Thursday, February 20, 2020

ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့အစိုးရရဲ့တာဝန်တွေပဲလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Image may contain: 2 people, people standing and flower
ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ဒီမိုကရေစီစနစ်အရပေါ်ပေါက်လာတဲ့အစိုးရရဲ့တာဝန်တွေပဲလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် ချင်းပြည်နယ် ၊တွန်းဇံမြို့ဒေသခံများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံက "ငြိမ်းချမ်းရေးနဲ့ဒွန်တွဲပြီးကျွန်မတို့ဟာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအကောင်အထည်ဖော်သွားရမှာပါ။ဒါနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်ကျွန်မဘယ်ပဲသွားသွား၊ ပြည်သူတွေနဲ့တွေ့တဲ့အခါပြည်သူတွေရဲ့မေးခွန်းတွေ၊တင်ပြချက်တွေကိုတောင်းခံပါတယ်။တောင်းခံရတဲ့အကြောင်းရင်းကနိုင်ငံရဲ့နေရာဒေသအသီးသီးမှာဘယ်လိုပြဿနာတွေရှိနေလဲ၊ဘာလိုအပ်ချက်တွေရှိနေလဲ၊ပြည်သူတွေကဘယ်လိုဆန္ဒတွေရှိလဲဆိုတာကိုကျွန်မတို့သိချင်လို့ဖြစ်ပါတယ်။ဒါအစိုးရတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။အထူးသဖြင့်ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ဒီမိုကရေစီစနစ်အရပေါ်ပေါက်လာတဲ့အစိုးရရဲ့တာဝန်တွေဟာပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ပါ။လိုအပ်ချက်တွေနဲ့လိုလားချက်တွေက မတူဘူးဆိုတာကိုလည်းကျွန်မသတိပေးချင်ပါတယ်။လူတိုင်းလူတိုင်းကကိုယ်ပိုင် လိုလားချက်တွေ၊ ဆန္ဒတွေရှိပါတယ်။
ကိုယ်လိုချင်တဲ့ဆန္ဒအားလုံးဟာလိုအပ်ချက်ရှိမှဖြစ်မှာပါ။တစ်ခါတစ်လေကိုယ်လိုချင်တဲ့ဆန္ဒဟာတစ်ခြားသူတွေအတွက်အကျိုးရှိချင်မှရှိမယ်။ကိုယ့်အတွက်၊ကိုယ့်အသိုက် အဝန်းအတွက်အကျိုးရှိချင်မှ ရှိလိမ့်မယ်။တစ်ခြားသူတွေအတွက်အကျိုးယုတ်စေတဲ့ကိစ္စတွေဖြစ်နိုင်ပါတယ်။ဒါတွေကိုလည်းကျွန်မတို့တစ်ချိန်လုံးချင့်ချိန်ရမှာဖြစ်ပါတယ်လို့၎င်းကပြောသည်။

ထိုအပြင် ဒီမိုကရေစီအစိုးရကိုတာဝန်ယူထားတဲ့ပုဂ္ဂိုလ်များဟာအများပြည်သူအတွက်အကောင်းဆုံးဖြစ်တဲ့အဖြေကိုအမြဲပဲရှာနေရပါတယ်။ ဒါလွယ်တဲ့ကိစ္စမဟုတ်ပါဘူးလို့ ထပ်လောင်းပြောကြားခဲ့သည်။
Image may contain: one or more people, crowd and indoor
ဇော်မင်းနိုင်(ဒီပဲယင်း)

No comments:

Post a Comment

My Blog List