Wednesday, February 19, 2020

ရဲတပ်ဖွဲ့ မမှန်မကန်လုပ်ပါက ပြည်သူအနေဖြင့် တိုင်စာပေးပို့နိုင်မည့် Complaint Centre တည်ထောင်ပေးနိုင်ခြင်း ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်း

Image may contain: 2 people, text

ပြည်သူလူထုအနေဖြင့် ရဲတပ်ဖွဲ့၏တိုင်ကြားစာပေးပို့နိုင်သော Complaint Centre တည်ထောင်၍ ထိန်းကျောင်းပေးနိုင်ခြင်းရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုးက ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၁၈ ရက်က မေးမြန်းခဲ့သည်။

"ရဲတပ်ဖွဲ့ကြီးတခုလုံးအပေါ် ပြည်သူလူထုက အထင်အမြင်သေးခြင်း၊ ရဲတပ်ဖွဲ့ကို အားကိုးအားထားပြုမှု တဖြည်းဖြည်းလျော့နည်းနေတာကို တွေ့ရှိရတာကြောင့် လက်ရှိအခြေအနေများကို ထိန်းသိမ်းကြပ်မတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဓိကယန္တရားဖြစ်သည့် တပ်ဖွဲ့အတွင်းမှာရော ပြည်သူလူထုအတွက်ပါ အားကိုးအားထားရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြစ်လာစေရန် ရဲတပ်ဖွဲ့သို့တိုင်ကြားစာပေးပို့နိုင်သော Complaint Centre တည်ထောင်၍ ထိန်းကျောင်းပေးနိုင်ခြင်းရှိ၊ မရှိနှင့် စပ်လျဉ်းသော ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်"ဟု ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုးက ပြောသည်။
တချို့သော ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှုအားနည်းခြင်းနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ မှားယွင်းဆောင်ရွက်နေမှုများကြောင့်လည်းကောင်း၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ချစားမှုကြောင့်လည်းကောင်း ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုလျော့နည်းလာကြောင်း ၎င်းကဆိုသည်။
ထို့အပြင် အချို့ ပြည်သူလူထု၏ ဥပဒေအသိပညာနည်းပါးမှုများနှင့် မဟုတ်မမှန်လုပ်ကြံရေးသားပြောဆိုမှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် အထင်အမြင်လွဲမှားပြီး ပြည်သူလူထု၏ မကျေနပ်သံများကို နေ့စဉ်နှင့်အမျှကြားသိနေရသည်ဟုလည်း ဒေါ်မေစိုးက ထည့်သွင်းပြောကြားသည်။
"တာဝန်ကျေသော ရဲတပ်ဖွဲ့ဝင်များရှိသလို ပြည်သူအားကိုးအားထားရန် ခေတ်နဲ့အညီအစွမ်းကုန်ကြိုးပမ်းအားထုတ်နေကြသောတပ်ဖွဲ့ကြီးကို ပြောင်းလဲစေသောသူများလည်း အများအပြားရှိပါတယ်။ ရဲတပ်ဖွဲ့တခုလုံးမကောင်းဟုပြောလို့မရသော်လည်း မကောင်းသူတချို့ပါဝင်နေမှုအပေါ် ရဲတပ်ဖွဲ့ကြီးအား ပြစ်တင်ရှုတ်ချနေခြင်းကလည်း တရားမျှတမှုမရှိပါ"ဟုလည်း ၎င်းက ပြောသည်။
ရဲတပ်ဖွဲ့ဝင်အတွင်း၌ဖြစ်စေ၊ ရဲတပ်ဖွဲ့ဝင်နှင့်ပြည်သူအတွင်း၌ဖြစ်စေ နစ်နာမှုမရှိစေရန် တိုင်ကြားစာများအပေါ် လက်ခံဖြေရှင်းနိုင်သည့်အဖွဲ့အစည်းတရပ် မရှိမဖြစ်လိုအပ်နေကြောင်းလည်း ၎င်းကတင်ပြသည်။
အဆိုပါမေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လာရောက်ဖြေဆိုခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပတ်သတ်သည့် တိုင်ကြားချက်များကို လက်ခံသည့်တယ်လီဖုန်းများမှ သတင်းရယူ၍လည်းကောင်း၊ မြန်မာ Police Force Website တွင်ဖော်ပြ၍ လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ အကောင့်များဖွင့်လှစ်၍ တနိုင်ငံလုံးသို့ DEO Account ၃၃၃ ခုအားထပ်မံခွဲထုတ်ပြီး သတင်းအချက်အလက်များရယူကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူများအပေါ် ဝန်ဆောင်မှုပေးခြင်း၊ ပြည်သူများနှင့်တိုက်ရိုက်ဆက်သွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက ဖြေကြားခဲ့သည်။
ဖူးအောင်
ရဲတပ်ဖွဲ့ မမှန်မကန်လုပ်ပါက ပြည်သူအနေဖြင့် တိုင်စာပေးပို့နိုင်မည့် Complaint Centre တည်ထောင်ပေးနိုင်ခြင်း ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်း
------ ------ ------ ----- -----

No comments:

Post a Comment

My Blog List