Thursday, February 20, 2020

အဂတိဖြင့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပဲခူးထောင်၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံရ

Image may contain: plant and outdoor

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီးနောက် လက်ရှိအချိန်၌ ပဲခူးထောင်၌ ထိန်းသိမ်းခြင်းခံထားရပါတယ်။

ဦးကျော်မျိုးမင်းသည် ၂၀၁၇ ခုနှစ်၌ အင်းလေလံကိစ္စနှင့်ပတ်သက်ပြီး ငွေကြေးအရှုပ်တော်ပုံအချို့ကြောင့် သက် ဆိုင်သူများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။
အဆိုပါတိုင်ကြားမှုများကို အဂတိကော်မရှင်က စစ်ဆေးပြီးနောက် ဦးကျော်မျိုးမင်းကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ (၅၉) အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်၌ ဦးကျော်မျိုးမင်းသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အကျဉ်းထောင်၌ ဖမ်းဆီးခံထားရပြီးနောက် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော် အမှတ်(၂) တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပါ တယ်။
“အခုချိန်ထိတော့ ကျွန်တော်တို့ဆီကိုတော့ အကြောင်းကြားတာမျိုးမရှိသေးဘူး။ သူတို့ဘက်က အကူ အညီတောင်းတဲ့ စာလာတင်တာမျိုးတို့၊ ဒါမှမဟုတ်သူကိုယ်တိုင် အကူအညီလာတောင်းတာမျိုးဆို ပါတီကပဲ လာလာ၊ ဗဟိုကပဲလာလာ ကျွန်တော်တို့ဆီကို အကူအညီတောင်းခံလာတဲ့ဘယ်ဟာမဆို ဆောင်ရွက်ပေးမှာပါ။ အခုက ကျွန်တော်တို့ဆီကို ရောက်လာတာမရှိသေးဘူး”ဟု ဦးညွန့်ရွှေ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြောသည်။
[Unicode]

No comments:

Post a Comment

My Blog List