Monday, February 17, 2020

ခန္တီးနဲ့ ဟုမ္မလင်းကို နာဂဒေသထဲထည့်ရေး ရှမ်းနီတိုင်းရင်းသားတွေ လက်မခံ

Image may contain: 2 people, people standing
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ထည့်သွင်းပေးဖို့ လေရှီးမြို့ခံတစ်ဦးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားမှုကို ရှမ်းနီတိုင်းရင်းသား အဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။
ခန္တီးမြို့နယ်၊ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ခန္တီးနဲ့ ဟုမ္မလင်း မြို့နယ်တွေဟာ ရှေးယခင်ထဲက ရှမ်းစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ မြို့နယ်တွေဖြစ်ပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲ မပါတာကြောင့် ပြန်ထည့်ပေးဖို့ဆိုတဲ့ တောင်းဆိုမှုဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြောထားပါတယ်။

အလားတူ ဒီရက်ပိုင်းအတွင်း ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီ SSPP၊ ရှမ်းတိုင်းရင်းသားများ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ၊ ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်တို့ကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲကို ဒီမြို့နယ် နှစ်ခုကို ထည့်သွင်းပေးဖို့ တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း သဘောထားတွေ ထုတ်ပြန်ထားကြပါတယ်။

ဒီလိုမျိုးတောင်းဆိုတာကြောင့် နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခတွေ ကြုံလာရနိုင်တယ်လို့လည်း ရှမ်းအဖွဲ့တွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းကြည်က စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီဖြစ်ဖို့ လိုအပ်တဲ့အပြောင်းအလဲတွေကို လုပ်မယ်လို့ ဇန်နဝါရီလ ၂၂ ရက်နေ့က လေရှီးမြို့ လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

လေးရှီးမြို့ခံ ဦးကေရှီမှူးက ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ထည့်ပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ အတိုင်ပင်ခံက ပြောခဲ့တာပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ငါးခုက ခရိုင်အဆင့်တဲ့ လျော်ညီတဲ့အဖွဲ့တွေ ဖွဲ့ပေးဖို့ တောင်းဆိုတာတွေရှိပြီး အဲဒီထဲမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလည်း ပါဝင်ကြောင်းနဲ့ အစိုးရအနေနဲ့လည်း ဒီတောင်းဆိုမှုတွေကို အကောင်အထည် ဖော်ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။
RFA
Unicode

- Zawgyi
~~~~~~~~~~~~~

Photo: Myanmar State Counsellor Office

(နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာဂဒေသ လေရှီးမြို့နယ် ဒေသခံတွေနဲ့ ၂ဝ၂ဝ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံခဲ့စဉ်)

No comments:

Post a Comment

My Blog List