Tuesday, February 18, 2020

အစိုးရနှင့်ကုမ္ပဏီတို့ ဖက်စပ်လုပ်သည့် လုပ်ငန်းပေါင်း ၂၀ကျော်အမြတ်လုံးဝမရသေးသည့်အပေါ် “ဒီနိုင်ငံမှ မမွဲရင် ဘယ်နိုင်ငံမှ မွဲစရာအကြောင်းမရှိတော့ဘူး”ဟု NLD အမတ် ထိထိမိမိထောက်ပြဝေဖန်

Image may contain: 1 person
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်NLD အမတ်တစ်ဦးက“ဒီနိုင်ငံမှ မမွဲရင် ဘယ်နိုင်ငံမှ မွဲစရာအကြောင်းမရှိတော့ဘူး”ဟု သက်ဆိုင်ရာဌာနများကို ပြောဆိုဆွေးနွေးဝေဖန် လိုက်ပြီး နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် သီးခြားစစ်ဆေးရန်ပါ တောင်းဆိုခဲ့သည်။

၎င်းက ဖက်စပ်လုပ်သည့် ဝန်ကြီးဌာန ၂၁ခုသည် ၂၀၁၆၊၂၀၁၇၊၂၀၁၈ ၃နှစ်ဆက်တိုက် အမြတ် ဇီးရိုးကြီးပဲ ဖြစ်နေကြောင်းပြောကာ အဆိုပါ ဝန်ကြီးဌာနများသည် တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေသည်ဟု ပြောဆိုခဲ့သည်။
ဝေဖန်ထောက်ပြတောင်းဆိုလိုက်သည့် NLD အမတ်မှာ ရန်ကုန် မဲဆန္ဒနယ်အမှတ်၃မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံဘက်ဂျက်၏ ၂၀ရာခိုင်နှုန်းကို အမြဲသုံးကာ၊အမြဲ အရှုံးပေါ်နေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုပြောသည်။
စာရင်းစစ်ချုပ်အစီရင်ခံစာအတွင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ အလွဲသုံးစားမှု၊ ဘဏ္ဍာငွေယိုစီးမှု၊မလိုအပ်သည့်အသုံးစရိတ်၊အဂတိလိုက်စားမှုများစသည့် စာရင်းစစ်ကန့်ကွက်ချက်များမပါသည့်အပေါ် ကိုလည်း ၎င်းက အားမလိုအားမရ ဖြစ်ခဲ့သည်။
Image may contain: screen
No photo description available.
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List