Friday, February 21, 2020

အမြန်လမ်းမကြီးဘေးတောတွင်းမှ အထောက်အထားမဲ့ဘင်္ဂါလီလူမျိုး ၅၄ ဦး တွေ့ရှိ

Image may contain: one or more people, plant, outdoor and nature
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၅/၆)ဘေးတစ်ဖာလုံခန့်အကွာ တောတွင်း တွင် ဖေဖော်ဝါရီ ၂ဝရက် နေ့လည်ကအထောက်အထားမဲ့နေထိုင်နေသည့် ဘင်္ဂါလီလူမျိုးများ တွေ့ရှိခဲ့ကြောင်းသိရသည်။

ဒေသခံရွာသားများ၏ သတင်းပေးချက်အရ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ အင်းတိုင်တပ်နယ်မှူးနှင့်အဖွဲ့၊ အမြန်လမ်းမကြီး ဘောနက်ကြီးစခန်းမှူးနှင့်အဖွဲ့၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြောက်ပိုင်းခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးစစ်ဘက်ရေးရာလုံခြုံရေးတပ်တို့မှ ရှာဖွေဆောင်ရွက်ခဲ့ရာ လူကြီးကျား ၂၂ဦး၊ ကလေးကျား နှစ်ဦး၊ ပေါင်း ၂၄ဦး၊ လူကြီး မ ၂၉ဦး၊ ကလေး မ တစ်ဦး ပေါင်း ၃ဝ၊ စုစုပေါင်း ၅၄ ဦးအားတွေ့ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂါလီ ၅၄ ဦးတို့သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်အသီးသီးတွင် နေထိုင်သူများဖြစ် ကြပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ယခုတွေ့ရှိ သောနေရာ ထိရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
အထောက်အထားလက်မှတ် ကိုင်ဆောင်ထားခြင်းမရှိဘဲသွားလာနေထိုင်သော ဘင်္ဂါလီလူမျိုး ၅၄ ဦး အား ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက် ဥပဒေပုဒ်မ-၆(၂) ၆(၃)အရ အရေးယူနိုင်ရေးအတွက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Image may contain: 2 people, people sitting
Image may contain: one or more people, people sitting and outdoor
Image may contain: 2 people, outdoor
Image may contain: 1 person, sitting and outdoor
(Zawgyi)
အမြန်လမ်းမကြီးဘေးတောတွင်းမှ အထောက်အထားမဲ့ဘင်္ဂါလီလူမျိုး ၅၄ဦး တွေ့ရှိ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီး မိုင်တိုင်အမှတ်(၂၅/၆)ဘေးတစ်ဖာလုံခန့်အကွာ တောတွင်း တွင် ဖေဖော်ဝါရီ ၂ဝရက် နေ့လည်ကအထောက်အထားမဲ့နေထိုင်နေသည့် ဘင်္ဂါလီလူမျိုးများ တွေ့ရှိခဲ့ကြောင်းသိရသည်။
ဒေသခံရွာသားများ၏ သတင်းပေးချက်အရ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ အင်းတိုင်တပ်နယ်မှူးနှင့်အဖွဲ့၊ အမြန်လမ်းမကြီး ဘောနက်ကြီးစခန်းမှူးနှင့်အဖွဲ့၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြောက်ပိုင်းခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးစစ်ဘက်ရေးရာလုံခြုံရေးတပ်တို့မှ ရှာဖွေဆောင်ရွက်ခဲ့ရာ လူကြီးကျား ၂၂ဦး၊ ကလေးကျား နှစ်ဦး၊ ပေါင်း ၂၄ဦး၊ လူကြီး မ ၂၉ဦး၊ ကလေး မ တစ်ဦး ပေါင်း ၃ဝ၊ စုစုပေါင်း ၅၄ ဦးအားတွေ့ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂါလီ ၅၄ ဦးတို့သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်အသီးသီးတွင် နေထိုင်သူများဖြစ် ကြပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ယခုတွေ့ရှိ သောနေရာ ထိရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
အထောက်အထားလက်မှတ် ကိုင်ဆောင်ထားခြင်းမရှိဘဲသွားလာနေထိုင်သော ဘင်္ဂါလီလူမျိုး ၅၄ ဦး အား ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက် ဥပဒေပုဒ်မ-၆(၂) ၆(၃)အရ အရေးယူနိုင်ရေးအတွက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#TheFifthWaveNews

1 comment:

  1. If you're trying to lose pounds then you absolutely need to jump on this totally brand new custom keto plan.

    To produce this service, certified nutritionists, fitness trainers, and chefs have united to develop keto meal plans that are useful, convenient, cost-efficient, and delicious.

    Since their launch in 2019, 100's of people have already transformed their body and health with the benefits a proper keto plan can provide.

    Speaking of benefits: in this link, you'll discover eight scientifically-proven ones offered by the keto plan.

    ReplyDelete

My Blog List