Wednesday, February 19, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကရင်ပြည်နယ် မြို့နယ်(၅) မြို့နယ်ကို သွားရောက်မည်


Image may contain: 9 people, people standing, crowd and outdoor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ(၂၄)ရက်ကနေ (၂၅)ရက်အထိ ကရင်ပြည်နယ်က မြို့နယ်(၅)မြို့နယ်ကို သွားရောက်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၊ မြဝတီခရိုင် ပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးညီညီထွန်းက ပြောပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘားအံ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်နဲ့ မြဝတီမြို့နယ်တွေကို သွားရောက်မှာဖြစ်တယ်လို့ ဦးညီညီထွန်းက ဆိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့(၂၀၁၉)ခုနှစ် မတ်လကလည်း ကရင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး မြဝတီချစ်ကြည်ရေးတံတား အမှတ်(၂)ကို ဖွင့်လှစ်ပေးခဲ့ကာ ဘားအံမြို့မှာ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

No comments:

Post a Comment

My Blog List