Wednesday, February 19, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ခြင်း


Image may contain: text
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်တွင် နေထိုင်သော အသက် (၂၅) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၃-၂-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မိန်တိန်မြို့မှ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၁၂-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများဖြင့် (၁၇-၂-၂၀၂၀) ရက်နေ့တွင် စကုမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ မကွေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာ ရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ လူနာအား လတ်တလောစစ်ဆေးချက်များအရ အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။
၃။ ယနေ့ (၁၈-၂-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီအချိန်အထိ လူနာ (၉) ဉီးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။
No photo description available.
No photo description available.
No photo description available.

No comments:

Post a Comment

My Blog List