Monday, February 17, 2020

ကန့်ကွက်ခံနေရသည့်သင်တန်းကျောင်းများနှင့် သင်တန်းဖွင့်လှစ်ခဲ့မှု နိုင်ငံတော်အကြီးအကဲ၏ခွင့်ပြုချက်ဖြင့်ဟု ရာထူးဝန်အဖွဲ့ ရှင်းလင်းထား


No photo description available.
ဟာဝိုင်ယီရှိ တက္ကသိုလ်တစ်ခု၊မလေးရှားပီနန်ကျွန်းပေါ်ရှိ ကျောင်းတစ်ခုနှင့် ချိတ်ဆက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံဝန်ထမ်းများအား စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများပေးခြင်းသည် နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာသို့ ရှင်းလင်းတင်ပြထားသည်ဟုသိရသည်။


ယင်းအပြင် သင်တန်း၏ အသုံးစရိတ် ဘက်ဂျက်ကိုလည်း ပြည်ထောင်စုလွှတ်တော်၏ဘက်ဂျက်ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်ဟု ရှင်းလင်းတင်ပြထားသည်ကိုလည်းတွေ့ရသည်။

ယင်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက လက်မခံဘဲ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် တည်ဆဲအမိန့်ညွှန်ကြားချက်များနှင့်ညီညွှတ်မှုမရှိဘဲ ဆောင်ရွက်ထားသည်ဟု ဝေဖန်ထားသည်။

နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုချက်သည် မူအားဖြင့် ခွင့်ပြုချက်သာဖြစ်ပြီး၊ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုရန်ပုံငွေသည်လည်း သုံးစွဲမည့်လုပ်ငန်း၊သုံးစွဲမည့်နည်းလမ်းနှင့်ကျခံသုံးစွဲမှုတို့သည် တည်ဆဲဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်း၊ညွှန်ကြားချက်များနှင့် ညီညွှတ်စွာသုံးစွဲမှုအတွက်သာခွင့်ပြုပေးခြင်းဖြစ်သည်ဟုလည်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပေးထားသည်။

ထို့ကြောင့် တာဝန်ခံ၊တာဝန်ယူရမည်ဟုပါ ကော်မတီက သဘောထားမှတ်ချက်ပြုခဲ့သည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List