Wednesday, February 19, 2020

အင်တာနက် စာမျက်နှာများမှတစ်ဆင့် ရရှိသည့်သတင်းများ မှန်ကန်မှု ရှိ/မရှိကိုလည်း စိစစ်အတည်ပြု အရေးယူဆောင်ရွက်လျက်ရှိ


No photo description available.
အင်တာနက် စာမျက်နှာများမှတစ်ဆင့် ရရှိသည့်သတင်းများ မှန်ကန်မှု ရှိ/မရှိကိုလည်း စိစစ်အတည်ပြု အရေးယူဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး(ခ) ဒေါ်မေစိုးက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ အများပြည်သူများ အလွယ်တကူ သိရှိဆက်သွယ် ဆောင်ရွက်နိုင်သော Complain Centre တစ်ခု ထူထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တိုင်ကြားချက်လက်ခံသည့် တိုင်စာ တယ်လီဖုန်း (၀၆၇-၃၄၁၂၄၄၄)၊ (၀၆၇-၃၄၁၂၂၂၂) တို့ကို ၂၄ နာရီဖွင့်လှစ်၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များအား Myanmar Police Force Website တွင် ဖော်ပြ၍လည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့် သတင်းပေးပို့ချက်များနှင့် နစ်နာသူများမှ ပေးပို့လာသည့် သီးခြားတိုင်ကြား ချက်များကို လက်ခံရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးများနှင့် တပ်ရင်း/တပ်ဖွဲ့များသို့ စိစစ်တင်ပြစေလျက်ရှိပါကြောင်း၊ တိုင်ကြားချက်များအပေါ်မူတည်၍ အချို့ကိစ္စရပ်များတွင် မှုခင်းတပ်ဖွဲ့အား သီးခြားတာဝန်ပေးအပ်၍လည်းကောင်း၊ အဖွဲ့ဖွဲ့၍ စစ်ဆေးစေခြင်းဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ရရှိသည့် သတင်းများ မှန်ကန်မှု ရှိ/မရှိကိုလည်း စိစစ်အတည်ပြု အရေးယူဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ တိုင်ကြားစာများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးများနှင့် တပ်ရင်း/တပ်ဖွဲ့များမှ စိစစ်တင်ပြလာမှုအရ ပေါ်ပေါက်ချက်များ အပေါ် မူတည်၍ တိုင်ကြားချက်မှန်ကန်ပါက တိုင်ကြားခံရသည့် တပ်ဖွဲ့ဝင်များအား ရဲစည်းကမ်း ထိန်းသိမ်း ရေးဥပဒေအရ အရေးယူခြင်း၊ စိစစ်ပေါ်ပေါက်မှု မရှိပါက တိုင်စာစစ်ဆေးသူ၊ သက်ဆိုင်ရာတာဝန်ရှိသူအရာရှိများမှ တိုင်ကြားသူများအား နားလည်သဘောပေါက်အောင် ခေါ်ယူတွေ့ဆုံရှင်းလင်းခြင်းများကို ဆောင်ရွက်စေ လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာကော်မတီများ၏ ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် တိုင်ကြားစာများကိုလည်း ဆောလျင်စွာ စိစစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အပေါ် မူတည် ၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ပြန်လည်ဖြေကြားခဲ့သည်။

The Ladies News
အင်တာနက် စာမျက်နှာများမှတစ်ဆင့် ရရှိသည့် သတင်းများ မှန်ကန်မှု ရှိ/မရှိကိုလည်း စိစစ်အတည်ပြု အရေးယူဆောင်ရွက်လျက်ရှိ
--- --- ---
အင်တာနက် စာမျက်နှာများမှတစ်ဆင့် ရရှိသည့် သတင်းများ မှန်ကန်မှု ရှိ/မရှိကိုလည်း စိစစ်အတည်ပြု အရေးယူဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး(ခ) ဒေါ်မေစိုးက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ အများပြည်သူများ အလွယ်တကူ သိရှိဆက်သွယ် ဆောင်ရွက်နိုင်သော Complain Centre တစ်ခု ထူထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တိုင်ကြားချက်လက်ခံသည့် တိုင်စာ တယ်လီဖုန်း (၀၆၇-၃၄၁၂၄၄၄)၊ (၀၆၇-၃၄၁၂၂၂၂) တို့ကို ၂၄ နာရီဖွင့်လှစ်၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များအား Myanmar Police Force Website တွင် ဖော်ပြ၍လည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့် သတင်းပေးပို့ချက်များနှင့် နစ်နာသူများမှ ပေးပို့လာသည့် သီးခြားတိုင်ကြား ချက်များကို လက်ခံရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးများနှင့် တပ်ရင်း/တပ်ဖွဲ့များသို့ စိစစ်တင်ပြစေလျက်ရှိပါကြောင်း၊ တိုင်ကြားချက်များအပေါ်မူတည်၍ အချို့ကိစ္စရပ်များတွင် မှုခင်းတပ်ဖွဲ့အား သီးခြားတာဝန်ပေးအပ်၍လည်းကောင်း၊ အဖွဲ့ဖွဲ့၍ စစ်ဆေးစေခြင်းဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ရရှိသည့် သတင်းများ မှန်ကန်မှု ရှိ/မရှိကိုလည်း စိစစ်အတည်ပြု အရေးယူဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ တိုင်ကြားစာများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးများနှင့် တပ်ရင်း/တပ်ဖွဲ့များမှ စိစစ်တင်ပြလာမှုအရ ပေါ်ပေါက်ချက်များ အပေါ် မူတည်၍ တိုင်ကြားချက်မှန်ကန်ပါက တိုင်ကြားခံရသည့် တပ်ဖွဲ့ဝင်များအား ရဲစည်းကမ်း ထိန်းသိမ်း ရေးဥပဒေအရ အရေးယူခြင်း၊ စိစစ်ပေါ်ပေါက်မှု မရှိပါက တိုင်စာစစ်ဆေးသူ၊ သက်ဆိုင်ရာတာဝန်ရှိသူအရာရှိများမှ တိုင်ကြားသူများအား နားလည်သဘောပေါက်အောင် ခေါ်ယူတွေ့ဆုံရှင်းလင်းခြင်းများကို ဆောင်ရွက်စေ လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာကော်မတီများ၏ ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် တိုင်ကြားစာများကိုလည်း ဆောလျင်စွာ စိစစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အပေါ် မူတည် ၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ပြန်လည်ဖြေကြားခဲ့သည်။

The Ladies News

No comments:

Post a Comment

My Blog List