Thursday, February 20, 2020

နိုင်ငံတိုးတက်ဖို့ အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပဲဆိုတာ အများအသိ ငြိမ်းချမ်းရေးနဲ့ဒွန်တွဲပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်မည်


Image may contain: 11 people, people standing and outdoor
ပြင်ပက ဘယ်လိုပဲကူညီတယ်ပြောပြောတကယ့်အင်အားဟာ ကျွန်မတို့နိုင်ငံကပြည်သူတွေရဲ့အတွင်းကနေ ထွက်လာတဲ့အင်အားပါ။ ပြည်သူတစ်ဦးချင်း တစ်ဦးချင်းရဲ့အရည်အချင်းတွေကို စုပေါင်းပြီး ထွက်ပေါ်လာတဲ့အင်အားသာလျှင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်အင်အားတွေ ဖြစ်ပါတယ်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ချင်းပြည်နယ် တွန်းဇံမြို့နယ် နှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး သီကီးရ် ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲ နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော နေအိမ်အလုံး ၅၀ ဖွင့်ပွဲအခမ်းအနားများသို့ တက် ရောက်သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကလေးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ချင်း ပြည်နယ် တွန်းဇံမြို့သို့ရောက်ရှိကြရာ ချင်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှု အကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက နိုင်ငံတော် အလံငယ်များကို ဝှေ့ယမ်း၍လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချင်းပြည်နယ် တွန်းဇံမြို့ရှိ ချင်းရွှေပြည်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "ပထမဦးဆုံးအနေနဲ့ ကျွန်မ တို့နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်။ ရာသီဥတုကြောင့် ကလေးမြို့ကနေ ရဟတ်ယာဉ်ထွက်တာ နောက်ကျပါတယ်။ ဒီလိုခရီးသွားတဲ့အခါ အထူးသဖြင့် ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေကိုသွားရင် ရာသီဥတုအခြေအနေကိုကြည့်ပြီး ကျွန်မတို့ လုပ်ရပါတယ်။ ဒါဟာ ကျွန်မတို့အားလုံး သင်ခန်းစာယူစရာတစ်ခုပါ။ သဘာ၀က ဖြစ်ပေါ်တဲ့ ကိစ္စတွေကို ကျွန်မတို့က ပြောင်းလို့မရပါဘူး။ ပြောင်းလို့မရတဲ့အခါကျတော့ ဒါတွေကိုကျွန်မတို့ ကျော်လွှားဖို့လိုပါတယ်။ ဒါကြောင့် ချင်းပြည်နယ်လိုနယ်စပ်ဒေသ အင်မတန် ဝေးလံခေါင်သီတဲ့နေရာမှာ ဘ၀ကကြမ်းကြမ်းတမ်းတမ်းနဲ့ ရင်ဆိုင်ရတဲ့နေရာတွေကို အထူးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ပေးနေပါတယ်။ ဒီလိုလုပ်မှလည်း ကျွန်မတို့နိုင်ငံဟာ ပိုပြီးတစ်ယောက်နဲ့တစ်ယောက် ပိုပြီးဆက်သွယ်မှုရှိလာမှာပါ။

"ပြည်ထောင်စုဆိုတာ ပြည်နယ်တွေနဲ့၊ တိုင်းဒေသကြီးတွေနဲ့ စုပေါင်းပြီး ဖွဲ့ထားတာပါ။ အထူးသဖြင့် ကျွန်မတို့ရဲ့နိုင်ငံဟာ တိုင်းရင်းသားများစွာနဲ့ဖွဲ့ထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီလို မတူညီတဲ့တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းနိုင်တယ်ဆိုတာကိုက ကျွန်မတို့ရဲ့ အင်အားပါ။ ကျွန်မတို့ဂုဏ်ယူရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမတူညီတဲ့ တိုင်းရင်းသားတွေနဲ့ ထူထောင်ထားတဲ့နိုင်ငံဖြစ်တာကို ကျွန်မတို့ ဂုဏ်ယူစေချင်ပါတယ်။ ဒီလိုနိုင်ငံအနေနဲ့ တိုးတက်အောင်လို့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ၊ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအားလုံးက ဝိုင်းဝန်းပြီးကူညီပေးစေချင်ပါတယ်။"နိုင်ငံတိုးတက်ဖို့ အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပဲဆိုတာ အများအသိ ဖြစ်မှာပါ။ ချင်းပြည်နယ်ဟာ တခြားပြည်နယ်တွေနဲ့စာရင် လက်နက်ကိုင်အဖွဲ့တွေ နည်းခဲ့ပါတယ်။ နည်းခဲ့တဲ့အတွက် ပြည်သူတွေက ဒီလောက်ဒုက္ခမရောက်ခဲ့ပါဘူး။ တချို့ပြည်နယ်တွေမှာ လက်နက်ကိုင်တိုက်ခိုက်နေတာ လွတ်လပ်ရေးရကတည်းကစခဲ့တာ အနှစ် ၇၀ကျော်ပါပြီ။ ခုထက်ထိ ငြိမ်းချမ်းရေးမရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့အားလုံး ငြိမ်းချမ်းရေးရအောင်လို့ ဝိုင်းဝန်းပြီးလုပ်စေချင်ပါတယ်။ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာက ပြည်သူပြည်သားတွေအားလုံး ပါဝင်မှဖြစ်မှာပါ။

"ငြိမ်းချမ်းရေးနဲ့ဒွန်တွဲပြီး ကျွန်မတို့ဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားရမှာပါ။ ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်ကျွန်မဘယ်ပဲသွားသွား၊ ပြည်သူတွေနဲ့ တွေ့တဲ့အခါ ပြည်သူတွေရဲ့ မေးခွန်းတွေ၊ တင်ပြချက်တွေကို တောင်းခံပါတယ်။တောင်းခံရတဲ့အကြောင်းရင်းက နိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ ဘယ်လိုပြဿနာတွေရှိနေလဲ၊ ဘာလိုအပ်ချက်တွေရှိနေလဲ၊ ပြည်သူတွေက ဘယ်လိုဆန္ဒတွေရှိလဲဆိုတာကို ကျွန်မတို့သိချင်လို့ ဖြစ်ပါတယ်။ ဒါအစိုးရတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အထူးသဖြင့်ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ အစိုးရရဲ့တာဝန်တွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ပါ။လိုအပ်ချက်တွေရဲ့ လိုလားချက်တွေက မတူဘူးဆိုတာကိုလည်း ကျွန်မ သတိပေးချင်ပါတယ်၊ လူတိုင်းလူတိုင်းက ကိုယ်ပိုင်လိုလားချက်တွေ၊ ဆန္ဒတွေရှိပါတယ်။

"အားလုံးတိုးတက်မှ တစ်ယောက်ချင်းလည်း တိုးတက်နိုင်မယ်။ တစ်ယောက်ချင်းတိုးတက်မှလည်း အားလုံးဟာ တိုးတက်နိုင်မယ်။ ဒီလိုစိတ်ထားမျိုးနဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေကို ကြိုးစားပေးစေချင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးမှုဘက်မှာ နောက်ကျကျန်နေတဲ့ နိုင်ငံတစ်ခုပါ။ ဒီသမိုင်းကြောင်းကို အများသိပြီးသားဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးမှု နောက်ကျတဲ့နိုင်ငံတစ်ခုဖြစ်လို့ ပိုပြီးကြိုးစားဖို့လိုပါတယ်။ ပိုကြိုးစားပြီးတော့ ပိုပြီးတိုးတက်ဖို့အတွက် အရှိန်အဟုန်နဲ့ ဆက်ပြီးသွားမှသာလျှင်တခြားနိုင်ငံတွေနဲ့ ကျွန်မတို့ ရင်ပေါင်တန်းနိုင်မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက အင်အားဟာ ဒီနိုင်ငံအတွင်းမှာ ရှိပါတယ်။

"ပြင်ပက ဘယ်လိုပဲကူညီတယ်ပြောပြော တကယ့်အင်အားဟာ ကျွန်မတို့နိုင်ငံက ပြည်သူတွေရဲ့အတွင်းကနေ ထွက်လာတဲ့အင်အားပါ။ ပြည်သူတစ်ဦးချင်းတစ်ဦးချင်းရဲ့အရည်အချင်းတွေကို စုပေါင်းပြီးထွက်ပေါ်လာတဲ့ အင်အားသာလျှင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်အင်အားတွေ ဖြစ်ပါတယ်။ အပြင်ကအင်အားတွေဆိုတာ ကျွန်မတို့ကို ပံ့ပိုးတဲ့အချိန်ရှိချင်ရှိမယ်၊ မပံ့ပိုးတဲ့အချိန်ရှိချင်ရှိမယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့အင်အားတွေဟာ အစဉ်အမြဲခိုင်မာနေမယ်။ စုစည်းနေမယ်ဆိုရင် ကျွန်မတို့ရဲ့နိုင်ငံဟာ တိုးတက်နိုင်မယ်၊ ဖွံ့ဖြိုးနိုင်မယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုတွေအားလုံး လုံခြုံနိုင်မယ်။ ကျွန်မတို့ရဲ့ ကလေးသူငယ်တွေရဲ့ အနာဂတ်အတွက် ကျွန်မတို့စိတ်ချနိုင်မယ်။ ဒါကြောင့် ကျွန်မတို့ ဘာပဲလုပ်လုပ်၊ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် နောင်မျိုးဆက်တွေအတွက် စဉ်းစားဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်"ဟု ပြောကြားသွားသည်။

၎င်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် သီကီးရ်ကျေးရွာသို့ ရောက်ရှိရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီးဒေါက်တာရွှေလွှမ်းနှင့် ချင်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုသောသီချင်းကို သီဆို၍ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ယမ်း၍လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ရပ်မိရပ်ဖ ဦးဟရမ်ဟေးတို့က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် Dingdi Dream Organization, Medi Myanmar Group Ltd နှင့် ဝိသာခါဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက ဆေးရုံသုံးပစ္စည်းကိရိယာများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများကို ပြည်နယ် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံထံ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံမျက်နှာစာ၌ ဂျပန်ချယ်ရီပင်များကို အမှတ်တရ စိုက်ပျိုးပေးကာ ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိသူများကို အားပေးစကားပြောကြားသည်။

၎င်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သီကီးရ်ကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ဘောင်လူမျိုးစုများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှဆောက်လုပ်လှူဒါန်းသော နေအိမ်အလုံး ၅၀ ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင် ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့က နေအိမ်အလုံး ၅၀ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် ထန်တလန်မြို့သို့ ရောက်ရှိကြရာ ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုသော သီချင်းကို သီဆို၍ ရိုးရာယဉ် ကျေးမှုအကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ယမ်း၍လည်း ကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။

၎င်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထန်တလန်မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မတို့ကို လာရောက်ကြိုဆိုတဲ့ ထန်တလန်က မိဘပြည်သူတွေအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ကျေးဇူးတင်တယ်လို့လည်း ပြောချင်ပါတယ်။ ချင်းပြည်နယ်မှာ ပျော်စရာကောင်းတာတစ်ခုကဘယ်ကိုသွားသွား သီချင်းလေးတွေနဲ့ ကျွန်မတို့ကိုကြိုဆိုပါတယ်။ ချင်းတိုင်းရင်းသားတွေက အဆိုမှာ အင်မတန်တော်ပါတယ်။ သီချင်းဆိုတဲ့နေရာမှာ အသံတွေလည်းကောင်းတယ်၊ ဆိုလည်းဆိုတတ်ကြပါတယ်။ နေရာတိုင်းမှာ သီချင်းတွေဖွဲ့နွဲ့စပ်ဆိုကြတာ အင်မတန်မှ ကျွန်မတို့အတွက် နွေးထွေးမှုပြတယ်လို့ယုံကြည်ပါတယ်။

"ကျွန်မနိုင်ငံရေးလောကထဲကို ဝင်လာတာ ဘာလိုလိုနဲ့ နှစ် ၃၀ ကျော်သွားပြီ။ ဒီနှစ်၃၀ ကျော်အတွင်းမှာ ကျွန်မ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ရောက်ပါတယ်၊ တစ်တိုင်းပြည်လုံး နှံ့အောင် ရောက်ခဲ့ပါတယ်၊ အခုလို အစိုးရ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ခရီးသွားရ၊ လာရတာက အရင်တုန်းက ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ ခရီးသွားရတာလောက် ကျေနပ်စရာမကောင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ကျွန်မတို့ကားနဲ့သွားတဲ့အတွက် လမ်းမှာရပ်လို့ရတယ်။ ရွာတွေမှာ ရပ်လို့ရတယ်။ လမ်းကပြည်သူတွေနဲ့ ကားရပ်ပြီး စကားပြောလို့ရပါတယ်။ ချင်းပြည်နယ်ကို ၂၀၀၁ ခုနှစ်က လာတုန်းကဆိုရင် လမ်းမှာ လမ်းအလုပ်သမားတွေ၊ လမ်းဖောက်နေတဲ့ အလုပ်သမားတွေနဲ့ စကားရပ်ပြောလို့ရတယ်။ အဲဒီလိုထိတွေ့မှုရနိုင်တဲ့အခါကျတော့ တစ်နည်းအားဖြင့် ကျွန်မအတွက်ကျေနပ်စရာလို့မြင်ပါတယ်။ ပြည်သူတွေနဲ့ ပိုပြီးနီးနီးကပ်ကပ်နေနိုင်ခဲ့ပါတယ်။

"ကျွန်မတို့က ပြည်သူတွေကိုတွေ့ဆုံတယ်ဆိုရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်မတို့ နားထောင်ချင်လို့၊ ဒါတွေကို ကျွန်မတို့ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ။ စိုးရိမ်ပူပန်မှုတွေကို လျော့ကျသွားအောင်လို့ ကျွန်မတို့ဘယ်လိုလုပ်ပေးနိုင်မလဲ။ ဒီအဖြေတွေကို ကျွန်မတို့တစ်ချိန်လုံးပဲရှာရပါတယ်။ အဖြေတွေဟာ အမြဲပြီးသွားတယ်လို့ မရှိပါဘူး။ အမြဲရှာနေရပါတယ်။ တစ်နေ့ထက်တစ်နေ့ ကျွန်မတို့ အဖြေသစ်တွေကို ရှာနေရတယ်။ ဒါတွေဟာ နေ့စဉ်လုပ်နေရတဲ့အလုပ်ပါ။

"ကျွန်မအနေနဲ့ ကတိပေးချင်တာကတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ၊ ပြည်ထောင်စုသွေးချင်းများအားလုံးဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရှိသလို ထမ်းဆောင်သင့်တဲ့ တာဝန်တွေလည်းရှိပါတယ်။ ကိုယ်တိုင်လည်း ကိုယ့် တာဝန်ဟာဘာလဲ၊ ကိုယ့်အခွင့်အရေးဆိုတာဘာလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတစ်ဦးချင်းတစ်ဦးချင်းဟာ တာဝန်ကျေတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင် ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့စိုးစဉ်းမျှ စိုးရိမ်စရာ မရှိပါဘူး။တာဝန်ကျေတဲ့နိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဆိုတာ ဘယ်တော့မဆို ပြီးပြည့်စုံတဲ့ နိုင်ငံ၊ ခံနိုင်ရည်နဲ့ ရပ်တည်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။

ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ထန်တလန်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အကြိုညမီးပုံပွဲနှင့် ရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မီးပုံပွဲကို မီးရှူးတိုင်ဖြင့် ထွန်းညှိဖွင့်လှစ်ပေးသည်။ ထို့နောက် အခမ်းအနားတွင် ချင်းတိုင်းရင်းသူ အဆိုတော် အက်စတာဒေါ့သ်ချင်းဆုန်က ချင်းရိုးရာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ထန်တလန်၊ ပလက်၀၊ တီးတိန်၊မတူပီ၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနှင့် ဟားခါး ယဉ်ကျေးမှုအဖွဲ့များကချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

(Zawgyi Version)
နိုင်ငံတိုးတက်ဖို့ အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပဲဆိုတာ အများအသိ ငြိမ်းချမ်းရေးနဲ့ဒွန်တွဲပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်မည်

ပြင်ပက ဘယ်လိုပဲကူညီတယ်ပြောပြောတကယ့်အင်အားဟာ ကျွန်မတို့နိုင်ငံကပြည်သူတေွရဲ့အတွင်းကနေ ထွက်လာတဲ့အင်အားပါ။ ပြည်သူတစ်ဦးချင်း တစ်ဦးချင်းရဲ့အရည်အချင်းတွေကို စုပေါင်းပြီး ထွက်ပေါ်လာတဲ့အင်အားသာလျှင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်အင်အားတွေ ဖြစ်ပါတယ်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ချင်းပြည်နယ် တွန်းဇံမြို့နယ် နှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး သီကီးရ် ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲ နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော နေအိမ်အလုံး ၅၀ ဖွင့်ပွဲအခမ်းအနားများသို့ တက် ရောက်သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကလေးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ချင်း ပြည်နယ် တွန်းဇံမြို့သို့ရောက်ရှိကြရာ ချင်းတိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှု အကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက နိုင်ငံတော် အလံငယ်များကို ဝှေ့ယမ်း၍လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချင်းပြည်နယ် တွန်းဇံမြို့ရှိ ချင်းရွှေပြည်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "ပထမဦးဆုံးအနေနဲ့ ကျွန်မ တို့နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်။ ရာသီဥတုကြောင့် ကလေးမြို့ကနေ ရဟတ်ယာဉ်ထွက်တာ နောက်ကျပါတယ်။ ဒီလိုခရီးသွားတဲ့အခါ အထူးသဖြင့် ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေကိုသွားရင် ရာသီဥတုအခြေအနေကိုကြည့်ပြီး ကျွန်မတို့ လုပ်ရပါတယ်။ ဒါဟာ ကျွန်မတို့အားလုံး သင်ခန်းစာယူစရာတစ်ခုပါ။ သဘာဝက ဖြစ်ပေါ်တဲ့ ကိစ္စတွေကို ကျွန်မတို့က ပြောင်းလို့မရပါဘူး။ ပြောင်းလို့မရတဲ့အခါကျတော့ ဒါတွေကိုကျွန်မတို့ ကျော်လွှားဖို့လိုပါတယ်။ ဒါကြောင့် ချင်းပြည်နယ်လိုနယ်စပ်ဒေသ အင်မတန် ဝေးလံခေါင်သီတဲ့နေရာမှာ ဘဝကကြမ်းကြမ်းတမ်းတမ်းနဲ့ ရင်ဆိုင်ရတဲ့နေရာတွေကို အထူးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ပေးနေပါတယ်။ ဒီလိုလုပ်မှလည်း ကျွန်မတို့နိုင်ငံဟာ ပိုပြီးတစ်ယောက်နဲ့တစ်ယောက် ပိုၿပီးဆက္သြယ္မႈရွိလာမွာပါ

"ပြည်ထောင်စုဆိုတာ ပြည်နယ်တွေနဲ့၊ တိုင်းဒေသကြီးတွေနဲ့ စုပေါင်းပြီး ဖွဲ့ထားတာပါ။ အထူးသဖြင့် ကျွန်မတို့ရဲ့နိုင်ငံဟာ တိုင်းရင်းသားများစွာနဲ့ဖွဲ့ထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီလို မတူညီတဲ့တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းနိုင်တယ်ဆိုတာကိုက ကျွန်မတို့ရဲ့ အင်အားပါ။ ကျွန်မတို့ဂုဏ်ယူရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမတူညီတဲ့ တိုင်းရင်းသားတွေနဲ့ ထူထောင်ထားတဲ့နိုင်ငံဖြစ်တာကို ကျွန်မတို့ ဂုဏ်ယူစေချင်ပါတယ်။ ဒီလိုနိုင်ငံအနေနဲ့ တိုးတက်အောင်လို့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ၊ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအားလုံးက ဝိုင်းဝန်းပြီးကူညီပေးစေချင်ပါတယ်။"နိုင်ငံတိုးတက်ဖို့ အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပဲဆိုတာ အများအသိ ဖြစ်မှာပါ။ ချင်းပြည်နယ်ဟာ တခြားပြည်နယ်တွေနဲ့စာရင် လက်နက်ကိုင်အဖွဲ့တွေ နည်းခဲ့ပါတယ်။ နည်းခဲ့တဲ့အတွက် ပြည်သူတွေက ဒီလောက်ဒုက္ခမရောက်ခဲ့ပါဘူး။ တချို့ပြည်နယ်တွေမှာ လက်နက်ကိုင်တိုက်ခိုက်နေတာ လွတ်လပ်ရေးရကတည်းကစခဲ့တာ အနှစ် ၇၀ကျော်ပါပြီ။ ခုထက်ထိ ငြိမ်းချမ်းရေးမရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့အားလုံး ငြိမ်းချမ်းရေးရအောင်လို့ ဝိုင်းဝန်းပြီးလုပ်စေချင်ပါတယ်။ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာက ပြည်သူပြည်သားတွေအားလုံး ပါဝင်မှဖြစ်မှာပါ။

"ငြိမ်းချမ်းရေးနဲ့ဒွန်တွဲြပီး ကျွန်မတို့ဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားရမှာပါ။ ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်ကျွန်မဘယ်ပဲသွားသွား၊ ပြည်သူတွေနဲ့ တွေ့တဲ့အခါ ပြည်သူတွေရဲ့ မေးခွန်းတွေ၊ တင်ပြချက်တွေကို တောင်းခံပါတယ်။တောင်းခံရတဲ့အကြောင်းရင်းက နိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ ဘယ်လိုပြဿနာတွေရှိနေလဲ၊ ဘာလိုအပ်ချက်တွေရှိနေလဲ၊ ပြည်သူတွေက ဘယ်လိုဆန္ဒတွေရှိလဲဆိုတာကို ကျွန်မတို့သိချင်လို့ ဖြစ်ပါတယ်။ ဒါအစိုးရတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အထူးသဖြင့်ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ အစိုးရရဲ့တာဝန်တွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ပါ။လိုအပ်ချက်တွေရဲ့ လိုလားချက်တွေက မတူဘူးဆိုတာကိုလည်း ကျွန်မ သတိပေးချင်ပါတယ်၊ လူတိုင်းလူတိုင်းက ကိုယ်ပိုင်လိုလားချက်တွေ၊ ဆန္ဒတွေရှိပါတယ်။

"အားလုံးတိုးတက်မှ တစ်ယောက်ချင်းလည်း တိုးတက်နိုင်မယ်။ တစ်ယောက်ချင်းတိုးတက်မှလည်း အားလုံးဟာ တိုးတက်နိုင်မယ်။ ဒီလိုစိတ်ထားမျိုးနဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေကို ကြိုးစားပေးစေချင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးမှုဘက်မှာ နောက်ကျကျန်နေတဲ့ နိုင်ငံတစ်ခုပါ။ ဒီသမိုင်းကြောင်းကို အများသိပြီးသားဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးမှု နောက်ကျတဲ့နိုင်ငံတစ်ခုဖြစ်လို့ ပိုပြီးကြိုးစားဖို့လိုပါတယ်။ ပိုကြိုးစားပြီးတော့ ပိုပြီးတိုးတက်ဖို့အတွက် အရှိန်အဟုန်နဲ့ ဆက်ပြီးသွားမှသာလျှင်တခြားနိုင်ငံတွေနဲ့ ကျွန်မတို့ ရင်ပေါင်တန်းနိုင်မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက အင်အားဟာ ဒီနိုင်ငံအတွင်းမှာ ရှိပါတယ်။

"ပြင်ပက ဘယ်လိုပဲကူညီတယ်ပြောပြော တကယ့်အင်အားဟာ ကျွန်မတို့နိုင်ငံက ပြည်သူတွေရဲ့အတွင်းကနေ ထွက်လာတဲ့အင်အားပါ။ ပြည်သူတစ်ဦးချင်းတစ်ဦးချင်းရဲ့အရည်အချင်းတွေကို စုပေါင်းပြီးထွက်ပေါ်လာတဲ့ အင်အားသာလျှင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်အင်အားတွေ ဖြစ်ပါတယ်။ အပြင်ကအင်အားတွေဆိုတာ ကျွန်မတို့ကို ပံ့ပိုးတဲ့အချိန်ရှိချင်ရှိမယ်၊ မပံ့ပိုးတဲ့အချိန်ရှိချင်ရှိမယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့အင်အားတွေဟာ အစဉ်အမြဲခိုင်မာနေမယ်။ စုစည်းနေမယ်ဆိုရင် ကျွန်မတို့ရဲ့နိုင်ငံဟာ တိုးတက်နိုင်မယ်၊ ဖွံ့ဖြိုးနိုင်မယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုတွေအားလုံး လုံခြုံနိုင်မယ်။ ကျွန်မတို့ရဲ့ ကလေးသူငယ်တွေရဲ့ အနာဂတ်အတွက် ကျွန်မတို့စိတ်ချနိုင်မယ်။ ဒါကြောင့် ကျွန်မတို့ ဘာပဲလုပ်လုပ်၊ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် နောင်မျိုးဆက်တွေအတွက် စဉ်းစားဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်"ဟု ပြောကြားသွားသည်။

၎င်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် သီကီးရ်ကျေးရွာသို့ ရောက်ရှိရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီးဒေါက်တာရွှေလွှမ်းနှင့် ချင်းတိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုသောသီချင်းကို သီဆို၍ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ယမ်း၍လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ရပ်မိရပ်ဖ ဦးဟရမ်ဟေးတို့က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် Dingdi Dream Organization, Medi Myanmar Group Ltd နှင့် ဝိသာခါဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက ဆေးရုံသုံးပစ္စည်းကိရိယာများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများကို ပြည်နယ် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံထံ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံမျက်နှာစာ၌ ဂျပန်ချယ်ရီပင်များကို အမှတ်တရ စိုက်ပျိုးပေးကာ ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိသူများကို အားပေးစကားပြောကြားသည်။

၎င်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သီကီးရ်ကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ဘောင်လူမျိုးစုများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှေဆာက်လုပ်လှူဒါန်းသော နေအိမ်အလုံး ၅၀ ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင် ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့က နေအိမ်အလုံး ၅၀ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် ထန်တလန်မြို့သို့ ရောက်ရှိကြရာ ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုသော သီချင်းကို သီဆို၍ ရိုးရာယဉ် ကျေးမှုအကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ယမ်း၍လည်း ကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။

၎င်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထန်တလန်မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မတို့ကို လာရောက်ကြိုဆိုတဲ့ ထန်တလန်က မိဘပြည်သူတွေအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ကျေးဇူးတင်တယ်လို့လည်း ပြောချင်ပါတယ်။ ချင်းပြည်နယ်မှာ ပျော်စရာကောင်းတာတစ်ခုကဘယ်ကိုသွားသွား သီချင်းလေးတွေနဲ့ ကျွန်မတို့ကိုကြိုဆိုပါတယ်။ ချင်းတိုင်းရင်းသားတွေက အဆိုမှာ အင်မတန်တော်ပါတယ်။ သီချင်းဆိုတဲ့နေရာမှာ အသံတွေလည်းကောင်းတယ်၊ ဆိုလည်းဆိုတတ်ကြပါတယ်။ နေရာတိုင်းမှာ သီချင်းတွေဖွဲ့နွဲ့စပ်ဆိုကြတာ အင်မတန်မှ ကျွန်မတို့အတွက် နွေးထွေးမှုပြတယ်လို့ယုံကြည်ပါတယ်။

"ကျွန်မနိုင်ငံရေးလောကထဲကို ဝင်လာတာ ဘာလိုလိုနဲ့ နှစ် ၃၀ ကျော်သွားပြီ။ ဒီနှစ်၃၀ ကျော်အတွင်းမှာ ကျွန်မ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ရောက်ပါတယ်၊ တစ်တိုင်းပြည်လုံး နှံ့အောင် ရောက်ခဲ့ပါတယ်၊ အခုလို အစိုးရ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ခရီးသွားရ၊ လာရတာက အရင်တုန်းက ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ ခရီးသွားရတာလောက် ကျေနပ်စရာမကောင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ကျွန်မတို့ကားနဲ့သွားတဲ့အတွက် လမ်းမှာရပ်လို့ရတယ်။ ရွာတွေမှာ ရပ်လို့ရတယ်။ လမ်းကပြည်သူတွေနဲ့ ကားရပ်ပြီး စကားပြောလို့ရပါတယ်။ ချင်းပြည်နယ်ကို ၂၀၀၁ ခုနှစ်က လာတုန်းကဆိုရင် လမ်းမှာ လမ်းအလုပ်သမားတွေ၊ လမ်းဖောက်နေတဲ့ အလုပ်သမားတွေနဲ့ စကားရပ်ပြောလို့ရတယ်။ အဲဒီလိုထိတွေ့မှုရနိုင်တဲ့အခါကျတော့ တစ်နည်းအားဖြင့် ကျွန်မအတွက်ကျေနပ်စရာလို့မြင်ပါတယ်။ ပြည်သူတွေနဲ့ ပိုပြီးနီးနီးကပ်ကပ်နေနိုင်ခဲ့ပါတယ်။

"ကျွန်မတို့က ပြည်သူတွေကိုတွေ့ဆုံတယ်ဆိုရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်မတို့ နားထောင်ချင်လို့၊ ဒါတွေကို ကျွန်မတို့ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ။ စိုးရိမ်ပူပန်မှုတွေကို လျော့ကျသွားအောင်လို့ ကျွန်မတို့ဘယ်လိုလုပ်ပေးနိုင်မလဲ။ ဒီအဖြေတွေကို ကျွန်မတို့တစ်ချိန်လုံးပဲရှာရပါတယ်။ အဖြေတွေဟာ အမြဲပြီးသွားတယ်လို့ မရှိပါဘူး။ အမြဲရှာနေရပါတယ်။ တစ်နေ့ထက်တစ်နေ့ ကျွန်မတို့ အဖြေသစ်တွေကို ရှာနေရတယ်။ ဒါတွေဟာ နေ့စဉ်လုပ်နေရတဲ့အလုပ်ပါ။

"ကျွန်မအနေနဲ့ ကတိပေးချင်တာကတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ၊ ပြည်ထောင်စုသွေးချင်းများအားလုံးဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရှိသလို ထမ်းဆောင်သင့်တဲ့ တာဝန်တွေလည်းရှိပါတယ်။ ကိုယ်တိုင်လည်း ကိုယ့် တာဝန်ဟာဘာလဲ၊ ကိုယ့်အခွင့်အရေးဆိုတာဘာလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတစ်ဦးချင်းတစ်ဦးချင်းဟာ တာဝန်ကျေတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင် ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့စိုးစဉ်းမျှ စိုးရိမ်စရာ မရှိပါဘူး။တာဝန်ကျေတဲ့နိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဆိုတာ ဘယ်တော့မဆို ပြီးပြည့်စုံတဲ့ နိုင်ငံ၊ ခံနိုင်ရည်နဲ့ ရပ်တည်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။

ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ထန်တလန်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အကြိုညမီးပုံပွဲနှင့် ရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မီးပုံပွဲကို မီးရှူးတိုင်ဖြင့် ထွန်းညှိဖွင့်လှစ်ပေးသည်။ ထို့နောက် အခမ်းအနားတွင် ချင်းတိုင်းရင်းသူ အဆိုတော် အက်စတာဒေါ့သ်ချင်းဆုန်က ချင်းရိုးရာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ထန်တလန်၊ ပလက်ဝ၊ တီးတိန်၊မတူပီ၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနှင့် ဟားခါး ယဉ်ကျေးမှုအဖွဲ့များကချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

My Blog List