Wednesday, February 19, 2020

မန္တလေးမြို့တော်ဝန်က လုပ်ပိုင်ခွင့်ထက် ကျော်လွန်၍ ကြွေးကျန်ငွေ ကျပ်သိန်း(၈၆၀)ကျော်ကို စာရင်းမှ ပယ်ဖျက်ခဲ့


Image may contain: 5 people
မန္တလေးမြို့တော်ဝန်သည် ၎င်း၏ လုပ်ပိုင်ခွင့်ပမာဏထက် ကျော်လွန်၍ စည်ပင်သာယာ၏ နှစ်ဟောင်း အခွန်အခ ကြွေးကျန်ငွေ ကျပ်သိန်း(၈၆၀)ကျော်ကိုစာရင်းမှပယ်ဖျက်ခဲ့ကြောင်း မန္တလေးတိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ (မြို့တော်ဝန်)သည် စာရင်းမှ ပယ်ဖျက်နိုင်သည့် လုပ်ပိုင်ခွင့် နိုင်ငံတော်ပိုင်ငွေ တန်ဖိုးသည် ကျပ်(၁၅)သိန်းသာ ဖြစ်သော်လည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်သော တန်ဖိုးငွေများအား စာရင်းမှ ပယ်ဖျက်ထားပါသဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သည်ဟု ဖေဖေါ်ဝါရီ(၁၀)ရက်က မန္တလေးတိုင်းလွှတ်တော်သို့ တင်သွင်းသည့် စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာန၏ နှစ်ဟောင်းအခွန်အခ ကြွေးကျန် ကျပ်သိန်း(၂၄၂၀)ကျော်အနက် ကျပ်သိန်း (၈၆၀)ကျော်ကို မန္တလေးမြို.တော် စည်ပင်သာယာရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက် (၁၈)ကြိမ်ဖြင့် စာရင်းမှ ပယ်ဖျက်ထားခြင်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၁၇) စာပိုဒ် ၂၄၆ပါ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၏ စာရင်းမှ ပယ်ဖျက်နိုင်သည့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေသည်ဟု မန္တလေးတိုင်းစာရင်းစစ်ချုပ်က ထောက်ပြထားသည်။

မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က ဖေဖေါ်ဝါရီ(၁၀)ရက်တွင် တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် (ဧပြီမှ စက်တင်ဘာလအထိ) ဘဏ္ဍာငွေ အရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်သည့် အချက်(၁၀)ချက်ကို သုံးသပ်အကြံပြုထားပြီး မန္တလေးမြို့တော်စည်ပင် ငွေ နှင့် ပစ္စည်း စာရင်းမှ ပယ်ဖျက်မှု ခေါင်းစဉ်အောက်တွင် အထက်ပါ အချက်များ ဖေါ်ပြထားသည်။

ထို့အပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသည် Arctic ရေသန့်စက်နှင့် ရေသန့်ဘူး ထုတ်လုပ်ခြင်းလုပ်ငန်းကို ထက်ဓနဖြိုး ကုမ္ပဏီသို့ စာချုပ် ချုပ်ဆို ငှားရမ်းခြင်းအတွက် ရက်လွန်ဒဏ်ကြေး ၃,၉၉၅ ရက်အတွက် ကျပ်သိန်း ၃၉ဝ ကျော် ပေးသွင်းရန် ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၏ ၂၀၁၈ ဇွန်လ(၁၈) ရက်စွဲပါ စာဖြင့် ခွင့်ပြုချက်အရ ကျပ်သိန်း (၄၀)ကျော်သာ ပေးသွင်းခဲ့သဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သိန်း(၃၅၀)ကျော် နစ်နာသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည်။

ထိုသို့ နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာသဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၃၅/၂၀၁၇) အပိုဒ် ၂၄၆၊ ၂၄၈ နှင့် အညီ ဆောင်ရွက်ရန်လိုအပ်သည်ဟု တိုင်းစာရင်းစစ်ချုပ်က ဆိုသည်။

အဆိုပါ စာရင်းစစ်ချုပ် အစီရင်ခံစာအား ယနေ့ ဖေဖေါ်ဝါရီ(၁၈)ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့သည်။ သို့သော် အထက်ပါ မန္တလေးမြို့တော်စည်ပင်သာယာ၏ ကြွေးကျန်ငွေ ပယ်ဖျက်မှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက အသေးစိတ် ဆွေးနွေးမေးမြန်းမှု မရှိခဲ့ပါ။

စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်များနှင့်ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ ပြန်လည်ရှင်းလင်း ဖြေကြားချက်တွင်လည်း အထက်ပါ ကြွေးကျန်ငွေ ပယ်ဖျက်မှုနှင့် ပတ်သက်၍ အတိအကျ ပြန်လည်ဖြေကြားခြင်း မရှိဘဲ ထက်ဓနဖြိုးကုမ္မဏီ၏ ကြွေးကျန်ငွေ ပယ်ဖျက်မှုကိုသာ ပြန်လည် ရှင်းလင်းခဲ့သည်။

ထက်ဓနဖြိုး ကုမ္မဏီမှ Artic သောက်ရေသန့်နှင့် ရေသန့်ဗူးထုတ်လုပ်ခြင်း လုပ်ငန်းကို မန္တလေးမြို့တော်စည်ပင် ရေနှင့်သန့်ရှင်းမှု ဌာနသို့ ပြန်လည်အပ်နှံခြင်းအပေါ် ရက်လွန်ဒဏ်ကြေးပေးဆောင်ရန် တွက်ချက်ရာတွင် စာချုပ်ပါ သတ်မှတ်ချက်အရ တစ်လချင်းစီ ပေးဆောင်ရန် ပျက်ကွက်မှုအပေါ် ဆင့်တိုးတွက်ချက်မှုကြောင့် ရက်လွန်ကာလများမှာ အဆမတန် များပြားနေကြောင်း ကုမ္မဏီမှ အသနားခံ တင်ပြလာသည့်အတွက် မန္တလေးမြို့တော်စည်ပင်က ၂၀၁၈ ဇွန်လတွင် တိုင်းအစိုးရအဖွဲ့ထံ အခြေအနေ တင်ပြခဲ့ရာ တိုင်းအစိုးရအဖွဲ့ရုံးက စုစုပေါင်း ကြွေးကျန်ကာလ (၃၉၉၅)ရက် (၁၀နှစ်ကျော်)မှ ရက်ပေါင်း (၄၇၉)ရက်အတွက် တစ်ရက်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် တွက်ချက်ရာ စုစုပေါင်း ကျပ်(၄၇)သိန်းကျော် ပေးဆောင်ရန် ခွင့်ပြုခဲ့သောကြောင့် ဒဏ်ကြေး ကျပ်သိန်း(၃၅၀)ကျော်အား ရက်လွန်ကြွေးကျန် စာရင်းမှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးမြို့တော်ဝန်က ရှင်းလင်းသည်။ ထို့အပြင် ၂၀၁၉ ဧပြီလအတွင်းက ကျင်းပခဲ့သည့် တိုင်းလွှတ်တော် အစည်းအဝေးတွင်လည်း ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်ဟု မြို့တော်ဝန်က ဆိုသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၃၅/၂၀၁၇)အပိုဒ် ၂၄၆တွင် ဆုံးရှုံးမှုများကို စာရင်းမှ ပယ်ဖျက်ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်း သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် နေပြည်တော်ကောင်စီ ဥက္ကဌတို့သည် နိုင်ငံတော်ပိုင်ငွေ ဖြစ်လျှင် တန်ဖိုး ကျပ်(၂၅)သိန်းနှင့် နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်လျှင် တန်ဖိုးကျပ်သိန်း(၅၀)အထိ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး စည်ပင်ကော်မတီ ဥက္ကဌများသည် နိင်ငံတော်ပိုင်ငွေ တန်ဖိုး(၁၅)သိန်းနှင့် နိုင်ငံတော်ပိုင်ပစ္စည်း တန်ဖိုး ကျပ်သိန်း(၃၀)အထိနှင့် ဌာန၊အဖွဲ့အစည်း အကြီးအကဲသည် နိုင်ငံတော်ပိုင်ငွေ တန်ဖိုး ကျပ်(၁၀)သိန်းနှင့် နိုင်ငံတော်ပိုင် ပစ္စည်း တန်ဖိုး ကျပ်သိန်း(၂၀)အထိ ပယ်ဖျက်နိုင်သည်ဟု ဖော်ပြထားသည်။

ယင်းအမိန့်ကြော်ငြာစာ စာပိုဒ် ၂၄၈ တွင်မူ အထက်ပါ လုပ်ပိုင်ခွင့်ထက် ကျော်လွန်သည့် ကိစ္စရပ်များကို တိုင်း သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊အဖွဲ့အစည်းများအတွက် တိုင်း သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့မဟုတ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အတူ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ သဘောထားရယူလျှက် ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက် ရယူရပါမည်။ အဆိုပါ သဘောထားမှတ်ချက်များနှင့်တကွ တိုင်း သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူပြီးမှသာ စာရင်းမှ ပယ်ဖျက်ရမည်ဟု ဖော်ပြထားသည်။

မန္တလေးတိုင်းလွှတ်တော် ကျင်းပနေစဉ်/ Photo – Nyi Thit.

.

မန္တလေးမြို့တော်ဝန်က လုပ်ပိုင်ခွင့်ထက် ကျော်လွန်၍ ကြွေးကျန်ငွေ ကျပ်သိန်း(၈၆၀)ကျော်ကို စာရင်းမှ ပယ်ဖျက်ခဲ့

မန္တလေးတိုင်းအစိုးရကလည်း ကြွေးကျန်ငွေ ကျပ်သိန်း(၃၅၀)ကျော် စာရင်းမှ ပယ်ဖျက်ခဲ့ရာ နစ်နာသဖြင့် စီမံ၊ဘဏ္ဍာ၏ အမိန့်စာအတိုင်း ဆောင်ရွက်ရန် စာရင်းစစ်ချုပ်ထောက်ပြ

ဘုန်းနေ၊ ဖေဖေါ်ဝါရီ - ၁၈

မန္တလေးမြို့တော်ဝန်သည် ၎င်း၏ လုပ်ပိုင်ခွင့် ပမာဏထက် ကျော်လွန်၍ စည်ပင်သာယာ၏ နှစ်ဟောင်း အခွန်အခ ကြွေးကျန်ငွေ ကျပ်သိန်း(၈၆၀)ကျော်ကို စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း မန္တလေးတိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ (မြို့တော်ဝန်)သည် စာရင်းမှ ပယ်ဖျက်နိုင်သည့် လုပ်ပိုင်ခွင့် နိုင်ငံတော်ပိုင်ငွေ တန်ဖိုးသည် ကျပ်(၁၅)သိန်းသာ ဖြစ်သော်လည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်သော တန်ဖိုးငွေများအား စာရင်းမှ ပယ်ဖျက်ထားပါသဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သည်ဟု ဖေဖေါ်ဝါရီ(၁၀)ရက်က မန္တလေးတိုင်းလွှတ်တော်သို့ တင်သွင်းသည့် စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာန၏ နှစ်ဟောင်းအခွန်အခ ကြွေးကျန် ကျပ်သိန်း (၂၄၂၀)ကျော်အနက် ကျပ်သိန်း (၈၆၀)ကျော်ကို မန္တလေးမြို. တော် စည်ပင်သာယာရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက် (၁၈)ကြိမ်ဖြင့် စာရင်းမှ ပယ်ဖျက်ထားခြင်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၁၇) စာပိုဒ် ၂၄၆ပါ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၏ စာရင်းမှ ပယ်ဖျက်နိုင်သည့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေသည်ဟု မန္တလေးတိုင်းစာရင်းစစ်ချုပ်က ထောက်ပြထားသည်။

မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က ဖေဖေါ်ဝါရီ(၁၀)ရက်တွင် တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ဘဏ္ဍာငွေ အရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်သည့် အချက်(၁၀)ချက်ကို သုံးသပ်အကြံပြုထားပြီး မန္တလေးမြို့တော်စည်ပင် ငွေ နှင့် ပစ္စည်း စာရင်းမှ ပယ်ဖျက်မှု ခေါင်းစဉ်အောက်တွင် အထက်ပါ အချက်များ ဖေါ်ပြထားသည်။

ထို့အပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသည် Arctic ရေသန့်စက်နှင့် ရေသန့်ဘူး ထုတ်လုပ်ခြင်းလုပ်ငန်းကို ထက်ဓနဖြိုး ကုမ္ပဏီသို့ စာချုပ် ချုပ်ဆို ငှားရမ်းခြင်းအတွက် ရက်လွန်ဒဏ်ကြေး ၃,၉၉၅ ရက်အတွက် ကျပ်သိန်း ၃၉၀ ကျော် ပေးသွင်းရန် ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၏ ၂၀၁၈ ဇွန်လ(၁၈) ရက်စွဲပါ စာဖြင့် ခွင့်ပြုချက်အရ ကျပ်သိန်း (၄၀)ကျော်သာ ပေးသွင်းခဲ့သဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သိန်း(၃၅၀)ကျော် နစ်နာသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည်။

ထိုသို့ နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာသဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၃၅/၂၀၁၇) အပိုဒ် ၂၄၆၊ ၂၄၈ နှင့် အညီ ဆောင်ရွက်ရန်လိုအပ်သည်ဟု တိုင်းစာရင်းစစ်ချုပ်က ဆိုသည်။

အဆိုပါ စာရင်းစစ်ချုပ် အစီရင်ခံစာအား ယနေ့ ဖေဖေါ်ဝါရီ(၁၈)ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့သည်။ သို့သော် အထက်ပါ မန္တလေးမြို့တော်စည်ပင်သာယာ၏ ကြွေးကျန်ငွေ ပယ်ဖျက်မှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက အသေးစိတ် ဆွေးနွေးမေးမြန်းမှု မရှိခဲ့ပါ။

စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်များနှင့်ပတ်သက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ ပြန်လည်ရှင်းလင်း ဖြေကြားချက်တွင်လည်း အထက်ပါ ကြွေးကျန်ငွေ ပယ်ဖျက်မှုနှင့် ပတ်သက်၍ အတိအကျ ပြန်လည်ဖြေကြားခြင်း မရှိဘဲ ထက်ဓနဖြိုးကုမ္မဏီ၏ ကြွေးကျန်ငွေ ပယ်ဖျက်မှုကိုသာ ပြန်လည် ရှင်းလင်းခဲ့သည်။

ထက်ဓနဖြိုး ကုမ္မဏီမှ Artic သောက်ရေသန့်နှင့် ရေသန့်ဗူးထုတ်လုပ်ခြင်း လုပ်ငန်းကို မန္တလေးမြို့တော်စည်ပင် ရေနှင့်သန့်ရှင်းမှု ဌာနသို့ ပြန်လည်အပ်နှံခြင်းအပေါ် ရက်လွန်ဒဏ်ကြေးပေးဆောင်ရန် တွက်ချက်ရာတွင် စာချုပ်ပါ သတ်မှတ်ချက်အရ တစ်လချင်းစီ ပေးဆောင်ရန် ပျက်ကွက်မှုအပေါ် ဆင့်တိုးတွက်ချက်မှုကြောင့် ရက်လွန်ကာလများမှာ အဆမတန် များပြားနေကြောင်း ကုမ္မဏီမှ အသနားခံ တင်ပြလာသည့်အတွက် မန္တလေးမြို့တော်စည်ပင်က ၂၀၁၈ ဇွန်လတွင် တိုင်းအစိုးရအဖွဲ့ထံ အခြေအနေ တင်ပြခဲ့ရာ တိုင်းအစိုးရအဖွဲ့ရုံးက စုစုပေါင်း ကြွေးကျန်ကာလ (၃၉၉၅)ရက် (၁၀နှစ်ကျော်)မှ ရက်ပေါင်း (၄၇၉)ရက်အတွက် တစ်ရက်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် တွက်ချက်ရာ စုစုပေါင်း ကျပ်(၄၇)သိန်းကျော် ပေးဆောင်ရန် ခွင့်ပြုခဲ့သောကြောင့် ဒဏ်ကြေး ကျပ်သိန်း(၃၅၀)ကျော်အား ရက်လွန်ကြွေးကျန် စာရင်းမှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးမြို့တော်ဝန်က ရှင်းလင်းသည်။ ထို့အပြင် ၂၀၁၉ ဧပြီလအတွင်းက ကျင်းပခဲ့သည့် တိုင်းလွှတ်တော် အစည်းအဝေးတွင်လည်း ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်ဟု မြို့တော်ဝန်က ဆိုသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၃၅/၂၀၁၇)အပိုဒ် ၂၄၆တွင် ဆုံးရှုံးမှုများကို စာရင်းမှ ပယ်ဖျက်ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်း သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် နေပြည်တော်ကောင်စီ ဥက္ကဌတို့သည် နိုင်ငံတော်ပိုင်ငွေ ဖြစ်လျှင် တန်ဖိုး ကျပ်(၂၅)သိန်းနှင့် နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်လျှင် တန်ဖိုးကျပ်သိန်း(၅၀)အထိ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး စည်ပင်ကော်မတီ ဥက္ကဌများသည် နိင်ငံတော်ပိုင်ငွေ တန်ဖိုး(၁၅)သိန်းနှင့် နိုင်ငံတော်ပိုင်ပစ္စည်း တန်ဖိုး ကျပ်သိန်း(၃၀)အထိနှင့် ဌာန၊အဖွဲ့အစည်း အကြီးအကဲသည် နိုင်ငံတော်ပိုင်ငွေ တန်ဖိုး ကျပ်(၁၀)သိန်းနှင့် နိုင်ငံတော်ပိုင် ပစ္စည်း တန်ဖိုး ကျပ်သိန်း(၂၀)အထိ ပယ်ဖျက်နိုင်သည်ဟု ဖော်ပြထားသည်။

ယင်းအမိန့်ကြော်ငြာစာ စာပိုဒ် ၂၄၈ တွင်မူ အထက်ပါ လုပ်ပိုင်ခွင့်ထက် ကျော်လွန်သည့် ကိစ္စရပ်များကို တိုင်း သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊အဖွဲ့အစည်းများအတွက် တိုင်း သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့မဟုတ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အတူ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ သဘောထားရယူလျှက် ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက် ရယူရပါမည်။ အဆိုပါ သဘောထားမှတ်ချက်များနှင့်တကွ တိုင်း သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူပြီးမှသာ စာရင်းမှ ပယ်ဖျက်ရမည်ဟု ဖော်ပြထားသည်။

မန္တလေးတိုင်းလွှတ်တော် ကျင်းပနေစဉ်/ Photo – Nyi Thit.

#Mandalay_Indepth_News

No comments:

Post a Comment

My Blog List