Tuesday, February 18, 2020

နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလ်နှင့် မင်းကင်း လူထုတွေ့ဆုံပွဲ ယာယီရွှေ့ဆိုင်း


Image may contain: 1 person, sitting
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကင်း လူထုတွေ့ဆုံပွဲကို ယာယီရွှေဆိုင်းထားကြောင်း မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက iSee media သို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က အတည်ပြုပြောကြားသည်။
“ဖေဖော်ဝါရီလ ၂၀ ရက်နေ့ လာမယ်ဆိုပြီးတော့ ပြောထားတယ်။ ဒါပေမယ့် အတိုင်ပင်ခံက အရေးတကြီး ကိစ္စ ရှိတယ်ဆိုပြီး ခရီးစဉ်က ပျက်ပြယ် သွားပါတယ်။ ဒီမှာ လူတုတွေ့ဆုံပွဲ လုပ်ဖို့အတွက် အတိုင်ပင်ခံ အနေနဲ့ ကတိလည်း ပေးထားပြီးသားပါ။ နိုင်ငံတော်၏ အရေးကြီး ကိစ္စရှိတဲ့အတွက် ပျက်ပြယ်သွားတာပါ”ဟု မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက အတည်ပြုပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကင်းလူထုတွေ့ဆုံပွဲကို ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး နိုင်ငံတော်၏ အရေးကြီးကိစ္စ ရှိ၍ တွေ့ဆုံပွဲ မလုပ်ဖြစ်ခြင်းကြောင်း သိရသည်။

မင်းကင်းလူထု တွေ့ဆုံပွဲ ဖျက်လိုက်ရခြင်း အပေါ် ဒေသခံများ အနေဖြင့် အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သိရသည်။

အဖြူရောင်
Isee Media

No comments:

Post a Comment

My Blog List