Friday, February 21, 2020

မျိုးဆက်သစ်များသို့ နိုင်ငံရေးအမြင်ကျယ်မှုနှင့် ဒီမိုကရေစီစိတ်ဓာတ်အမွေပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်


လူငယ်မျိုးဆက်သစ်များသို့ နိုင်ငံရေးအမြင်ကျယ်မှုနှင့် ဒီမိုကရေစီစိတ်ဓာတ် အမွေပေးနိုင်ရေး တာဝန်တစ်ရပ်အနေဖြင့်ဆောင်ရွက်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။ 

ချင်းပြည်နယ် ထန်တလန်မြို့၌ ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။ 
‘‘ချင်းအမျိုးသားနေ့ဟာ ပ ဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို  ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ အ စားထိုးဖို့ဆုံးဖြတ်ခဲ့တဲ့ နေ့ဖြစ်တဲ့ အတွက် ချင်းတိုင်းရင်းသားများ တန်ဖိုးထားရှိကြပြီး နှစ်စဉ်နှစ် တိုင်း နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပပြုလုပ်ကြသလိုပဲ ချင်း တိုင်းရင်းသား လူငယ်မျိုးဆက် သစ်တွေကိုလည်း တန်ဖိုးကြီးမား လှတဲ့ နိုင်ငံရေးအမြင်ကျယ်မှုနဲ့ ဒီမိုကရေစီ စိတ်ဓာတ်တွေကို  လက်ဆင့်ကမ်း အမွေပေးသွားနိုင် ရေးဟာလည်း တောင်ပေါ်မြေ ပြန့်၊ ပြည်တွင်းနဲ့ပြည်ပနေချင်း တိုင်းရင်းသားများအားလုံးရဲ့ အ ဓိက တာဝန်တစ်ရပ်ပဲဖြစ်ပါ တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ 
၁၉၄၈ ဖေဖော်ဝါရီက ဖ လမ်းမြို့၌ ကျင်းပခဲ့သည့် ချင်းဝိ သေသတိုင်းလုံးဆိုင်ရာ ညီလာခံ တွင်  တင်သွင်းခဲ့သော အဆိုများ အနက် ဖေဖော်ဝါရီ ၂၀ ရက်တွင် တင်သွင်းသည့် တိုက်သူကြီးအုပ် ချုပ်ရေးစနစ်ကို ပယ်ဖျက်ပြီး လူ ထုရွေးချယ်သည့် ကိုယ်စားလှယ် များက အုပ်ချုပ်သည့် အဆိုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ငါး ထောင်ကျော်၊ ကန့်ကွက်မဲ ၁၇ မဲ ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ဖလမ်း မြို့လူထုညီလာခံကြီးက ဒီမိုက ရေစီ အုပ်ချုပ်ရေးစနစ်ကို ပြောင်း လဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည့် နေ့ဖြစ်၍ နိုင်ငံရေးနှင့် သမိုင်းတန်ဖိုးအရ အနှစ်သာရပြည့်ဝပြီး တန်ဖိုးကြီးမားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 
ချင်းတိုင်းရင်းသားများသည်  ဝေးလံပြီး သွားရခက်ခဲ့သည့် တောင်တန်းဒေသများတွင် နေ ထိုင်ကြသော်လည်း နိုင်ငံရေးအရ  နောက်မကျခဲ့ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။ 
အဆိုပါ အခမ်းအနားတွင်  ချင်းလက်နက်ကိုင်အဖွဲ့(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန် မှုန်းကကျေးဇူးတင်စကား ပြော ကြားရာ ယခုနှစ်တွင် ကျင်းပ သည့် ချင်းအမျိုးသားနေ့သည် ပိုမိုတန်ဖိုးရှိပြီး လေးနက်ကြောင်း ပြောကြားသည်။ 
‘‘ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော်တို့ရဲ့ နိုင်ငံတော်ရဲ့  အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် တက်ရောက် ပြီးတော့ မိန့်ခွန်းပြောကြားပေးတဲ့ အတွက် အထူးကျေးဇူးတင်တဲ့အ ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်သာ မကပါဘူး။ ရှစ်လေးလုံးအရေး တော်ပုံကြီးကို ဦးဆောင်လမ်း ညွှန်ခဲ့တဲ့ ဒီမိုကရေစီ မိခင်ကြီးဖြစ် ပါတယ်။ လူထုခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်’’ ဟု ၎င်းကဆို သည်။ ဒေါက်တာဆလိုင်းလျန်မှုန်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက်ရေးစပ်ထားသည့် သီချင်းကိုလည်း အခမ်းအနားတွင် ချင်းဘာသာစကားဖြင့်  သီဆိုပြခဲ့ သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရောင်ခြည်သန်းလာသည်နှင့်အမျှ  ယခင်က မမျှော်မှန်းဖူးသည့် နိုင်ငံတော် ဒုတိယသမ္မတရာထူးကို ချင်းလူမျိုးထဲကရရှိခဲ့ခြင်းသည် ဒီမိုကရေစီအသီးအပွင့်ဖြစ်သည် ဟု ၎င်းက ဆိုသည်။
ချင်းလူမျိုးများက ဒီမိုကရေ စီစနစ်ကို အမျိုးသားနိုင်ငံရေးစနစ် အဖြစ် ရွေးချယ်နိုင်ခဲ့ခြင်းသည် ပင်လုံစာချုပ်ကြောင့်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီးကို မွေးဖွားပေး သည့်  ပင်လုံစာချုပ် အပိုဒ် (၇) တွင် တောင်တန်းဒေသ၏ ပြည် သူများသည် ဒီမိုကရေစီတိုင်း ပြည်များတွင် ခံစားလျက်ရှိသည့် အခွင့်အရေးများ၊ ရပိုင်ခွင့်သတ် မှတ်ထားသည့် ရပိုင်ခွင့်ကိုခံစား ခွင့်ရှိစေရမည်ဟု ပါကြောင်း CNF ဒုဥက္ကဋ္ဌက ပြောသည်။
ပင်လုံစာချုပ် လက်မှတ်ရေး ထိုးထားသည့် ကချင်လူမျိုးများက လည်း ဒူဝါစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ကို  ရွေးချယ်နိုင်ခဲ့ ကြောင်း၊ အလားတူ ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့သည့် ရှမ်းလူမျိုးများကလည်း စော်ဘွားစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ကို  ရွေးချယ် ခဲ့ကြောင်း ၎င်းက ဆိုသည်။‘‘ဒါပေမဲ့ ကျွန်တော်တို့ ဒီ တိုင်းပြည်မှာ ပင်လုံစာချုပ်ကို ယနေ့အထိ အကောင်အထည်  မဖော်နိုင်သေးပါဘူး။ ပင်လုံစာ ချုပ်ကို ယနေ့အထိအကောင်အ  ထည်မဖော်နိုင်တဲ့အတွက် အနှစ် ၇၀ ကျော်ပြီဖြစ်တဲ့ ပြည်တွင်း စစ်နဲ့ကျွန်တော်တို့ ရင်ဆိုင်နေရ ပါတယ်။ ပင်လုံစာချုပ်ကို အ ပြည့်အဝအကောင်အထည် မ ဖော်နိုင်တဲ့အတွက် စစ်အာဏာ ရှင်စနစ်၊ တစ်ပါတီအာဏာရှင်  စနစ်တွေနဲ့ကျွန်တော်တို့ ရင်ဆိုင် ခဲ့ရပါတယ်’’ ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်မှု နှင့်တကွ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ - ၂၁ရာစုပင်လုံ ကျင်းပခြင်းသည် ၁၉၄၇ ပင်လုံ စာချုပ်ကို ယခုညီလာခံက အ ပြည့်အဝအကောင်အထည်ဖော် မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း CNF ဒုဥက္ကဋ္ဌက ဆိုသည်။
7Day

1 comment:

  1. Easy "water hack" burns 2 lbs OVERNIGHT

    Over 160 000 men and women are losing weight with a simple and secret "water hack" to burn 1-2 lbs each and every night while they sleep.

    It is painless and it works on anybody.

    This is how you can do it yourself:

    1) Hold a clear glass and fill it half glass

    2) Proceed to do this proven hack

    you'll become 1-2 lbs skinnier the very next day!

    ReplyDelete

My Blog List