအမှုဖွင့်နေကြတယ်။ဥပဒေမှာပြဌာန်းထားတာက အမှုလာဖွင့်တယ်ဆိုရင် စခန်းမှူးက အမှုဖွင့်ပေးရတယ်။ပြီးတော့ ဖမ်းဆီး၊ရမန်ယူတယ်။စခန်းမှူးကအမှုမဖွင့်ပေးလို့မရဘူး။အမှုမဖွင့်ပေးရင်အရေးယူခံရမယ်လေ။အာမခံမရတော့ စွပ်စွဲခံရသူက အချုပ်ထဲ ၂၈ရက်၊၁လလောက်နေရတယ်။ဥပဒေအကြံပေးက ဒီအမှုက နိုင်လွတ်လုံ နဲ့ မမြောက်ဘူးလို့ လည်းအကြံပြုရော စွပ်စွဲခံရသူက အချုပ်ထဲမှာ နေလိုက်ရတယ်။နစ်နာတာပေါ့။ဒါ့ကြောင့်ပြင်တာ။အဓိကက ပြစ်ဒဏ်ကိုပဲပြင်ဖို့လုပ်တာ အရင် ၆လကနေ ၃နှစ်၊အခု ၆လကနေ ၂နှစ်။ဒီတော့ အာမခံပေးလို့ရသွားပြီ၊ငွေဒဏ်တွေဘာတွေက မပြင်ဘူး။ဒီအတိုင်းပဲ ထားမယ်"ဟု ဦးတင်ထွေးက ရှင်းပြသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List