Tuesday, February 18, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၇၃ ယောက်၊ ကူးစက်သူ ၇၃၃၃၂ ယောက် ရှိလာ

Image may contain: one or more people, indoor and closeup
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၈၇၃ ယောက်နဲ့ ကူးစက်သူ ၇၃၃၃၂ ယောက် ရှိလာပြီလို့ worldometer ဝက်ဘ်ဆိုက်ရဲ့ ဒီနေ့မနက် ဖော်ပြချက်အရ သိရပါတယ်။

တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်ကတော့ ပြည်မကြီးမှာ တစ်ရက်အတွင်း သေဆုံးသူ ၉၈ ယောက် ရှိပြီး စုစုပေါင်း သေဆုံးသူ ၁၈၆၈ ယောက် ရှိသွားပြီလို့ ဒီနေ့မနက် ကြေညာထားပါတယ်။ သေဆုံးသူအများစုဟာ ဟူပေးပြည်နယ်မှာဖြစ် ပြီးတော့ ဟူပေးပြင်ပမှာ သေဆုံးသူ ငါးဦးရှိခဲ့ပါတယ်။
တစ်ရက်အတွင်း ကူးစက်သူ ၁၈၈၆ ယောက် ရှိခဲ့တာကြောင့် ဒီလအတွင်းမှာ ကူးစက်မှုအနည်းဆုံး ရက်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဟူပေးပြည်နယ် ပြင်ပမှာ ကူးစက်သူ ၇၉ ယောက်ပဲ ရှိခဲ့တာကြောင့် အခုလ ၄ ရက်နေ့တုန်းက အယောက် ၈၉၀ နဲ့ယှဉ်ရင် အများကြီး ကျဆင်းသွားတာဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ် အက်ဒါနွမ် ဂီဘရီယီးဆပ်ကတော့ ဒီဖြစ်ရပ်ကို အဓိပ္ပာယ်ပြန်ဆိုမှု မလွဲမှားစေဖို့ သတိပေးပါတယ်။ “လူတော်တော်များများ ကူးစက်ပြီးချိန်မှာ လမ်းကြောင်းတွေက ပြောင်းသွားနိုင်ပါတယ်။ ဒီ စာရင်းတွေအရ ကျဆင်းနေတယ်ဆိုပေမယ့် ဆက်ပြီး ကျဆင်းသွားမယ်လို့ ပြောဖို့ စောလွန်းပါသေးတယ်”လို့ သူက ဆိုပါ တယ်။
Source: AFP

No comments:

Post a Comment

My Blog List