Monday, February 17, 2020

အဆင့်မြင့် ပညာအောက်ရှိ ကျောင်းများတွင် ကျောင်းသားဦးရေ တိုးလာပြီး ဆရာဦးရေ လျော့သွားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြော

Image may contain: 1 person, standing
အဆင့်မြင့် ပညာဦးစီးဌာန လက်အောက်တွင်ရှိသော တက္ကသိုလ်ကျောင်းများတွင် ကျောင်းသားဦးရေ တိုးလာပြီး ဆရာဦးရေ လျော့သွားကြောင်း ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်၂၁ အစည်းအဝေးခန်းမတွင် ဖေဖေါ်ဝါရီလတွင်းက ကျင်းပသော လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပညာရေးဝန်ကြီးဌာနမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၃၄ ခုရှိပါတယ်။ ဆရာ၊ ဆရာမ ၂၁၉၈၇ ဦးရှိပြီးတော့ ကျောင်းသား၊ ကျောင်းသူ နေ့သင်တန်းနှင့် အဝေးသင် စုစုပေါင်း ၁၀၁၅၂၇၄ ဦးရှိပါတယ်။ ကျောင်းသား ဦးရေသာ တိုးလာပြီး ဆရာ/ဆရာမ ဦးရေလျော့သွားတဲ့အတွက် တက္ကသိုလ်များမှာ လိုအပ်တဲ့ ဘာသာရပ်များအတွက် ခန့်အပ်ဖို့ ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ် (၇)ကျောင်း၊ မန္တလေးတက္ကသိုလ်နှင့် တက္ကသိုလ် (၇) ကျောင်းတို့တွင်လည်း တက္ကသိုလ်ဝင်ခွင့် ကိုယ်ပိုင်စီမံခန့်ခွဲ ဆောင်ရွက်ရန်ခွင့်ပြုထားကြောင်း သိရသည်။
“ဆရာတွေက ဝန်ထမ်းလစာတစ်ခုတည်းနဲ့ ရပ်တည်ဖို့မလွယ်ဘူးလေ။ သူတစ်ယောက်တည်းဆိုရင်အကြောင်း မရှိပေမဲ့ မိသား စုနဲ့ဆိုရင် ဆရာလစာက မလုံလောက်ဘူး။ အဲဒီတော့ ဆရာဦးရေများ လာဖို့ဆိုရင် လခများများ မပေးနိုင်ရင်တောင် သူ့အတွက် လိုအပ်ချက်တဲ့ ဖြည့်ဆည်းမှုတွေ ရှိနေရင်တော့ ဆရာဦးရေကများနေမှာပါ”ဟု ရန်ကန်တက္ကသိုလ်မှ လုပ်သက်ရင့် ဆရာတစ်ဦး ကလည်း ပြောသည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )
Image may contain: tree, sky and outdoor
<<< Unicode Version >>>
အဆင့်မြင့် ပညာအောက်ရှိ ကျောင်းများတွင် ကျောင်းသားဦးရေ တိုးလာပြီး ဆရာဦးရေ လျော့သွားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြော
----------- မင်းသီဟန် ( အကုန်သိ သတင်းဌာန ) -----------
အဆင့်မြင့် ပညာဦးစီးဌာန လက်အောက်တွင်ရှိသော တက္ကသိုလ်ကျောင်းများတွင် ကျောင်းသားဦးရေ တိုးလာပြီး ဆရာဦးရေ လျော့သွားကြောင်း ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်၂၁ အစည်းအဝေးခန်းမတွင် ဖေဖေါ်ဝါရီလတွင်းက ကျင်းပသော လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပညာရေးဝန်ကြီးဌာနမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၃၄ ခုရှိပါတယ်။ ဆရာ၊ ဆရာမ ၂၁၉၈၇ ဦးရှိပြီးတော့ ကျောင်းသား၊ ကျောင်းသူ နေ့သင်တန်းနှင့် အဝေးသင် စုစုပေါင်း ၁၀၁၅၂၇၄ ဦးရှိပါတယ်။ ကျောင်းသား ဦးရေသာ တိုးလာပြီး ဆရာ/ဆရာမ ဦးရေလျော့သွားတဲ့အတွက် တက္ကသိုလ်များမှာ လိုအပ်တဲ့ ဘာသာရပ်များအတွက် ခန့်အပ်ဖို့ ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ် (၇)ကျောင်း၊ မန္တလေးတက္ကသိုလ်နှင့် တက္ကသိုလ် (၇) ကျောင်းတို့တွင်လည်း တက္ကသိုလ်ဝင်ခွင့် ကိုယ်ပိုင်စီမံခန့်ခွဲ ဆောင်ရွက်ရန်ခွင့်ပြုထားကြောင်း သိရသည်။
“ဆရာတွေက ဝန်ထမ်းလစာတစ်ခုတည်းနဲ့ ရပ်တည်ဖို့မလွယ်ဘူးလေ။ သူတစ်ယောက်တည်းဆိုရင်အကြောင်း မရှိပေမဲ့ မိသား စုနဲ့ဆိုရင် ဆရာလစာက မလုံလောက်ဘူး။ အဲဒီတော့ ဆရာဦးရေများ လာဖို့ဆိုရင် လခများများ မပေးနိုင်ရင်တောင် သူ့အတွက် လိုအပ်ချက်တဲ့ ဖြည့်ဆည်းမှုတွေ ရှိနေရင်တော့ ဆရာဦးရေကများနေမှာပါ”ဟု ရန်ကန်တက္ကသိုလ်မှ လုပ်သက်ရင့် ဆရာတစ်ဦး ကလည်း ပြောသည်။

No comments:

Post a Comment

My Blog List