Thursday, February 20, 2020

မြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်ရေးသုံးပါးကို ဦးထိပ်ပန်ဆင်ရန် ချင်းအမျိုးသားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်းပြောဆို

Image may contain: 1 person, standing, tree and outdoor
(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်ရေးသုံးပါးကို ဦးထိပ်ပန်ဆင်ရန် ချင်းအမျိုးသားများကို တိုက်တွန်းလိုက်သည်။

ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။
အဆိုပါ သဝဏ်လွှာတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် ပြည်မနှင့်တောင်တန်းဒေသများ အတူတကွ လွတ်လပ်ရေးရယူရန်အတွက် ချင်းအမျိုးသားကိုယ်စားလှယ်များဖြစ်သည့် ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်နှင့် ဦးကီယိုမန်းတို့က ပါဝင်လက်မှတ်ရေးထိုးခဲ့ကာ ချင်းအမျိုးသားများ၏ အမြော်အမြင်ကြီးမားမှုကို ပြသနိုင်ခဲ့ကြောင်း ဖော်ပြထား သည်။
အလားတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး (၃)ပါး ကို ဦးထိပ်ပန်ဆင်လျက် ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်း မြှင့်တင်ပြီး ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော်ပေးကြပါရန်တိုက်တွန်းကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
Image may contain: 8 people
#People Media

[Unicode]
မြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာ၀န်ရေးသုံးပါးကို ဦးထိပ်ပန်ဆင်ရန် ချင်းအမျိုးသားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်းပြောဆို
…………………………………………………………………………………………………………….
(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာ၀န်ရေးသုံးပါးကို ဦးထိပ်ပန်ဆင်ရန် ချင်းအမျိုးသားများကို တိုက်တွန်းလိုက်သည်။

ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့်သ၀ဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။
အဆိုပါ သ၀ဏ်လွှာတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် ပြည်မနှင့်တောင်တန်းဒေသများ အတူတကွ လွတ်လပ်ရေးရယူရန်အတွက် ချင်းအမျိုးသားကိုယ်စားလှယ်များဖြစ်သည့် ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်နှင့် ဦးကီယိုမန်းတို့က ပါ၀င်လက်မှတ်ရေးထိုးခဲ့ကာ ချင်းအမျိုးသားများ၏ အမြော်အမြင်ကြီးမားမှုကို ပြသနိုင်ခဲ့ကြောင်း ဖော်ပြထား သည်။
အလားတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာ၀န်အရေး (၃)ပါး ကို ဦးထိပ်ပန်ဆင်လျက် ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်း မြှင့်တင်ပြီး ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော်ပေးကြပါရန်တိုက်တွန်းကြောင်း စသည်ဖြင့် ဖော်ပြထား သည်။
#People Media

No comments:

Post a Comment

My Blog List