Tuesday, February 18, 2020

အစိုးရကို ထောက်ပြဝေဖန်မည့် အတိုက်အခံပါတီကောင်းများ ပေါ်ထွက်လာရန်လိုအပ်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပြောဆို


Image may contain: 1 person, on stage and standing
နိုင်ငံတော်အစိုးရကို ပွင့်ပွင့် လင်းလင်း အကျိုးသင့်၊ အကြောင်းသင့် ထောက်ပြဝေဖန်မည့် အတိုက်အခံပါတီ ကောင်းများ ပေါ်ထွက်လာရန် လိုအပ် ကြောင်း ပြည်သူ့ပါတီ ဗဟိုအလုပ်အမှု ဆောင် ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ် အောင်ချမ်းသာ ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့် ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲ ဆိုင်းဘုတ်တင် အခမ်းအနား၌ ဦးကိုကို ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီ အားကောင်းဖို့က အစိုးရကို ပွင့်ပွင့် လင်းလင်း ထောက်ပြမယ့် ပါတီတွေ၊ အဖွဲ့ အစည်းတွေလိုတယ်။ ကျွန်တော်တို့ ဒါကို ဆောင်ရွက်နေတာဖြစ်တယ်။ ကျွန်တော် တို့ နိုင်ငံဟာ တစ်ချိန်လုံး ပိတ်ဆို့ခံထား ရတာကနေ ဖွင့်လိုက်တဲ့အခါကျတော့ အရင်က မပြောရဲ မဆိုရဲတဲ့ ပြသနာတွေ အများကြီးပဲ။ အဲဒါတွေကို ဖြေရှင်းတဲ့ အခါမှာ တစ်ခါတလေ တာဝန်ယူတဲ့သူက အကုန် မသိနိုင်ဘူး။ အကုန်မသိနိုင်တဲ့ အခါမှာ ဒါတွေတကယ်ဖြစ်နေပါတယ်ဆိုတာ ပြောရင်လည်း လက်ခံဖို့လိုတယ်။ အဲဒီလိုပြောတာ မကြိုက်ဘူးဆိုရင် ဒီမိုကရေစီမဟုတ်ဘူး။ မပြောရဲရင်တောင် ကျွန်တော်တို့က အားပေးရမှာ။ ကျွန်တော်တို့ လုပ်နေတဲ့ကိစ္စကို ဝေဖန်ပါ၊ ပြောပါ၊အကြံဉာဏ်ပေးပါဆိုတာမြိုး အဲဒီလို အခွအေနမြေိုးဖနျတီးရမယျ။ အဲဒီတော့ ကြှနျတောျတို့ ဒီစပျကူး မပျကူးအပွောငျးအလဲကာလမှာ ဒီမိုကရစေီကို နှစျနှစျကာကာယုံကွညျတဲ့အတှက်ကြောင့် ကျွန်တော်တို့ ပြောသင့်တာပြောမယ်။ ပြောတဲ့ အခါမှာလည်း တကယ့်ကို အကျိုးသင့်အကြောင်းသင့် ထောက်ပြဝေဖန်မယ့် အတိုက်အခံကောင်းတွေပေါ်လာဖို့ ကျွန်တော်တို့ ကြိုးစားဖို့ လိုပါတယ်"ဟု ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောဆိုသည်။

အင်းတော်မြို့ရှိ ပြည်သူ့ပါတီ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဥက္ကဌဦးကိုကိုကြီးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်စိုး၊ ပြည်သူ့ပါတီ စစ်ကိုင်းတိုင်းရုံး အတွင်းရေးမှူးဦးအောင်နေမျိုးတို့က လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး အင်းတော်၊ ကသာ၊ ပင်လည်ဘူးမြို့နယ်များမှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

"ခေါင်းဆောင်ကြီးဝါဒကို ကျွန်တော်တို့ ကြိုးစားနေတာမဟုတ်ဘူး။ ခေါင်းဆောင်ကောင်းတွေ နေရာအသီးသီးကနေ ပေါ်ထွက်လာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အင်းတော်မြို့၊ ကသာမြို့ကနေ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာဖို့ အဲဒီလို အခြေခံကနေစပြီးခေါင်းဆောင်ကောင်းတွေ အပြိုင် ပေါ်ထွက်လာမှ ဒီပါတီနဲ့ အဖွဲ့ အစည်းက ခိုင်မာမှာပါ။ အင်းတော် မြို့နယ်ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲမှာ အမှတ်တရ ပြောချင်တာကတော့ ၈၈မျိုးဆက်ကျောင်းသားတွေကို အခြေခံပြီး ဖွဲ့စည်းခဲ့တယ်ဆိုပေမယ့် ပြည်သူ့ပါတီဆိုတာ ပြည်သူတစ်ရပ်လုံးပါဝင်နိုင်အောင် အမြဲတမ်း ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းထားပြီး ပူးပေါင်းပါဝင်နိုင်အောင်လည်း ဖိတ်ခေါ်လျက် ရှိပါတယ်။ ပါတီ မတူပေမယ့် ဦးတည်ချက်တူတဲ့ ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့လည်း အသင့်ရှိပါတယ်။ ပြည်သူ နဲ့ပါတီတွဲထားတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူနဲ့ပါတီတစ်သားတည်း ဖြစ်နေအောင်လည်း ပါတီဝင်တွေကကြိုးစား ကြဖို့ တိုက်တွန်းပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ပြည်သူ့ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ် သုံးခုရှိမဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိ တိုင်းဒေသကြီးမြို့နယ် ၆၀တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ခဲ့ပြီး ရပ်^ကျေးရုံး ၃၀၀ ကျော် ဖွင့်လှစ်ထားကာအင်းတော်မြို့နယ်တွင် ပြည်သူ့ပါတီဝင် အင်အား ၈၀ကျော်ရှိကြောင်း သိရသည်။ ပြည်သူ့ပါတီအနေဖြင့်ရွေးကောက်ပွဲပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းထားပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုယ်စားလှယ်လောင်းများ လိုက်လံရှာဖွေနေကြောင်း သိရသည်။

သတင်း - နေမျိုးလှရွှေ (မြစ်မခ)
(Zawgyi Version)
အစိုးရကို ထောက်ပြဝေဖန်မည့် အတိုက်အခံပါတီကောင်းများ ပေါ်ထွက်လာရန်လိုအပ်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပြောဆို

နိုင်ငံတော်အစိုးရကို ပွင့်ပွင့် လင်းလင်း အကျိုးသင့်၊ အကြောင်းသင့် ထောက်ပြဝေဖန်မည့် အတိုက်အခံပါတီ ကောင်းများ ပေါ်ထွက်လာရန် လိုအပ် ကြောင်း ပြည်သူ့ပါတီ ဗဟိုအလုပ်အမှု ဆောင် ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောဆို သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ် အောင်ချမ်းသာ ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့် ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲ ဆိုင်းဘုတ်တင် အခမ်းအနား၌ ဦးကိုကို ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီ အားကောင်းဖို့က အစိုးရကို ပွင့်ပွင့် လင်းလင်း ထောက်ပြမယ့် ပါတီတွေ၊ အဖွဲ့ အစည်းတွေလိုတယ်။ ကျွန်တော်တို့ ဒါကို ဆောင်ရွက်နေတာဖြစ်တယ်။ ကျွန်တော် တို့ နိုင်ငံဟာ တစ်ချိန်လုံး ပိတ်ဆို့ခံထား ရတာကနေ ဖွင့်လိုက်တဲ့အခါကျတော့ အရင်က မပြောရဲ မဆိုရဲတဲ့ ပြသနာတွေ အများကြီးပဲ။ အဲဒါတွေကို ဖြေရှင်းတဲ့ အခါမှာ တစ်ခါတလေ တာဝန်ယူတဲ့သူက အကုန် မသိနိုင်ဘူး။ အကုန်မသိနိုင်တဲ့ အခါမှာ ဒါတွေတကယ်ဖြစ်နေပါတယ်ဆိုတာ ပြောရင်လည်း လက်ခံဖို့လိုတယ်။ အဲဒီလိုပြောတာ မကြိုက်ဘူးဆိုရင် ဒီမိုကရေစီမဟုတ်ဘူး။ မပြောရဲရင်တောင် ကျွန်တော်တို့က အားပေးရမှာ။ ကျွန်တော်တို့ လုပ်နေတဲ့ကိစ္စကို ဝေဖန်ပါ၊ ပြောပါ၊အကြံဉာဏ်ပေးပါဆိုတာမျိုး အဲဒီလို အခြေအနေမျိုးဖန်တီးရမယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီစပ်ကူး မပ်ကူးအပြောင်းအလဲကာလမှာ ဒီမိုကရေစီကို နှစ်နှစ်ကာကာယုံကြည်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ပြောသင့်တာပြောမယ်။ ပြောတဲ့ အခါမှာလည်း တကယ့်ကို အကျိုးသင့်အကြောင်းသင့် ထောက်ပြဝေဖန်မယ့် အတိုက်အခံကောင်းတွေပေါ်လာဖို့ ကျွန်တော်တို့ ကြိုးစားဖို့ လိုပါတယ်"ဟု ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောဆိုသည်။

အင်းတော်မြို့ရှိ ပြည်သူ့ပါတီ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဥက္ကဌဦးကိုကိုကြီးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်စိုး၊ ပြည်သူ့ပါတီ စစ်ကိုင်းတိုင်းရုံး အတွင်းရေးမှူးဦးအောင်နေမျိုးတို့က လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး အင်းတော်၊ ကသာ၊ ပင်လည်ဘူးမြို့နယ်များမှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

"ခေါင်းဆောင်ကြီးဝါဒကို ကျွန်တော်တို့ ကြိုးစားနေတာမဟုတ်ဘူး။ ခေါင်းဆောင်ကောင်းတွေ နေရာအသီးသီးကနေ ပေါ်ထွက်လာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အင်းတော်မြို့၊ ကသာမြို့ကနေ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာဖို့ အဲဒီလို အခြေခံကနေစပြီးခေါင်းဆောင်ေကာင်းတွေ အပြိုင် ပေါ်ထွက်လာမှ ဒီပါတီနဲ့ အဖွဲ့ အစည်းက ခိုင်မာမှာပါ။ အင်းတော် မြို့နယ်ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲမှာ အမှတ်တရ ပြောချင်တာကတော့ ၈၈မျိုးဆက်ကျောင်းသားတွေကို အခြေခံပြီး ဖွဲ့စည်းခဲ့တယ်ဆိုပေမယ့် ပြည်သူ့ပါတီဆိုတာ ပြည်သူတစ်ရပ်လုံးပါဝင်နိုင်အောင် အမြဲတမ်း ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းထားပြီး ပူးပေါင်းပါဝင်နိုင်အောင်လည်း ဖိတ်ခေါ်လျက် ရှိပါတယ်။ ပါတီ မတူပေမယ့် ဦးတည်ချက်တူတဲ့ ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့လည်း အသင့်ရှိပါတယ်။ ပြည်သူ နဲ့ပါတီတွဲထားတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူနဲ့ပါတီတစ်သားတည်း ဖြစ်နေအောင်လည်း ပါတီဝင်တွေကကြိုးစား ကြဖို့ တိုက်တွန်းပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ပြည်သူ့ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ် သုံးခုရှိမဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ြပီး လက်ရှိ တိုင်းဒေသကြီးမြို့နယ် ၆၀တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ခဲ့ပြီး ရပ်^ကျေးရုံး ၃၀၀ ကျော် ဖွင့်လှစ်ထားကာအင်းတော်မြို့နယ်တွင် ပြည်သူ့ပါတီဝင် အင်အား ၈၀ကျော်ရှိကြောင်း သိရသည်။ ပြည်သူ့ပါတီအနေဖြင့်ရွေးကောက်ပွဲပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းထားပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုယ်စားလှယ်လောင်းများ လိုက်လံရှာဖွေနေကြောင်း သိရသည်။

သတင်း - နေမျိုးလှရွှေ (မြစ်မခ)

No comments:

Post a Comment

My Blog List