Thursday, February 20, 2020

မလေးရှားသို့သွားရောက်ရန် ထွက်ခွာလာသည့် ဘင်္ဂါလီလူမျိုး ၅၄ ဦးကို လှည်းကူးမြို့တွင် ဖမ်းဆီးရမိ

Image may contain: one or more people, plant, tree, outdoor and nature
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်က မလေး ရှားနိုင်ငံသို့သွားရောက်ရန် ထွက်ခွာလာသည့်ဘင်္ဂါလီလူမျိုး ၅၄ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ အချိန်က လှည်းကူးမြို့နယ်၊ စာဘူးတောင်း ကျေးရွာအုပ်စု၊ ဝါးတာကျေးရွာ၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၅/၆)ဘေးရှိ ၁ ဖာလုံ ခန့်အကွာ လမ်းယာဘက်တောအတွင်း၌ ဘင်္ဂါလီလူမျိုးများတွေ့ရှိရကြောင်း ဝါးတာကျေးရွာနေ ဦးတင်ငွေ၏ သတင်းပေးပို့ချက်အရ အဆိုပါနေရာသို့တာဝန်ရှိသူများသွားရောက်ကြည့်ရှုရာ ဘင်္ဂါလီလူမျိုး ကျား ၁၈ ဦး၊ မ ၂၈ ဦး၊ ကလေးကျား ၂ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၄၉ ဦးတွေ့ရှိခဲ့ပြီး အနီးဝန်းကျင်အားဆက်လက်ရှာဖွေခဲ့ရာ ကျား ၄ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၅ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ၅၄ ဦးတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အား လှည်းကူးမြို့မရဲစခန်းသို့ ဝါးတာကျေးရွာမှ မော်တော်ယာဉ်များဖြင့်ခေါ်ဆောင်လာခဲ့ရာ ညနေ ၃ နာရီ မိနစ် ၄၀ တွင်ရောက်ရှိခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဘင်္ဂါလီလူမျိုး ၅၄ ဦးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်များမှဖြစ်ပြီး မလေးရှားနိုင်ငံသို့သွားရောက်ရန် ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တူမောရိုးနယူးဂျာနယ်
Unicode
မလေးရှားသို့သွားရောက်ရန် ထွက်ခွာလာသည့် ဘင်္ဂါလီလူမျိုး ၅၄ ဦးကို လှည်းကူးမြို့တွင် ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်က မလေး ရှားနိုင်ငံသို့သွားရောက်ရန် ထွက်ခွာလာသည့်ဘင်္ဂါလီလူမျိုး ၅၄ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ အချိန်က လှည်းကူးမြို့နယ်၊ စာဘူးတောင်း ကျေးရွာအုပ်စု၊ ၀ါးတာကျေးရွာ၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၅/၆)ဘေးရှိ ၁ ဖာလုံ ခန့်အကွာ လမ်းယာဘက်တောအတွင်း၌ ဘင်္ဂါလီလူမျိုးများတွေ့ရှိရကြောင်း ၀ါးတာကျေးရွာနေ ဦးတင်ငွေ၏ သတင်းပေးပို့ချက်အရ အဆိုပါနေရာသို့တာဝန်ရှိသူများသွားရောက်ကြည့်ရှုရာ ဘင်္ဂါလီလူမျိုး ကျား ၁၈ ဦး၊ မ ၂၈ ဦး၊ ကလေးကျား ၂ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၄၉ ဦးတွေ့ရှိခဲ့ပြီး အနီးဝန်းကျင်အားဆက်လက်ရှာဖွေခဲ့ရာ ကျား ၄ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၅ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ၅၄ ဦးတွေ့ရှိခဲ့ကြောင်း၊ ၄င်းတို့အား လှည်းကူးမြို့မရဲစခန်းသို့ ၀ါးတာကျေးရွာမှ မော်တော်ယာဉ်များဖြင့်ခေါ်ဆောင်လာခဲ့ရာ ညနေ ၃ နာရီ မိနစ် ၄၀ တွင်ရောက်ရှိခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဘင်္ဂါလီလူမျိုး ၅၄ ဦးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်များမှဖြစ်ပြီး မလေးရှားနိုင်ငံသို့သွားရောက်ရန် ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တူမောရိုးနယူးဂျာနယ်

No comments:

Post a Comment

My Blog List