Tuesday, February 18, 2020

ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းတွင် ဆေးရုံတစ်ရုံ ပျက်စီး

Image may contain: one or more people and outdoor, text that says 'one NEWS'
ရုရှားနဲ့ ဆီးရီးယား အစိုးရတွေက ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက ဒါရတ်အစ်ဇာမြို့ကို အခုလ ၁၇ ရက်နေ့တုန်းက လေ ကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆေးရုံတစ်ရုံ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့ပါတယ်။ တခြားဆေးရုံတစ်ရုံ လည်း ပိတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါရတ်အစ်ဇာမြို့ဟာ အလက်ပိုမြို့ရဲ့ မြောက်ဘက် တူရကီနယ်စပ်နားမှာ တည်ရှိတာပါ။ ဆီးရီးယားတပ်တွေဟာ အလက် ပို ပြည်နယ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက တစ်ခုလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ကျန်တဲ့ နေရာတွေကို ဆက်လက် တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဆီးရီးယားစစ်တပ်ကလည်း အလက်ပိုပြည်နယ် အနောက်မြောက်ဘက် အစွန်ပိုင်းက မြို့ပေါင်း တစ်ဒါဇင်ကျော်ကို သိမ်း နိုင်ခဲ့ပြီလို့ တနင်္လာနေ့က အတည်ပြုပါတယ်။ ပြီးတော့ စစ်သွေးကြွ သူပုန်တွေ ရှိတဲ့နေရာတိုင်းကို ရှင်းလင်းသုတ်သင်သွား မယ်လို့လည်း ပြောထားပါတယ်။
ဒီဇင်ဘာလက စတင်ခဲ့တဲ့ ဆီးရီးယား အစိုးရတပ်တွေရဲ့ ထိုးစစ်တွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၈၇၅၀၀၀ ကျော် တူရကီ နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့တုန်းက ထုတ်ပြန်ပါတယ်။ ဒါဟာ ကိုးနှစ်နီးပါး ကြာမြင့်တဲ့ ပြည်တွင်းစစ်ကာလအတွင်းမှာ စစ်ဘေးရှောင် အများဆုံး ပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လေးရက်အတွင်းမှာပဲ အလက်ပိုပြည်နယ်ထဲမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ လေးသောင်းကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ကုလ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ဆွမ်ဆန်က ဆိုပါတယ်။
Source: Reuters

No comments:

Post a Comment

My Blog List