Wednesday, February 19, 2020

ဧရာဝတီတိုင်းအတွင်းရှိ ကျွန်းတစ်ကျွန်းကို ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားပြုအမည်ပြောင်းကာ ရုပ်တုထားရှိမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ်ပြောဆို


Image may contain: 1 person, standing and outdoor
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ် ခွဲဂျိတ်လတ်စံပြကျေးရွာအနီးရှိ ကျွန်းတစ်ကျွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုမည့်အမည်ပြောင်းလဲကာ ရုပ်တုလည်း ထားရှိသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
အဆိုပါကျွန်းအမည်မှာ မူလက ပန်းတမော့အမည်ရပြီး လက်ရှိတွင် အမည်ပြောင်းရေးစာတင်ထားကြောင်း ပုသိမ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက People Media သို့ပြောသည်။

“အဲဒီနားမှာ ကျွန်းတစ်ကျွန်းရှိတယ်။ ပန်းတမော့ကျွန်းဆိုတာလေ အဲ့ဒီကျွန်းကို ကျွန်းနာမည်လည်း ပြောင်းချင် တယ်။ Lady’s Island ဆိုပြီးတော့။ နောက်ပြီး အဲဒီကျွန်းမှာ ရုပ်တုထားဖို့ ဆာဗေးလုပ်တုန်းရှိသေးတယ်။ အမေ့ ရုပ်တုထားဖို့လေ။ နာမည်ပြောင်းဖို့တင်ထားတယ်”ဟု ဒေါက်တာစိုးဝင်းကပြောသည်။

အဆိုပါကျွန်းကို နိုင်ငံတော်အတိုင်ပင်ခံကိုယ်စားပြုကျွန်းအဖြစ် အမည်ပြောင်းရန် ပြုလုပ်ရခြင်းမှာ အနီးအနားရှိ ကျေးရွာများကို မုန်တိုင်းဒဏ်ကာကွယ်ခြင်းေြကာင့်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

“အဲဒီကျွန်းရဲ့အရှေ့ဘက်မှာရှိတဲ့ ရွာတော်တော်များများကို မုန်တိုင်းဒဏ်ကနေ ကာကွယ်ထားတယ်။ ကျွန်းရဲ့ အနေအထားတည်နေရာက အကာအကွယ်ပေးထားတဲ့အနေအထားရှိတာကြောင့် အမေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီလိုလုပ်တာ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးဝင်းကပြောသည်။

အဆိုပါကျွန်းကို အမည်ပြောင်းပြီး ရုပ်တုထားရှိရန် လုပ်ဆောင်နေခြင်းမှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ခွင့်ပြုမိန့် မရရှိသေးဘဲ စာတင်ထားဆဲဖြစ်ကြောင်းနှင့် ခွင့်ပြုမိန့်မရရှိသေးခြင်းမှာ သက်ဆိင်ဌာနများမှ ရုံးလုပ်ငန်းလုပ်ထုံး လုပ်နည်းအတိုင်း အဆင့်ဆင့်လုပ်ဆောင်နေခြင်းေကြာင့်ဖြစ်မည်ဟုယူဆကြောင်း၊ ယခုလိုလုပ်ဆောင်ခြင်း သည် နိုင်ငံတော်အတွက် အထိမ်းအမှတ်တစ်ခုဖြစ်ကြောင်းလည်း ဒေါက်တာစိုးဝင်းက ဆက်လက်ပြောကြား သွားခဲ့သည်။

Photo - Credit


(Unicode)
ဧရာဝတီတိုင်းအတွင်းရှိ ကျွန်းတစ်ကျွန်းကို ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားပြုအမည်ပြောင်းကာ ရုပ်တုထားရှိမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ်ပြောဆို
………………………………………………………

ရန်ကုန်၊ ဖေဖေါ်ဝါရီ - ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ် ခွဲဂျိတ်လတ်စံပြကျေးရွာအနီးရှိ ကျွန်းတစ်ကျွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုမည့်အမည်ပြောင်းလဲကာ ရုပ်တုလည်း ထားရှိသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါကျွန်းအမည်မှာ မူလက ပန်းတမော့အမည်ရပြီး လက်ရှိတွင် အမည်ပြောင်းရေးစာတင်ထားကြောင်း ပုသိမ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက People Media သို့ပြောသည်။

“အဲဒီနားမှာ ကျွန်းတစ်ကျွန်းရှိတယ်။ ပန်းတမော့ကျွန်းဆိုတာလေ အဲ့ဒီကျွန်းကို ကျွန်းနာမည်လည်း ပြောင်းချင် တယ်။ Lady’s Island ဆိုပြီးတော့။ နောက်ပြီး အဲဒီကျွန်းမှာ ရုပ်တုထားဖို့ ဆာဗေးလုပ်တုန်းရှိသေးတယ်။ အမေ့ ရုပ်တုထားဖို့လေ။ နာမည်ပြောင်းဖို့တင်ထားတယ်”ဟု ဒေါက်တာစိုးဝင်းကပြောသည်။

အဆိုပါကျွန်းကို နိုင်ငံတော်အတိုင်ပင်ခံကိ်ုယ်စားပြုကျွန်းအဖြစ် အမည်ပြောင်းရန် ပြုလုပ်ရခြင်းမှာ အနီးအနားရှိ ကျေးရွာများကို မုန်တိုင်းဒဏ်ကာကွယ်ခြင်းကြောင့်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

“အဲဒီကျွန်းရဲ့အရှေ့ဘက်မှာရှိတဲ့ ရွာတော်တော်များများကို မုန်တိုင်းဒဏ်ကနေ ကာကွယ်ထားတယ်။ ကျွန်းရဲ့ အနေအထားတည်နေရာက အကာအကွယ်ပေးထားတဲ့အနေအထားရှိတာကြောင့် အမေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီလိုလုပ်တာ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးဝင်းကပြောသည်။

အဆိုပါကျွန်းကို အမည်ပြောင်းပြီး ရုပ်တုထားရှိရန် လုပ်ဆောင်နေခြင်းမှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ခွင့်ပြုမိန့် မရရှိသေးဘဲ စာတင်ထားဆဲဖြစ်ကြောင်းနှင့် ခွင့်ပြုမိန့်မရရှိသေးခြင်းမှာ သက်ဆိင်ဌာနများမှ ရုံးလုပ်ငန်းလုပ်ထုံး လုပ်နည်းအတိုင်း အဆင့်ဆင့်လုပ်ဆောင်နေခြင်းကြောင့်ဖြစ်မည်ဟုယူဆကြောင်း၊ ယခုလိုလုပ်ဆောင်ခြင်း သည် နိုင်ငံတော်အတွက် အထိမ်းအမှတ်တစ်ခုဖြစ်ကြောင်းလည်း ဒေါက်တာစိုးဝင်းက ဆက်လက်ပြောကြား သွားခဲ့သည်။

Photo - Credit

#PeopleMedia

No comments:

Post a Comment

My Blog List