Wednesday, February 19, 2020

သရုပ်ဆောင်မေသန်းနုအား အိမ်ပေါင်ခဲ့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ထပ်မံတရားစွဲ

Image may contain: 3 people, people standing
သရုပ်ဆောင်မေသန်းနုအား လှည်းတန်း ၆လမ်း၊ အိမ်နံပတ် ၁၁ ရှိတိုက် ၂ထပ်အိမ်အား အိမ်ပေါင်ခဲ့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ထပ်မံတရားစွဲဆိုခြင်းပြုလုပ်ခဲ့ကြောင်း တရားလို မစန်းစန်းမြင့်ကပြောကြားခဲ့သည်။
"အခုကတော့ ရက်ချိန်းယူတာပါ။၂၇ ရက်နေ့မှာ ရုံးချိန်းပြန်ချိန်ဆိုပါတယ်။ရက်ပေါင်း ၂၇၀ ကိုအပြီးစစ်မယ်လို့ပြောထားတယ်။ဒီကိစ္စက ကျွန်မအိမ်ကို ၂၀၁၄ ခုနှစ်မှာပေါင်ခဲ့တာ ၂၀၁၆မှာဆုံးသွားတာပါပေါင်တာ။ သူတို့ဘက်က အကူအညီတောင်းလို့ လုပ်ပေးလိုက်တာပါ။ အခုဆုံးသွားပြီ။ ပထမစစွဲခင်တုန်းက မပါဘူး။ မပါတော့ သူကမဆင့် ကမပေးဘူး။ဒါကြောင့် ထပ်ပြီးတော့ စွဲလိုက်တာပါလို့ ၎င်းကပြောသည်။
ဆက်လက်၍ "ကျွန်မက ပိုက်ဆံပေးထားတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အတိုး၃၀ တိုးဆိုတာလည်းမဟုတ်ပါဘူး။ ကျွန်မက သိန်း၄၀၀နဲ့ တရားစွဲသွားတယ်။ နောက်တိုင်းမှာ ဘဏ်စာရွက် သိန်း၆၂၅ကိုချက်လက်မှတ်ကိစ္စ၊ ကားပေါင်သွားတဲ့ ကိစ္စတွေလည်း တရားစွဲတာပါပါတယ်။ နောက် သူတို့ဘက်က ညှိနှိုင်းမယ်ပြောတာလည်း မဟုတ်ပါဘူး။ကျွန်မဆုံးရှုံးသွားတဲ့ သိန်း ၁၂၅၀ ပဲပေး ပါဆိုလည်း မပေးဘူး။တရားမမူရုံးမှာ တစ်လ ၁၀ သိန်းနဲ့ပေးပါပြောတာ။သူက တစ်လ ၅သိန်းသူကပေးမယ်ပြောတာပါ။ တစ်နှစ်ကျော်သွားတယ်။ သူရော၊ရှေ့နေရော ဘယ်သူမှ မလာပါဘူး။ ဒီအမူက ပုဒ်မ ရာကြီးမှုအမှတ်(၂၇၅/၂၀၁၇)ပုဒ်မ- ၄၂၀ပါ။ကျွန်မက ဘယ်သူ့ကိုမှ မနစ်နာစေချင်ဘူး။ ကိုယ့်ဆုံးရှုံးသွားတာ ပြန်ရရင် ကြေအေးပေး သွားမှာပါ။ကျွန်မတို့က ဘဝ သမားတွေပါ။ကျွန်မ ကျန်တာတော့ ဘာမှမပြောချင်ဘူး။ ကျွန်မမှန်နေတာကိုသိပြီး ပေးမယ်ပြောပြီး မပေးတာ စိတ်မကောင်းဘူး။ ကျွန်မအိမ်က လှည်းတန်း၊ ၆လမ်း၊ အိမ်နံပတ် ၁၁၊ အိမ်က ၂ထပ်အိမ်ပါ။"ဟု ၎င်းကပြောကြားခဲ့သည်။
လာမည့်ရုံးချိန်းကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သရုပ်ဆောင်မေသန်းနုအနေဖြင့်လည်း လက်ရှိတွင်လည်း တိုက်ခန်းစရံငွေ သိန်း ၄၀၀ လိမ်လည်ရယူမူဖြင့် တိုင်တန်းခဲ့ခြင်းကြောင့် ရန်ကင်းတရားရုံးတွင် အမူရင်ဆိုင်ကာ အာမခံရရှိခဲ့ကြောင်း သိရသည်။
Image may contain: 3 people
Image may contain: car, tree, plant and outdoor

သတင်း-ခိုင်သူဇာ / ဓာတ်ပုံ-ဇော်မင်းနိုင်(ဒီပဲယင်း)

No comments:

Post a Comment

My Blog List