Tuesday, February 18, 2020

ကုန်သွယ်လုပ်ငန်းခွန်မပေးဆောင်သည့် ရဲတပ်ဖွဲ့ဌာနချုပ်ကို တပ်ကိုယ်စားလှယ်ဝေဖန်

Image may contain: 2 people, text
၅ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်မပေးဆောင်သောရဲတပ်ဖွဲ့ဌာနချုပ်ကို တပ်ကိုယ်စားလှယ်တစ်ဦးက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဝေဖန်ထောက်ပြလိုက်သည်။

ကုမ္ပဏီ ၄ခုထံမှ ပစ္စည်းများဝယ်ယူသည့်အပေါ် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန် ငွေကျပ်သန်း ၃၄.၆၉၇အား နိုင်ငံတော်သို့ မပေးသည့်အပေါ် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးပြည့်ထွန်းကထောက်ပြလိုက်ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့အနေဖြင့် ပစ္စည်းဝယ်ယူမှုအတွက်နောက်ဆုံး အရစ်ငွေပေးချေရာတွင် ၅ရာခိုင်နှုန်းအခွန်ပေးဆောင်ပြီးမှ ငွေပေးချေရန်ဖြစ်သော်လည်း Aung KyawMyint Group၊My Space International၊ရွှေစင်လမင်းနှင့် Four Star ကုမ္ပဏီ၄ခုအား ကုန်သွယ်လုပ်ငန်းခွန်မပေးဆောင်မီ နောက်ဆုံးအရစ်ငွေပေးချေထားကြောင်းတွေ့ရှိရသည်ဟု စာရင်းစစ်ချုပ်ရုံးက အစီရင်ခံခဲ့သည့်အပေါ် ၎င်းက ဝေဖန်ထောက်ပြလိုက်ခြင်းဖြစ်သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသည့် တပ်မတော်သားတစ်ဦးပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူသည့်ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အား ထောက်ပြဝေဖန်မှုသည့် ဒုတိယအကြိမ်လွှတ်တော်အတွင်းပထမဦးဆုံးဟု ယူဆရမည်ဖြစ်သည်။
တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးပြည့်ထွန်းက ကုန်သွယ်လုပ်ငန်းခွန်မပေးဆောင်သည့် ရဲတပ်ဖွဲ့ကိုဝေဖန်ခဲ့သလို နောက်ကျမှပေးသွင်းသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနစသည်တို့ကိုပါဝေဖန်ခဲ့သေးကြောင်းတွေ့ရသည်။
No photo description available.
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List