Wednesday, February 19, 2020

နည်းပညာများနှင့်ပတ်သက်၍တတ်နိုင်သမျှမြန်မာမှုပြုကြဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းအကြံပေး

Image may contain: 1 person, text

နည်းပညာများနှင့်ပတ်သက်၍တတ်နိုင်သမျှမြန်မာမှုပြုကြဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းအကြံပေးလိုက်ကြောင်းသိရသည်။

နေပြည်တော်တွင် ယမန်နေ့က ကျင်းပသည့် စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"အခုနည်းပညာတွေနဲ့ပတ်သက်လို့ တတ်နိုင်သမျှ မြန်မာမှုပြုတာကို လိုလားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအင်္ဂလိပ်ဘာသာစကားနဲ့ အများကနေ သုံးနေတယ်ဆိုတာ လက်ခံပါတယ်။ တစ်ကမ္ဘာလုံးကလည်း ဒီလိုပဲသုံးနေတာပါ။ ဒါပေမယ့် ကျွန်မတို့ရဲ့ ပြည်သူလူထုအနေနဲ့ ဒါတွေနဲ့ ပတ်သက်လို့ အဓိပ္ပါယ်ကို နားလည်စေချင်ပါတယ်။ အဓိပ္ပါယ်ကို နားလည်မှ တကယ်ပဲ ပါဝင်နိုင်မှာလို့ ကျွန်မဒီလိုပဲယူဆပါတယ်။ တတ်နိုင်သရွေ့တော့ ကျွန်မတို့က မြန်မာမှုပြုစေချင်ပါတယ်"ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ e-Government ညွှန်းကိန်းအပေါ်ကိုလည်း ပို၍ကြိုးစားစေချင်ကြောင်း ပြောဆိုခဲ့သေးသည်။
"လက်ရှိမြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းအကြည့်ရင် ၂ဝ၁၆ ခုနှစ်က နိုင်ငံပေါင်း (၁၉၃)နိုင်ငံအနက် အဆင့်(၁၆၉)၊ ၂ဝ၁၈ ခုနှစ်မှာ အွန်လိုင်းဝန်ဆောင်မှုများနဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အဦတွေ အထူးသဖြင့် မိုဘိုင်းဆက်သွယ်ရေးမှာ တိုးတက်လာလို့ (၁၅၇) အဆင့်ကို တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် ညွှန်းကိန်းတန်ဖိုးတွေဟာ အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဒေသရဲ့ ပျမ်းမျှအောက် ရောက်နေသေးတာကို တွေ့ရှိရ ပါတယ်။ ကျွန်မတို့ ဒီထက်ပိုပြီး အရှိန်အဟုန်နဲ့ ကြိုးပမ်းကြဖို့ လိုသေးတယ်ဆိုတာကို ပြသနေတာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List