Thursday, February 20, 2020

NCA နှင့် နိုင်ငံရေးဖြစ်စဉ်များတွင်ပါဝင်ရန် SSPPဆုံးဖြတ်

Image may contain: one or more people and indoor
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မရေးထိုးရသေးတဲ့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)အနေနဲ့ (NCA)လမ်းကြောင်းနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်သွားမယ်လို့ ဖေဖော်ဝါရီ(၁၉) ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ(၄)ရက်ကနေ (၁၈)ရက်အထိ SSPP/SSA ရဲ့ ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာပြုလုပ်ခဲ့တဲ့ (၂၀၁၉)ခုနှစ် မျက်နှာစုံညီနှစ်ချုပ်အစည်းအဝေးအပြီးမှာ အခုလိုသတင်းထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

SSPP/SSA အနေနဲ့ အခြားအဖွဲ့ဝင်တွေနဲ့အတူ (NCA)နဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ဖို့အတွက် အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် SSPP/SSAအနေနဲ့ (NCA)ဖြစ်ပေါ်လာတဲ့ ကြိုးပမ်းမှုတစ်လျှောက်မှာလည်း အစကနေအဆုံးထိ ပူးပေါင်းပါဝင်ခဲ့တဲ့ သမိုင်းအထောက်အထားလည်းရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံမိဘပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ့်အပြင် ဆင်းရဲမွဲတေမှုပပျောက်ရေးကိုလည်းအထူးလုပ်ငန်းတစ်ရပ်အနေနဲ့ အကာင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး SSPP/SSAက ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။
အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ အခု SSPP/SSAရဲ့ (NCA)လမ်းကြောင်းထဲမှာ ပါဝင်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတယ်လို့ ပြောပါတယ်။ ဘယ်အချိန်မှာ လက်မှတ်ရေးထိုးမယ်ဆိုတာကို မသိရသေးပေမယ့် မြန်မြန်လက်မှတ်ထိုးပြီး နိုင်ငံရေးဖြစ်စဉ်တွေမှာပါဝင်စေချင်တယ်လို့ ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။
“ ဘယ်နေ့ ဘယ်လိုထိုးမလဲဆိုတော့ ကျွန်တော်တို့ သေချာ မသိသေးပါဘူး။ မူအားဖြင့် NCA လမ်းကြောင်းထဲမှာပဲ ရှိနေတယ် ဆိုတာကတော့ ဝမ်းသာစရာပါ” လို့ ဦးလှမောင်ရွှေက ပြောပါတယ်

SSPP/SSA ပါဝင်တဲ့ (FPNCC) အဖွဲ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ပါဝင်ပြီးအဲ့ဒီအထဲကမှ SSPP/SSA၊ NDAA(မိုင်းလားအဖွဲ့)နဲ့ UWSAတို့ဟာအစိုးရနဲ့ တစ်ဖွဲ့ချင်းအလိုက် အပစ်ရပ်သဘောတူစာချုပ်တွေ ချုပ်ဆိုထားတာပါ။
Image may contain: one or more people, people sitting and indoor
Image may contain: text
Image may contain: text
Image may contain: 1 person, sitting and indoor
Image may contain: one or more people, people sitting and indoor

No comments:

Post a Comment

My Blog List