Wednesday, February 19, 2020

PPP ပါတီက NLDအတွက်ပြိုင်ဘက်‌ကောင်းဖြစ်မလာနိုင်ဘူးလို့ မုံရွာအောင်ရှင်ပြော

Image may contain: 1 person, closeup
PPP ပါတီက NLDပါတီအတွက်ပြိုင်ဘက်ဖြစ်မလာနိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို‌ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

"PPPပါတီကနိုင်ငံရေးမှာ NLDနဲ့ ပြိုင်ဘက်ပါတီဖြစ်လာမယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ပါတီက သူ့ရဲ့ပါတီဖွဲ့စည်းတဲ့ အချိန်ကာလကလည်း တိုတောင်းတယ်။ သူရဲ့မှုဝါဒက ပြည်သူလူထုအပေါ်မှာ ဘယ်လောက်အထိ စမ်းသပ်ခံနိုင်သလဲ။ ဘယ်လောက်အထိ အလုပ်အကျွေးပြုနိုင်သလဲဆိုတာ လူထုကသိမှဖြစ်မယ်။ သူတို့ဖွဲ့စည်းတာဘာမှမကြာသေးတော့ သူ့ရဲ့အနေအထားဘယ်လိုရှိတယ်ဆိုတာ မသိနိုင်သေးဘူး။ ကျွန်တော်တို့နဲ့ပြိုင်ဘက်မဖြစ်နိုင်ပါဘူး"ဟု၎င်းကပြောသည်။
လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် NLDပါတီအနေဖြင့် ၂၀၁၅ခုနှစ်က အနိုင်ရခဲ့သလို ထပ်မံအနိုင်ရမည်ဟုယုံကြည်ကြောင်း မုံရွာအောင်ရှင်က ထပ်မံပြောဆိုခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီ(ppp)ပါတီသည် ဗဟိုဦးစီးစနစ်နှင့်သွားမည့် ပါတီမဟုတ်သလို သြဇာတိက္ကမကြီးမား သည့် ခေါင်းဆောင်တစ်ယောက်ထဲကိုသာ အားကိုးသည့် ပါတီမဟုတ်ကြောင်း ဒေါက်တာသက်သက်ခိုင်၏ ပြောဆိုချက်အရသိရသည်။
ငှက်ခါး
The Speaker

No comments:

Post a Comment

My Blog List