Thursday, February 20, 2020

တရုတ်ဗဟိုဘဏ်မှ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှု ထိန်းချုပ်ရန် ငွေစက္ကူများကို ဖျက်ဆီး

Image may contain: 1 person
တရုတ် ပြည်သူ့ဘဏ် ကွမ်ကျိုးဌာနခွဲက ကိုရိုနာဗိုင်းရပ်နှင့် ထိတွေ့မှု မြင့်မားသော နေရာများမှ စက္ကူငွေကြေးများအားလုံးကို ဖျက်ဆီးရေး ပြန်လည်ရုပ်သိမ်းရန် အမိန့်ပေးခဲ့သည်။ တိုင်းပြည်တွင် ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကို ထိန်းချုပ်ရေး အစိတ် အပိုင်းအနေဖြင့် ဆေးရုံများ၊ သားငါး ရောင်းချသည့် ဈေးများနှင့် ဘတ်စ်ကားများမှ ကောက်ခံ ရရှိသည့် ငွေစက္ကူအားလုံးကို ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်၏ ကွမ်ကျိုး ဌာနခွဲက ပြောကြားခဲ့သည်။
တောင်ပိုင်းမြို့တော် ကွမ်ကျိုးရှိ တရုတ် ပြည်သူ့ဘဏ် (PBOC) ဌာနခွဲမှ တာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်နှင့် ထိတွေ့မှု မြင့်မားသော နေရာများမှ စက္ကူငွေကြေးများအားလုံးကို ဖျက်ဆီးရေး အတွက် ပြန်လည်ရုပ်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးဆိုင်ရာ သတင်းဌာနတခု ဖြစ်သည့် Caixin က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။ပြည်နယ်တွင်းရှိ ကူးသန်းရောင်းဝယ်ရေး ဘဏ်များ အနေဖြင့် ထိုငွေစက္ကူများကို ဘေးဖယ်ထားပြီးနောက် ပိုးသတ်ကာ PBOC (ဗဟိုဘဏ်) သို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။

အဆိုပါ အမိန့်သည် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Fan Yifei က ဇန်နဝါရီလ ၁၇ ရက်မှ စတင်၍ တရုတ်နှစ်သစ်ကူး မတိုင်မီ ပေါ် ပေါက်ခဲ့သော ဗိုင်းရပ်၏ ဗဟို အချက်အချာတွင် ရှိသော ဝူဟန်သို့ ပေးပို့ခဲ့သည့် ယွမ် ၄ ဘီလျံ (အမေရိကန် ဒေါ်လာ ၅၇၂ သန်း) အပါအဝင် တိုင်းပြည်တဝန်းလုံးသို့ ငွေစက္ကူသစ် ယွမ် ၆၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၈၅.၆ ဘီလျံ) ဖြန့်ဝေခဲ့ပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့်ဆိုလျှင် ငွေစက္ကူများကို ပိုးသတ်ရန် မြင့်မားသော အပူချိန် သို့မဟုတ် ခရမ်းလွန်ရောင်ခြည်ကို သုံးပြီး ငွေစက္ကူကို လည်ပတ်ငွေထဲသို့ ပြန်လည် ထည့်သွင်းခြင်းမပြုမီ ၁၄ ရက်ကျော် သိမ်းဆည်းထားရမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။ဖေဖော်ဝါရီလ ၃ ရက်မှ ၁၃ ရက်အတွင်းတွင် ရှင်ကျန်းမှလွဲ၍ တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ယွမ် ၃ ဘီလျံနီးပါး ရှိသည့် ငွေစက္ကူများ ဖြည့်သွင်းပေးခဲ့ပြီး လည်ပတ်ငွေထဲမှ ယွမ် ၇.၈ ဘီလျံကို ပြန်လည်ထုတ်ယူခဲ့ကြောင်း PBOC က ပြောကြားခဲ့သည်။

ဘဏ်လုပ်ငန်းကဏ္ဍ အနေဖြင့် အစိုးရအေဂျင်စီများ၊ ရောဂါကာကွယ်တားဆီးရေးနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများနှင့် အခြားရှေ့တန်း ယူနစ်များ ငွေအလွှဲအပြောင်း ပြုလုပ်သည့် အကြိမ်အရေအတွက် ၁၂၄၉ ကြိမ်မှ တဆင့် ယွမ်သန်း ၂၇၀ (အမေရိကန်ဒေါ်လာ ၃၈.၆ သန်း) ကို ငွေသားဖြင့် ထုတ်ပေးခဲ့သည်ဟု Caixin သတင်းကဆိုသည်။ ငွေအလွှဲအပြောင်း ပြုလုပ်သည့် အကြိမ်အရေအတွက် ၆၁၈၆ မှတဆင့် ငွေသားထုတ်ယူမှုက ယွမ်သန်း ၈၀၀ ရှိသည်။

ဗဟိုဘဏ်များသည် ငွေစက္ကူအသစ်များနှင့် လဲလှယ်ပေးရန်အတွက် အကြွေစေ့များနှင့် ငွေစက္ကူဟောင်းများ ဖျက်ဆီးခြင်းကို ပုံမှန် ပြုလုပ်လေ့ရှိသည်။ ထိုသို့ ပြုလုပ်ခြင်းက ငွေကြေး လည်ပတ်မှုအပေါ် မထိခိုက်စေဘဲ ကောင်းစွာ အသုံးပြုနိုင်သော ငွေပမာဏကို ထိန်းသိမ်းရန် ပြုလုပ်ခြင်း ဖြစ်သည်။

Caixin က ကွမ်ကျိုးရှိ အကြီးစား အစုရှယ်ယာဘဏ် တခုမှ အမည်မဖော်လိုသူ လက်ထောက်အကြီးအကဲ တဦးကို ကိုးကား၍ ဖောက်သည်များသည် သူတို့၏ဘဏ်ခွဲများတွင် အပ်နှံထားသည့် ငွေစက္ကူများ၏ မူလအရင်းအမြစ်ကို အတည်ပြုရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။သို့သော်လည်း လက်တွေ့တွင် “ဒီလိုကိစ္စမျိုးကို လုံးဝ ထိရောက်အောင်လုပ်ဖို့ ခက်ခဲပါလိမ့်မယ်” ဟု အဆိုပါ ဘဏ်အရာရှိက ပြောသည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနှင့် ဆယ်စုနှစ် ၂ ခုနီးပါးအတွင်း နိုင်ငံ၏ အဆိုးရွားဆုံးသော ကျန်းမာရေးပြဿနာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းများအား ကူညီရန် တရုတ်နိုင်ငံက ဘဏ်များအတွက် အပိုရန်ပုံငွေများ ကတိပြုထားပြီး ဖြစ်သည်ဟုလည်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Fan Yifei က ပြောကြားခဲ့သည်။

စတုတ္ထ ၃ လပတ်တွင် ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ဖြစ်သည့် စီးပွားရေးတိုးတက်မှုက ဇန်နဝါရီလနှောင်းပိုင်းမှစတင်၍ ခန့်မှန်းခြေအားဖြင့် အလုပ်သမား သန်း ၅၀ က အိမ်ထဲတွင်သာ နေခဲ့ကြရခြင်းနှင့်အတူ အဝတ်အထည်နှင့် ကလေးကစားစရာများမှသည် အရေးကြီးသော ပစ္စည်းအစိတ်အပိုင်းများအထိ အရာရာတိုင်း၏ ထုတ်လုပ်မှုက ကျဆင်းခဲ့ရသောကြောင့် မတ်လတွင် ကုန်ဆုံးမည့် ပထမသုံးလပတ်အတွင်း ထပ်မံ ထိခိုက်ဖွယ်ရာရှိသည်။

နိုင်ငံခြားငွေ လဲလှယ်ရေး စီမံခန့်ခွဲမှုဌာနက ဇန်နဝါရီ ၂၇ မှဖေဖော်ဝါရီ ၁၂ ရက် အတွင်းတွင် ဟူပေပြည်နယ်သို့ နိုင်ငံခြားမှ တင်သွင်းမှု အကြိမ် ၇၀ (ဝယ်ယူမှု အများစုမှာ မျက်နှာဖုံးများ၊ ရောဂါပိုးကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများနှင့် ထုတ်လုပ်ရေး ပစ္စည်းများ) အပါအဝင် တရုတ်နိုင်ငံမှ နိုင်ငံခြားငွေ လွှဲပြောင်းမှု ၁၃၇၀ ကို လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် ကူညီပေးခဲ့သည်ဟု ပြောသည်။
Ref-the irrawaddy 
>>Zawgyi<<
တရုတ်ဗဟိုဘဏ်မှ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှု ထိန်းချုပ်ရန် ငွေစက္ကူများကို ဖျက်ဆီး
Thursday , February 20 , 2020

No comments:

Post a Comment

My Blog List