Monday, February 17, 2020

တပ်မတော်ပိုင် ဦးပိုင်နဲ့ စီးပွားရေးလုပ်တာ ကီရင် Kirin ပြန်သုံးသပ်နေ

Image may contain: 1 person, indoor
တပ်မတော်ပိုင် ဦးပိုင်နဲ့ ဆက်စပ်လုပ်ကိုင်နေတာကို ဂျပန်နာမည်ကြီး ဘီယာ ကုမ္ပဏီ ကီရင် (Kirin) က အထူးပြန်လည်သုံးသပ်နေတယ်လို့ လန်ဒန်အခြေစိုက် ဂါးဒီယန်း (Guardian) သတင်းစာက ဖော်ပြလိုက်ပါတယ်။

ကီရင် ဘီယာကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ယိုရှင်နိုရီ အီဆိုဇာကီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဂါးဒီးယန်းသတင်းစာက ဖေဖော်ဝါရီ ၁၅ ရက်နေ့တုန်းက ဖော်ပြလိုက်တာပါ။ ကီရင်ကုမ္ပဏီဟာ ကုလသမဂ္ဂအချက်လက် ရှာဖွေရေးမစ်ရှင် (FFM) ရဲ့ အစီရင်ခံစာထဲမှာ လူ့အခွင့်ရေးချိုးဖောက်မှုကျးလွန်တဲ့ တပ်မတော်ကို ငွေလှူတယ်လို့လည်း ဖော်ပြခံခဲ့ရပါတယ်။
FFM ရဲ့ အစီရင်ခံစာထွက်ရှိပြီးနောက် ကီရင်ရဲ့ ဥက္ကဋ္ဌက ဦးပိုင်ရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကီရင်ဟာ မြန်မာ့ဘီယာဈေးကွက်ထဲမှာ နာမည်ရနေတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ကီရင်ဟာ ဦးပိုင်ရှယ်ယာတွေပါတဲ့ မြန်မာဘီယာနဲ့ မန္တလေးဘီယာတို့ရဲ့ အစုအစပ်ထဲမှာ ၅၀ ရာခိုင်နှုန်းကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ ဂါးဒီးယန်းသတင်းမှာ ရေးသားထားပါတယ်။
၂၀၁၇ ရခိုင်မြောက်ပိုင်း ရှင်းလင်းရေးစစ်ဆင်ရေးမှာ တပ်မတော်က ဆိုးရွားတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာတွေ ရှိနိုင်ကြောင်း နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအမှုရင်ဆိုင်နေတဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ထွက်ဆိုထားပါတယ်။ ဂမ်ဘီယားနိုင်ငံက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ မှာ တရားစွဲဆိုထားပါတယ်။
RFA
Unicode

- Zawgyi
~~~~~~~~~~~~~

Photo: AFP
(ဂျပန်နာမည်ကြီး ဘီယာ ကုမ္ပဏီ ကီရင် (Kirin) က ထုတ်လုပ်တဲ့ ဘီယာဗူးတွေကို တွေ့ရစဉ်)

No comments:

Post a Comment

My Blog List